အထူးငွေတိုက်စာချုပ် (Bond) ဆိုတာ အစိုးရတစ်ရပ်က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ လိုငွေ ရှိလာတဲ့အခါမှ အစိုးရက ပြည်သူ့ဆီက ခေတ္တချေးယူ တဲ့ စာချုပ်ပါပဲ လို့ အရိုးရှင်းဆုံးပြောရင် ရပါတယ်။ အဲ့တော့ ငွေချေးတယ်ဆိုတဲ့ သဘာဝအတိုင်း တခြားအစိုးရတွေကတော့ တနှစ်ကို ဘယ်လောက်ဆိုပြီး အတိုးသတ်မှတ်ပေးတယ်။
အခု NUG က ထုတ်ရောင်းမဲ့ အထူးငွေတိုက်စာချုပ်များ (Bond) ကတော့ တော်လှန်ရေး ကာလမို့ အတိုးပေးနိုင်မှာ မဟုတ်ပါဘူး။ ၂နှစ်ပြည့်သွားလို့ ရှိရင် ကိုယ်တိုင်ငွေပြန်ထုတ်လို့ရသလို၊ နောက်တယောက်ကို လက်ပြောင်းရောင်းချချင်ရင်လဲ နည်းဥပဒေအတိုင်း ဆောင်ရွက်လို့ရမှာပါ။ ၂ နှစ်အတွင်း လွှဲပြောင်းရောင်းချလို့မရသလို ငွေလဲ ပြန်ထုတ်လို့မရပါဘူး။
အထူးငွေတိုက်စာချုပ် (Bond) ကရတဲ့ငွေတွေနဲ့တော်လှန်ရေးမှာလိုအပ်တာတွေကို အသုံးပြုင်္ပြီး တော်လှန်ရေးအရှိန်ကို မြှင့်မှာပါ။ အရှိန်မြှင့်ပြီး မြန်မြန်လက်စသတ်မှသာ ပြည်သူတွေခံစားရတဲ့ ဒုက္ခတွေ မြန်မြန်ချုပ်ငြိမ်းမှာပါ။
ငွေတိုက်စာချုပ်ကို အမေရိကန်ဒေါ်လာ သန်း၁၀၀၀ အထိ ထုတ်ရောင်းမှာ ဖြစ်ပြီး၊ စရောင်းတဲ့ Day 1 ကနေ ၂ လအတွင်း သန်း၂၀၀ ဖိုးရောင်းနိုင်ရင် လုပ်လက်စအလုပ်တွေ အရှိန်အဟုန်ကောင်းအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအားလုံး အားထည့်ကြဖို့လိုပါတယိ။
အခွန်နဲ့ ငွေတိုက်စာချုပ်ဘာကွာလဲ
အခွန်ဆိုတာက နိုင်ငံသားတိုင်း အခွန်ဆောင်ရမဲ့ ဝင်ငွေပမာဏရရှိသူတိုင်း ဆောင်ရမှာဖြစ်တယ်။ ဒါကနိုင်ငံသားတိုင်း လုပ်ကို လုပ်ရမဲ့တာဝန်။ မလုပ်ရင် ဥပဒေအရ အရေးယူလို့ရတယ်။
ငွေတိုက်စာချုပ်က ဝယ်ချင်တဲ့လူဝယ်လို့ရတယ်။ မဝယ်လို့ ဘာဥပဒေနဲ့မှ အရေးယူလို့မရဘူး။ ဒါပေမဲ့ တော်လှန်ရေးအစိုးရရောင်းတဲ့ ငွေတိုက်စာချုပ်ကို ဝယ်ခြင်းအားဖြင့် တော်လှန်ရေးမှာ ဘယ်လောက်ထိ အလေးထားစိတ်ဝင်စားတယ်။
ဓမ္မဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့လူတွေ ဖြစ်တယ်ဆိုတာ ကမ္ဘာမှာ မှတ်ကျောက်တင်ခံနိုင်မဲ့ နိုင်ငံသားတွေ အဖြစ်သမိုင်းဝင်မယ်။ ဒါ့အပြင် မအလ တွေရဲ့ အသုံးမကျမှုကြောင့် မြန်မာငွေ တန်ဖိုးကျနေတာမို့ အမေရိကန်ဒေါ်လာနဲ့ရောင်းတဲ့ NUGရဲ့ ငွေတိုက်စာချုပ်ကို ဝယ်ထားခြင်းဖြင့် တော်လှန်ရေးမှာ အားထည့်နိုင်တဲ့အပြင် ကိုယ့် ပိုင်ဆိုင်မှုလဲ တန်ဖိုးလျှော့သွားစရာ မရှိဘူး။
ဝယ်မယ်ဆိုဘာလိုသလဲ
၂ နှစ်ပြည့်ရင် ကိုယ်ဝယ်ထားတဲ့ပမာဏကို တပြားမှမလျှော့ဘဲ ပြန်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် အမည်၊ မှတ်ပုံတင်အမှတ်နဲ့ အီးမေးလ် address လိုပါတယ်။ အချက်အလက်တွေ မပေါက်ကြားဖို့ data တွေ ထိန်းသိမ်းတဲ့ အဆင့်ဆင့်တွေကို အထပ်ထပ်အခါခါ စမ်းသပ်ပြင်ဆင်နေတာမို့ ၂၂ ရက်နေ့မှ စရောင်းနိုင်မှာပါ။ ကိုယ်တိုင်ထုတ်မပြောသ၍ တခြားလူ သိစရာ အကြောင်းမရှိပါဘူး။
ငွေတိုက်စာချုပ်၀ယ်ယူမည်ဆိုလျှင်
အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်၀ယ်ယူရန်အတွက် ပုံ(က)နှင့် ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် (၁) Order ID အမှတ် (၂) အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားဝင် ဘဏ်စာရင်း အမှတ်(၃) ငွေတိုက်စာချုပ်တန်ဖိုး ငွေပေးဆောင်ပြီးကြောင်း ပုံစံ (ခ) တွင် ပါဝင်သော အီးမေးလ် ကို support @ unitedbonds-nug. org မှ ပို့ပေးမည်ဖြစ်ပါသည်၊၊
ငွေတိုက်စာချုပ်၀ယ်ယူသူ၏ ဘဏ်စာရင်းမှ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ်စာရင်းသို့အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စံနစ် International Bank to Bank Transfer တမျိုးမျိုးဖြင့် ပေးပို့ရန်ဖြစ်ပါသည်။
ထိုအီးမေးလ် တွင် ဖော်ပြထားသော Order ID နံပါတ်ကို တိကျသေချာစွာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင်ဘဏ်စာရင်းသို့ ငွေလွှဲပေးပို့သည့်အခါတွင် ယင်း ID နံပါတ်အား ရည်ညွှန်းအမှတ် (Reference) အဖြစ် ထည့်ပေးရမည်ဖြစ်ပါသည်။
ငွေတိုက်စာချုပ်တန်ဖိုးငွေလွှဲပြီးသောအခါ
ငွေလွှဲပြီးကြောင်း ပုံစံ(ခ) ကို ဖြင့် မပျက်မကွက် ဖြည့်သွင်းရပါမည်။ ပုံစံ (ခ) ကိုဖြည့်သွင်းရာတွင်လိုအပ်သည့် အချက်အလက်များနှင့် မိမိငွေလွှဲထားသော အထောက်အထား များကို ချိတ်ဆက်ဖိုင် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ လက်ခံရရှိငွေကို စစ်ဆေးပြီးနောက် လူကြီးမင်း ၀ယ်ယူထားသော ငွေတိုက်စာချုပ်ကို (၁၄) ရက်အတွင်း ပြန်လည် ပို့ပေးမည်ဖြစ်ပါသည်၊၊ ၎င်းစာချုပ်သည် ငွေပြန်လည်ထုတ်ယူရန် လူကြီးမင်း၏ တစ်ခုတည်းသော သက်သေအထောက်အထားမှတ်တမ်းဖြစ်သည့်အတွက် သေချာစွာ သိမ်းဆည်းထားရန်လိုအပ်ပါသည်၊၊
ငွေလွှဲချိန်တွင်သိထားသင့်သည့်အချက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေလွှဲချိန်တွင် လူကြီးမင်း၏ဘဏ်မှ ကျသင့်သည့် ဘဏ်ဝန်ဆောင်ခများ (Bank Charges/ Service Fee) အား လူကြီးမင်းဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်၊၊ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၏ တရားဝင် ဘဏ်အကောင့်တွင် လက်ခံရရှိသည့် ငွေပမာဏ ကိုသာ ငွေတိုက်စာချုပ်တန်ဖိုးအဖြစ် သတ်မှတ်မည်ဖြစ်သည်၊၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေဝင်ရန် ရုံးချိန် ၁ ရက်မှ ၃ ရက်အထိကြာမြင့်နိုင်ပါသည်၊
Reference (သို့မဟုတ်) Purpose to transfer သို့မဟုတ် Message to beneficiary တွင် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့ထားသည့် (Order ID Number) မှလွဲ၍ အခြားမည်သည့်စကားလုံးမှ မရေးမိရန် သတိထားစေလိုပါသည်၊၊
ငွေလွှဲချိန်တွင် သက်ဆိုင်ရာနိုင်ငံနှင့် ဘဏ်များ၏ တည်ဆဲဥပဒေ စည်းမျဉ်းများပေါ်မူတည်ပြီး ဘဏ်များမှ လူကြီးမင်းအား စုံစမ်းမေးမြန်းမှုများ ရှိလာနိုင်ပါသဖြင့် ငွေပေးချေမှုအတွက် ကန့်သတ်ထားသည့် ငွေလွှဲပမာဏကို သတိပြုစေလိုပါသည်။ လူကြီးမင်း ပေးဆောင်မည့် ငွေပမာဏများပြားလျှင် အကြိမ်ရေခွဲပြီး ငွေလွှဲရန် အကြံပြုအပ်ပါသည်၊၊
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့သော အီးမေးလ် များ auto-reply @ unitedbonds- nug. org နှင့် support @ unitedbonds- nug. org ကို Junk သို့မဟုတ် ) Spam Folder ထဲသို့ရောက်ရှိနေနိုင်သဖြင့် ယင်း Folder များထဲတွင်လည်း စစ်ဆေးစေလိုပါသည်၊၊
ကိုယ်စားလှယ်မှတဆင့်ဝယ်ယူလိုသူများအတွက်လိုအပ်သောအချက်များ
ငွေလွှဲပြီးသောအခါတွင် ကိုယ်စားလှယ်၀ယ်ယူပေးမည့်သူသည် စာချုပ်တန်ဖိုးငွေကို ပေးဆောင်ပြီးကြောင်း ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။
ပုံစံ(ခ) ကို ဖြည့်သွင်းချိန်တွင် “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူများ၏ အချက်အလက်များကို တစ်ဦးချင်းစီအတွက် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးပို့ရန် လိုအပ်ပါသည်။ ဥပမာ – စုပေါင်း၀ယ်ယူသူ ၃ ဦးဖြစ်လျှင် ပုံစံ(ခ) ကို (Order ID နံပါတ်) တစ်ခုတည်းကိုသာ အသုံးပြု၍ “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူ(၁)၊ ၀ယ်ယူသူ(၂)၊ ၀ယ်ယူသူ(၃) ဟု ၃ယောက်စာ ဖြည့်သွင်းကာ ပေးပို့ရပါမည်။
၀ယ်ယူသူတစ်ဦးစီအတွက် ငွေတိုက်စာချုပ်တစ်ခုစီ သီးသန့်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်ဖြင့်ဝယ်ယူသည့် ပုံစံ(ခ)စာရင်းတွင်ပါဝင်သော ငွေပမာဏနှင့် အမျိုးသားညီညွတ်ရေး အစိုးရဘဏ်တွင် လက်ခံရရှိသည့် ငွေပမာဏ မတူညီလျှင် အမှတ်တကယ်လက်ခံရရှိသည့် ငွေပမာဏအတွက်သာ ထုတ်ပေးသွားမည်ဖြစ်သည်၊၊
ရောင်းမဲ့ ငွေတိုက်စာချုပ်အမျိုးအစားက ၄ မျိုးပါ
USD 100, USD 500, USD 1000 နဲ့ USD 5000 ပါ။ နိုင်ငံခြားက လူတွေကတော့ လွယ်ကူစွာ တိုက်ရိုက်ဝယ်နိုင်မှာ ဖြစ်ပြီး ပြည်တွင်းက လူတွေကတော့ နိုင်ငံခြားက မိတ်ဆွေတွေက တဆင့်ဝယ်နိုင်သလို ဝေဖာဝယ်ခဲ့တုန်းက လို မိတ်ဆွေတွေကနေတဆင့်လဲ ဝယ်နိုင်ပါတယ်။
ဘယ်လောက် တန်ပဲဝယ်ဝယ် NUG ရဲ့ ဘဏ်စာရင်းထဲကို အရောက်လွှဲရတာမို့ ငွေလွှဲခက တခါလွဲရင် USD 15 လောက် ကျပါတယ်။ အဲ့တော့ USD 100 တန် ဝယ်မယ်ဆိုရင် ငွေလွှဲခနဲ့ စုစုပေါင်း USD 115 လောက် ကျမှာပေါ့ရှင်။ USD 5000 တန်ဝယ်လဲ တကြိမ်သာလွှဲရတာမို့ USD 15 ပါပဲ။ အဲ့တော့ USD 5015 ကျမှာပေါ့နော်။
မြန်မာငွေနဲ့ဝယ်မဲ့လူတွေကတော့ ဝယ်မဲ့နေ့ရဲ့ ဒေါ်လာပေါက်ဈေးပေါ်မှာ မူတည်ပြီး လွှဲကြ ဝယ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ ဒီအနီရောင်ချယ် လွတ်မြောက်နယ်မြေတွေ အမြန်ဆုံးပေါ်လာမှာမို့ပါ။
၂၂-၁၁-၂၀၂၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက စရောင်းမယ့် ငွေတိုက်စာချုပ်တွေကို… https://www.unitedbonds-nug.org မှာဝင်ရောက်ကြည့်ရှု၍ စတင် ဝယ်ယူနိုင်ပါပြီ။
Source – Newsalpha24
Be the first to comment on "NUG ၏ငွေတိုက်စာချုပ် ဝယ်ယူရန်အတွက် သိထားသင့်သောအချက်များ"