ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့်စစ်ကိုင်းတိုင်းရင်းသားလူမျိုးများအားလိမ္မာကြဖို့ မင်းအောင်လှိုင် ဆုံးမစကားပြောကြား

ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့်စစ်ကိုင်းတိုင်းရင်းသားလူမျိုးများအားလိမ္မာကြဖို့ မင်းအောင်လှိုင် ဆုံးမစကားပြောကြား

စစ်ကိုင်းတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့် စစ်​ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ ခဲ့ကြပါသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် စစ်ကိုင်း ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအပတ်စဥ် ၄ ၊ သင်တန်းဆင်းမယ့်ကျောင်းသူကျောင်းသားတွေနဲ့ စစ်​ကောင်စီ ဥက္ကဋ္ဌ မင်း​အောင်လှိုင် ယမန်​နေ့က​တွေ့ဆုံခဲ့​ကြောင်း သိရသည်။

သင်တန်းဆင်းအရေအတွက်က ၂၇၂ ယောက် ရှိသည့်အနက် ၇၂ ယောက်က နေပြည်တော်က ငုရွှေဝါခန်းမမှာ မနေ့က တွေ့တာ ဖြစ်ပြီး ကျန်တဲ့၂၀၀ က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနဲ့ ပင်လုံခန်းမတွေကနေ video conferencing နဲ့တက်တာ ဖြစ်​ကြောင်းသိရသည်။

တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊

ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် ဖြစ်တယ်လို့ အဆို​တွေဆုံပွဲမှာ စစ်​ကောင်စီ ဥက္ကဋ္ဌ မင်း​အောင်လှိုင်က ​ပြောကြားခဲ့​ကြောင်းလည်း သိရသည်။

ပညာရေးဘွဲ့၅နှစ်သင်တန်း အပတ်စဥ် ၄ မှာ သင်တန်းသားစုစုပေါင်း ၃၀၂ ယောက်ရှိတဲ့အနက် ၂၇၂ ယောက် က ကျောင်းတက်နေပြီး ယခု နိုဝင်ဘာလနှောင်းပိုင်း မှာ ဘွဲ့ရမှာဖြစ်ပါသည်။

ဘွဲ့ယူပြီးရင် ကိုယ့်မြို့နယ်တွေမှာ အထက်တန်းပြ ရာထူးနဲ့ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါသည်။

ကချင်ပြည်နယ်က ကျောင်းသား ​ကျောင်း သူ ၁၆ ဦးရှိတဲ့အနက် ၁၆ ယောက်လုံးသွားတက်တာလို့လည်း သိရှိရပါသည်။

———–

ဖြံ႕ၿဖိဳးေရးတကၠသိုလ္ ​ေက်ာင္းသားမ်ားႏွင့္စစ္ကိုင္းတိုင္းရင္းသားလူမ်ိဳးမ်ားအားလိမၼာၾကဖို႔ မင္းေအာင္လႈိင္ ဆုံးမစကားေျပာၾကား

စစ္ကိုင္းတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ ​ေက်ာင္းသားမ်ားႏွင့္ စစ္​ေကာင္စီ ဥကၠ႒ ေတြ႕ဆုံ ခဲ့ၾကပါသည္။

ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရးတကၠသိုလ္ စစ္ကိုင္း ပညာေရးဘြဲ႕ ၅ ႏွစ္သင္တန္းအပတ္စဥ္ ၄ ၊ သင္တန္းဆင္းမယ့္ေက်ာင္းသူေက်ာင္းသားေတြနဲ႔ စစ္​ေကာင္စီ ဥကၠ႒ မင္း​ေအာင္လႈိင္ ယမန္​ေန႔က​ေတြ႕ဆုံခဲ့​ေၾကာင္း သိရသည္။

သင္တန္းဆင္းအေရအတြက္က ၂၇၂ ေယာက္ ရွိသည့္အနက္ ၇၂ ေယာက္က ေနျပည္ေတာ္က ငုေ႐ႊဝါခန္းမမွာ မေန႔က ေတြ႕တာ ျဖစ္ၿပီး က်န္တဲ့၂၀၀ က တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမနဲ႔ ပင္လုံခန္းမေတြကေန video conferencing နဲ႔တက္တာ ျဖစ္​ေၾကာင္းသိရသည္။

တကၠသိုလ္၏ ရည္႐ြယ္ခ်က္မွာ ျပည္ေထာင္စု တိုင္းရင္းသားလူငယ္မ်ားသည္ ပညာရွာမွီးရင္း တိုင္းရင္းသားအခ်င္းခ်င္း ပိုမိုစည္းလုံးခ်စ္ခင္လ်က္ ျပည္ေထာင္စုစိတ္ဓာတ္ ခိုင္ၿမဲသည့္ လူငယ္မ်ားျဖစ္လာေစရန္၊

ပါတီႏိုင္ငံေရးကင္းစင္ၿပီး စာရိတၱႏွင့္ကိုယ္က်င့္တရား ေကာင္းမြန္ေသာ ပညာေရးဝန္ထမ္းေကာင္းမ်ား ေမြးထုတ္ေပးရန္ ျဖစ္တယ္လို႔ အဆို​ေတြဆုံပြဲမွာ စစ္​ေကာင္စီ ဥကၠ႒ မင္း​ေအာင္လႈိင္က ​ေျပာၾကားခဲ့​ေၾကာင္းလည္း သိရသည္။

ပညာေရးဘြဲ႕၅ႏွစ္သင္တန္း အပတ္စဥ္ ၄ မွာ သင္တန္းသားစုစုေပါင္း ၃၀၂ ေယာက္ရွိတဲ့အနက္ ၂၇၂ ေယာက္ က ေက်ာင္းတက္ေနၿပီး ယခု ႏိုဝင္ဘာလေႏွာင္းပိုင္း မွာ ဘြဲ႕ရမွာျဖစ္ပါသည္။

ဘြဲ႕ယူၿပီးရင္ ကိုယ့္ၿမိဳ႕နယ္ေတြမွာ အထက္တန္းျပ ရာထူးနဲ႔ တာဝန္ထမ္းေဆာင္ၾကမွာျဖစ္ပါသည္။

ကခ်င္ျပည္နယ္က ေက်ာင္းသား ​ေက်ာင္း သူ ၁၆ ဦးရွိတဲ့အနက္ ၁၆ ေယာက္လုံးသြားတက္တာလို႔လည္း သိရွိရပါသည္။

Be the first to comment on "ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့်စစ်ကိုင်းတိုင်းရင်းသားလူမျိုးများအားလိမ္မာကြဖို့ မင်းအောင်လှိုင် ဆုံးမစကားပြောကြား"

Leave a comment

Your email address will not be published.


*