“တို့ပြည်သူတွေ ညီရဲ့လားဟေ့ … ညီတယ်ဟေ့ ညီတယ်ဟေ့” ဆိုပြီး ကတိပေးထားကြတာမို့ မတည်ရင် လိမ်ခဲ့တဲ့စကား ဖြစ်သွားလိမ့်မယ်ဆိုတဲ့ ပန်ဆယ်လို
NUG Bond ကို ဝယ်ကြပါ။ NUG Bond ဟာ တော်လှန်ရေးအတွက် အပြောင်းအလဲ ဖြစ်လာစေနိုင်တာမို့ အရေးကြီးပါတယ်။
NUG ဟာ ဒေါ်လာသန်း၁၀၀၀ ဖိုး Bond ရောင်းချမှာပါ။ ပြည်သူ သန်း၅၀ နဲ့တွက်ရင် တစ်ယောက်ကို ဒေါ်လာ၂၀ ဖိုးဝယ်ရပါမယ်လို့ အကြမ်းဖျင်း တွက်လို့ရတယ်။
ဒါဆို $20 ဖိုးပဲ ဝယ်မယ်လေလို့ တွေးလိုက်လို့ မရပါဘူး။ သန်း၅၀ မှာ မဝယ်နိုင်တဲ့သူတွေ၊ ဝယ်ဖို့ လက်လှမ်းမမှီသူတွေ၊ တမင်မဝယ်သူတွေ အများကြီး ရှိနေနိုင်ပါတယ်။ တကယ်လှူနေသူတွေ၊ လှူနိုင်သူတွေက သန်း၅၀ မှာ ၁၀ သန်းပြည့်ဖို့ ခက်ပါတယ်။
$100 ဖိုး နိုင်သူက $100 ဖိုး၊ $1000 ဖို့ နိုင်သူက $1000 ဖိုး၊ $5000 ဖိုးနိုင်သူက $5000 ဖိုး၊ $10000 ဖိုးနိုင်သူက $10000 ဖိုး၊ ယုတ်စွဆုံး $20 ဖိုးပဲနိုင်ရင် သူငယ်ချင်း ၅ယောက်စုပြီး ဝယ်ပေးကြပါ။
ဘာလုပ်မယ့်ပိုက်ဆံဆိုတာ အားလုံးသိမှာပါ။ ငါတို့အနာဂတ်တွေကို ပြန်ရဖို့ ရင်းနှီးမြှုပ်နှံမှုလို့ မှတ်ယူကြပါ။အရေးတော်ပုံအောင်တာနဲ့ အနာဂတ်နဲ့အတူ ငွေပါ ပြန်ရမှာမို့ ဝင်ရင်းကြပါ။
အသက်တွေ ဘဝတွေ ရင်းထားသူတွေအတွက် ငွေလေးပဲ ရင်းရတာ နောက်တွန့်ရင် တို့ပြည်သူတွေ ညီရဲ့လားဟေ့… ညီတယ်ဟေ့ ညီတယ်ဟေ့ဆိုတာ လိမ်ခဲ့တဲ့စကား ဖြစ်သွားလိမ့်မယ်။
ငါတို့က ကတိပေးထားကြတာ မဟုတ်လား။
ပန်ဆယ်လို
———-
“တို႔ျပည္သူေတြ ညီရဲ႕လားေဟ့ … ညီတယ္ေဟ့ ညီတယ္ေဟ့” ဆိုျပီး ကတိေပးထားၾကတာမို့ မတည္ရင္ လိမ္ခဲ့တဲ့စကား ျဖစ္သြားလိမ့္မယ္ဆိုတဲ့ ပန္ဆယ္လို
NUG Bond ကို ဝယ္ၾကပါ။ NUG Bond ဟာ ေတာ္လွန္ေရးအတြက္ အေျပာင္းအလဲ ျဖစ္လာေစႏိုင္တာမို႔ အေရးႀကီးပါတယ္။
NUG ဟာ ေဒၚလာသန္း၁၀၀၀ ဖိုး Bond ေရာင္းခ်မွာပါ။ ျပည္သူ သန္း၅၀ နဲ႔တြက္ရင္ တစ္ေယာက္ကို ေဒၚလာ၂၀ ဖိုးဝယ္ရပါမယ္လို႔ အၾကမ္းဖ်င္း တြက္လို႔ရတယ္။
ဒါဆို $20 ဖိုးပဲ ဝယ္မယ္ေလလို႔ ေတြးလိုက္လို႔ မရပါဘူး။ သန္း၅၀ မွာ မဝယ္ႏိုင္တဲ့သူေတြ၊ ဝယ္ဖို႔ လက္လွမ္းမမွီသူေတြ၊ တမင္မဝယ္သူေတြ အမ်ားႀကီး ရွိေနႏိုင္ပါတယ္။ တကယ္လႉေနသူေတြ၊ လႉႏိုင္သူေတြက သန္း၅၀ မွာ ၁၀ သန္းျပည့္ဖို႔ ခက္ပါတယ္။
$100 ဖိုး ႏိုင္သူက $100 ဖိုး၊ $1000 ဖို႔ ႏိုင္သူက $1000 ဖိုး၊ $5000 ဖိုးႏိုင္သူက $5000 ဖိုး၊ $10000 ဖိုးႏိုင္သူက $10000 ဖိုး၊ ယုတ္စြဆုံး $20 ဖိုးပဲႏိုင္ရင္ သူငယ္ခ်င္း ၅ေယာက္စုၿပီး ဝယ္ေပးၾကပါ။
ဘာလုပ္မယ့္ပိုက္ဆံဆိုတာ အားလုံးသိမွာပါ။ ငါတို႔အနာဂတ္ေတြကို ျပန္ရဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈလို႔ မွတ္ယူၾကပါ။အေရးေတာ္ပုံေအာင္တာနဲ႔ အနာဂတ္နဲ႔အတူ ေငြပါ ျပန္ရမွာမို႔ ဝင္ရင္းၾကပါ။
အသက္ေတြ ဘဝေတြ ရင္းထားသူေတြအတြက္ ေငြေလးပဲ ရင္းရတာ ေနာက္တြန္႔ရင္ တို႔ျပည္သူေတြ ညီရဲ႕လားေဟ့… ညီတယ္ေဟ့ ညီတယ္ေဟ့ဆိုတာ လိမ္ခဲ့တဲ့စကား ျဖစ္သြားလိမ့္မယ္။
ငါတို႔က ကတိေပးထားၾကတာ မဟုတ္လား။
ပန္ဆယ္လို
Be the first to comment on "ကတိပေးထားကြတာမို့ မတည်ရင် လိမ်ခဲ့တဲ့စကား ဖြစ်သွားလိမ့်မယ်ဆိုတဲ့ ပန်ဆယ်လို"