နောက်ထပ် ဒေါ်လာငွေအတု သန်း ၃၀ နှင့်အတူ ထုတ်လုပ်သည့်စက်ရုံပါ ထပ်မံခြေရာခံဖမ်းဆီးနိုင်ခဲ့တဲ့ ထိုင်း ရဲတပ်ဖွဲ့

နောက်ထပ် ဒေါ်လာငွေအတု သန်း ၃၀ နှင့်အတူ ထုတ်လုပ်သည့်စက်ရုံပါ ထပ်မံခြေရာခံဖမ်းဆီးနိုင်ခဲ့တဲ့ ထိုင်း ရဲတပ်ဖွဲ့

နိုဝင်ဘာလ ၁၈ ရက်နေ့ ၁၁:၃၅ ချိန်က ထိုင်းနိုင်ငံ PCT ရဲတပ်ဖွဲ့မှ အသွင်သဏ္ဍန်ယူကာ အမေရိကန်ဒေါ်လာငွေအတုဝယ်ယူရန် ဖျားယောင်းပြီး

ငွေတုထုတ်လုပ်လုပ်သည့်ဂိုဏ်အဖွဲ့အားဖော်ထုတ်ရာ US $ ငွေ ၁၀၀ တန်(2006A)အရွက်ရေ ၁ သောင်းနဲ့အတူထပ်မံဖမ်းဆီးရမိပြီး ဖက်ချဘူရီမြို့တွင်ငွေတုထုတ်လုပ်တဲ့ စက်တွေကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ထိုင်းရဲချုပ်ရုံးသတင်းရှင်းလင်းပွဲ၌ အမေရိန်သန်ရုံးမှUS Secret Serviceတာဝန်ခံ MR. Christopher Rohdeလည်းတက်ရောက်ခဲ့ပြီးနောက်ထပ်ကျန်ရှိနေသေးတဲ့ ကွင်းဆက်တွေကိုထပ်မံဖော်ထုတ်ပေးဘို့ပြောကြားသွားပါတယ်။

တရားခံရဲ့ထွက်ဆိုချက်အရ တစ်ခါတစ်ရံမှာ ဘဏ်တွေမှာ လဲလှယ်ရောင်းချခဲ့ပြီး တစ်ခါတစ်ရံမှာ မှောင်ခိုစျေးကွက်မှာလည်း ရောင်းချခဲ့တယ်လို့ထွက်ဆိုထားပါတယ်။

————-

ေနာက္ထပ္ ေဒၚလာေငြအတု သန္း ၃၀ ႏွင့္အတူ ထုတ္လုပ္သည့္စက္႐ုံပါ ထပ္မံေျခရာခံဖမ္းဆီးႏိုင္ခဲ့တဲ့ ထိုင္း ရဲတပ္ဖြဲ႕

ႏိုဝင္ဘာလ ၁၈ ရက္ေန႔ ၁၁:၃၅ ခ်ိန္က ထိုင္းႏိုင္ငံ PCT ရဲတပ္ဖြဲ႕မွ အသြင္သ႑န္ယူကာ အေမရိကန္ေဒၚလာေငြအတုဝယ္ယူရန္ ဖ်ားေယာင္းၿပီး

ေငြတုထုတ္လုပ္လုပ္သည့္ဂိုဏ္အဖြဲ႕အားေဖာ္ထုတ္ရာ US $ ေငြ ၁၀၀ တန္(2006A)အ႐ြက္ေရ ၁ ေသာင္းနဲ႔အတူထပ္မံဖမ္းဆီးရမိၿပီး ဖက္ခ်ဘူရီၿမိဳ႕တြင္ေငြတုထုတ္လုပ္တဲ့ စက္ေတြကိုထပ္မံဖမ္းဆီးရမိခဲ့တယ္လို႔သိရပါတယ္။

ထိုင္းရဲခ်ဳပ္႐ုံးသတင္းရွင္းလင္းပြဲ၌ အေမရိန္သန္႐ုံးမွUS Secret Serviceတာဝန္ခံ MR. Christopher Rohdeလည္းတက္ေရာက္ခဲ့ၿပီးေနာက္ထပ္က်န္ရွိေနေသးတဲ့ ကြင္းဆက္ေတြကိုထပ္မံေဖာ္ထုတ္ေပးဘို႔ေျပာၾကားသြားပါတယ္။

တရားခံရဲ႕ထြက္ဆိုခ်က္အရ တစ္ခါတစ္ရံမွာ ဘဏ္ေတြမွာ လဲလွယ္ေရာင္းခ်ခဲ့ၿပီး တစ္ခါတစ္ရံမွာ ေမွာင္ခိုေစ်းကြက္မွာလည္း ေရာင္းခ်ခဲ့တယ္လို႔ထြက္ဆိုထားပါတယ္။

Be the first to comment on "နောက်ထပ် ဒေါ်လာငွေအတု သန်း ၃၀ နှင့်အတူ ထုတ်လုပ်သည့်စက်ရုံပါ ထပ်မံခြေရာခံဖမ်းဆီးနိုင်ခဲ့တဲ့ ထိုင်း ရဲတပ်ဖွဲ့"

Leave a comment

Your email address will not be published.


*