အမေရိကန်ဒုသမ္မတဟာ သမ္မတအာဏာ ယာယီလွှဲပြောင်းယူမယ့် ပထမဆုံး အမျိုးသမီးဖြစ်လာ

အမေရိကန်ဒုသမ္မတဟာ သမ္မတအာဏာ ယာယီလွှဲပြောင်းယူမယ့် ပထမဆုံး အမျိုးသမီးဖြစ်လာ

အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟာရစ်က သမ္မတအာဏာ ယာယီလွှဲပြောင်းအပ်နှင်းခံရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာမယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပုံမှန်ကျန်းမာရေးစစ်ဆေး ခံယူနေစဥ်အတွင်း ဒုသမ္မတဖြစ်တဲ့ ဟာရစ်ကို သမ္မတအာဏာ ယာယီလွှဲပြောင်းပေးထားမယ်လို့ သိရပါတယ်။

အခု ကျန်းမာရေးစစ်ဆေးမှုဟာ ဘိုင်ဒန်အနေနဲ့ သမ္မတအဖြစ် ပထမဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးမှုလည်းဖြစ်ပြီး ၎င်းရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့မတိုင်မီ ပြုလုပ်တာဖြစ်ပါတယ်။

သမ္မတအာဏာ လွှဲပြောင်းအပ်နှင်းခံရမယ့် ဟာရစ်ဟာ အမေရိကန်ရဲ့ စစ်တပ်နဲ့ နျူကလီးယားလက်နက်တွေကို ယာယီ ထိန်းချုပ်သွားမယ်လို့ သိရပါတယ်။

“ဒုတိယသမ္မတက ဒီအချိန်ကာလအတွင်း West Wing မှာရှိတဲ့ သူမရဲ့ရုံးခန်းကနေ အလုပ်လုပ်သွားမှာပါ” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဂျန် ပက်စကီက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဟာရစ်ဟာ ပထမဆုံး အာရှအမေရိကန်နဲ့ အာဖရိကန်အမေရိကန် အမျိုးသမီး ဒုတိယသမ္မတတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။

အခုလို အခြေအနေမှာ သမ္မတအာဏာ ယာယီလွှဲပြောင်းမှုဟာ မကြုံစဖူးအဖြစ် မဟုတ်ကြောင်းနဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဥ်အစိတ်အပိုင်းဖြစ်ကြောင်း ဂျန် ပက်စကီက ဆိုပါတယ်။

ပုံစာ- အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ကမ်မလာဟာရစ်

Mercury_Media

———-

အေမရိကန္ဒုသမၼတဟာ သမၼတအာဏာ ယာယီလႊဲေျပာင္းယူမယ့္ ပထမဆုံး အမ်ိဳးသမီးျဖစ္လာ

အေမရိကန္ဒုတိယသမၼတ ကမ္မလာဟာရစ္က သမၼတအာဏာ ယာယီလႊဲေျပာင္းအပ္ႏွင္းခံရတဲ့ ပထမဆုံး အမ်ိဳးသမီးျဖစ္လာမယ္လို႔ သိရပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ပုံမွန္က်န္းမာေရးစစ္ေဆး ခံယူေနစဥ္အတြင္း ဒုသမၼတျဖစ္တဲ့ ဟာရစ္ကို သမၼတအာဏာ ယာယီလႊဲေျပာင္းေပးထားမယ္လို႔ သိရပါတယ္။

အခု က်န္းမာေရးစစ္ေဆးမႈဟာ ဘိုင္ဒန္အေနနဲ႔ သမၼတအျဖစ္ ပထမဆုံးအႀကိမ္ က်န္းမာေရးစစ္ေဆးမႈလည္းျဖစ္ၿပီး ၎ရဲ႕ အသက္ ၇၉ ႏွစ္ျပည့္ ေမြးေန႔မတိုင္မီ ျပဳလုပ္တာျဖစ္ပါတယ္။

သမၼတအာဏာ လႊဲေျပာင္းအပ္ႏွင္းခံရမယ့္ ဟာရစ္ဟာ အေမရိကန္ရဲ႕ စစ္တပ္နဲ႔ န်ဴကလီးယားလက္နက္ေတြကို ယာယီ ထိန္းခ်ဳပ္သြားမယ္လို႔ သိရပါတယ္။

“ဒုတိယသမၼတက ဒီအခ်ိန္ကာလအတြင္း West Wing မွာရွိတဲ့ သူမရဲ႕႐ုံးခန္းကေန အလုပ္လုပ္သြားမွာပါ” လို႔ အိမ္ျဖဴေတာ္ သတင္းထုတ္ျပန္ေရး အႀကီးအကဲ ဂ်န္ ပက္စကီက ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဟာရစ္ဟာ ပထမဆုံး အာရွအေမရိကန္နဲ႔ အာဖရိကန္အေမရိကန္ အမ်ိဳးသမီး ဒုတိယသမၼတတစ္ဦးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့သူ ျဖစ္ပါတယ္။

အခုလို အေျခအေနမွာ သမၼတအာဏာ ယာယီလႊဲေျပာင္းမႈဟာ မႀကဳံစဖူးအျဖစ္ မဟုတ္ေၾကာင္းနဲ႔ အေမရိကန္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပဌာန္းထားတဲ့ လုပ္ငန္းစဥ္အစိတ္အပိုင္းျဖစ္ေၾကာင္း ဂ်န္ ပက္စကီက ဆိုပါတယ္။

ပုံစာ- အေမရိကန္ျပည္ေထာင္စု ဒုတိယသမၼတ ကမ္မလာဟာရစ္

Mercury_Media

Be the first to comment on "အမေရိကန်ဒုသမ္မတဟာ သမ္မတအာဏာ ယာယီလွှဲပြောင်းယူမယ့် ပထမဆုံး အမျိုးသမီးဖြစ်လာ"

Leave a comment

Your email address will not be published.


*