ကားမောင်းသင်ခါစသူများ (သို့) ကားမောင်းတတ်ခါစ သူများအတွက် Manual Gear အခြေခံမောင်းနှင်နည်း

ကားေ မာင်း သင်ခါစသူများ (သို့) ကားမော င်းတတ်ခါစ သူများအတွက် ဗဟုသုတနဲ့ အခြေခံနားလည်ရန် ရည်ရွယ်တာ ဖြစ်ပါတယ်။

Manual gear ကား များတွင် ခြေနင်း ၃ ခု ပါဝ င်ပါသည်။ ညာဘက် အစွန်သည် Accelerator Pedal (လီဗာ)၊ အလယ်သည် ဘရိတ်၊ ဘယ်ဘက်ကတော့ ကလပ်ပဲ ဖြ စ်ပါတယ်။

ဘရိတ်နဲ့ လီဗာကို ညာခြေဖြင့် သုံးရမည်ဖြစ်ပြီး ကလပ်ကိုဘယ်ခြေဖြင့် သုံးရမည်။လီဗာကို ကား အရှိန်မြှ င့်ရန်၊ ဘရိတ် ကို အရှိန်လျှော့ရန် ကလပ်ကို Gear Free ပြုလုပ်ရန် သုံးရပါမည်။

ဂီယာဝင်နေ မဝင်နေ အား စမ်းသ ပ်ပုံမှာ ကလပ်ကိုန င်း၍ ဂီယာ တံကို ဘယ်ညာ လှုပ် ရမ်းကြည့် လိုက်ပါ။ အနည်းငယ်သာ လှုပ်၍ရပြီး ထောက်နေပါက ဂီယာ ဝင်နေတာဖြစ်ပြီး ချောင်ချောင် ချိချိလှုပ်၍ရပါက Gear Free (N (or) Neutral Position) အနေအ ထားပင် ဖြစ်ပါတယ်။

အရင်ဆုံးလုပ်ရမှာကတော့ ဘေးပတ်ဝန်း ကျင်မှာ တိုက် စရာမရှိ၊ လူသွားလူလာ လုံး ဝမရှိသော မြေပြန့်တစ်နေရာကို ရှာပါ။ စက်နှိုးတော့ မည်ဆိုပါက ဂီယာကို Neutral Position တွင်ထားပြီး ကလပ်ကို အဆုံးထိရောက်အောင်နင်းပါ။ ထို့နောက် ဘရိတ်ကိုနင်းပြီး Parking Brake (ဟန်းဘရိတ်) ဖြုတ်ပါ။ သော့ကို ညာဘက်လှ ည့်ပြီးစက်နှိုးလိုက်ပါ။

ကားစက်နိုး သွားပါက ကလပ်နဲ့ဘရိ တ်ကို ဆက်နင်းထားရင်း ဂီယာကို 1 နေရာသို့ ထိုးလိုက်ပါ။ ဂီယာဝင်သွားပါက ဘရိတ်ကို လွှတ်ပြီး လီဗာကို အနည်းငယ် နင်းထားကာ ကလပ် ကို ဖြည်းဖြည်းချင်းလွှတ်လိုက်ပါ။

ကားရွေ့သွားပါက ကလပ်ကို ဖြည်းဖြည်း ချင်းလွှတ်ရင်း လီဗာ အနည်းငယ် ထပ်နင်းပါ (လီဗာကို မနင်းထားပါက စက်ရပ်သွားပါမည်)။ ကလပ်ကို အဆုံးထိ လွှတ်လိုက်ပြီး လီဗာကို နင်းထားပါက ကားစတင် ပြေးမည်ဖြစ်ပါသည်။ လီဗာကို မြှင့်မောင်းရင်း ကားသည် လိုသလောက် မပြေးဘဲေ လးနေပါက ကလပ်ကိုနင်း၍ ဂီယာကို 2,3,4,5 အစဉ်လိုက်တင် ကာမောင်းပါ။

အရှိန်နည်းန ည်းဖြင့် ဘရိတ်အုပ် လျှင် ကလပ်တွဲနင်းပါ။ ဂီယာ နံပါတ်အသေးသည် အကြီးလောက် မမြန်သော်လည်း ရုန်းအားပိုကောင်းသည် (ဂီယာ ပင်နယံကို ဆိုလိုြ ခင်းမဟုတ်ပါ၊ နံပါတ် ၁ သည် ၄ လောက် မမြန်)။

အမြင့်တက်ရာတွင် နံပါတ်အေ သးပြောင်းပါ။ ဂီယာကို လိုသလို ပြောင်းလဲ အသုံးပြုနိုင်အောင် လေ့ကျင့်ပါ။ ကားကို နောက်ဆုတ်မ ည်ဆိုပါက R နေရာတွင် ဂီယာကို ထားရပါမည်။ နောက်ကြည့်မှန်ကို ကားမောင်းတိုင်း ကြည့်၍ နောက်က အရာများကို မတိုက်မိေ အာင် မောင်းရမည် ။

ကုန်းတက်မှာ ရပ်ထားမ ယ်ဆိုရင် ကလပ်နဲ့ ဘရိတ်တွဲနင်းပါ (အချိန်အဆတော့ လိုပါတယ်) နံပါတ် ၁ ထိုးထားပါ။ ဟန်းဘရိတ်ဆွဲ ထားပါ။ စက်သတ်ပါ။

ပြန်ထွက်ချင်ရင် ဟန်းဘရိတ်နို င်ရင်တော့ (ကားရဲ့ဝန်ကို ထိန်းနိုင်ရင်) ကလပ်နင်း စက်နှိုး လီဘာမှေးကာ ဟန်းဘရိတ်ဖြုတ်၍ ထွက်သွားလို့ရပါတယ်။

ဟန်းဘရိ တ်မနိုင်ရင် (ကားရဲ့ဝန်ကို မနိုင်ရင်) ညာခြေက လီ ဗာနဲ့ဘရိတ်ကို ကန့်လန့်နင်းပြီး ကလပ်နင်း စက်နှိုးပြီး ထွက်ရပါမယ်။ ဒီလိုနင်းတာကို ဟက်ဖ်ကလပ်နင်းတယ်လို့‌ ‌ခေါ်ဆိုကြပါတယ်။ ဒါကြောင့် ကလပ်နှင့်လီဗာကိုကျွမ်းကျင်အောင် လေ့ကျင့်နေမှ အဆင်ပြေပါမယ်။

နောက်ပိုင်း ကားတွေ မှာတော့ ES လို့ခေါ်တဲ့ Easy Start ခလုတ်ပါ ဝင်လာကြပါတယ်။ ES ခလုတ်ပါ ဝင်လာတဲ့ အချိန်မှာတော့ အထက်ကအတိုင်း နင်းစရာမ လိုတော့ဘဲ ES ခလုတ်ကို On ထားပြီး ဘရိတ်နင်း ကလပ်နင်းကာ စက်နှိုး ဂီယာထိုးပြီး အလွယ်တကူ မောင်းထွက်သွားရုံပါပဲ။

နောက်ဆုံး အကြံပေးချင်ကတော့ ကားစမော င်းတော့မ ယ်ဆိုရင် မိမိ ကိုယ်ကိုယုံကြည်မှုအပြည့်ထားပါ။ မကြောက်ပါနဲ့။ စိတ်ကိုရဲရဲ ထားပါ။ မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါတယ်။

———–

ကားေ မာင္း သင္ခါစသူမ်ား (သို႔) ကားေမာ င္းတတ္ခါစ သူမ်ားအတြက္ ဗဟုသုတနဲ႔ အေျခခံနားလည္ရန္ ရည္႐ြယ္တာ ျဖစ္ပါတယ္။

Manual gear ကား မ်ားတြင္ ေျခနင္း ၃ ခု ပါဝ င္ပါသည္။ ညာဘက္ အစြန္သည္ Accelerator Pedal (လီဗာ)၊ အလယ္သည္ ဘရိတ္၊ ဘယ္ဘက္ကေတာ့ ကလပ္ပဲ ျဖ စ္ပါတယ္။

ဘရိတ္နဲ႔ လီဗာကို ညာေျချဖင့္ သုံးရမည္ျဖစ္ၿပီး ကလပ္ကိုဘယ္ေျချဖင့္ သုံးရမည္။လီဗာကို ကား အရွိန္ျမႇ င့္ရန္၊ ဘရိတ္ ကို အရွိန္ေလွ်ာ့ရန္ ကလပ္ကို Gear Free ျပဳလုပ္ရန္ သုံးရပါမည္။

ဂီယာဝင္ေန မဝင္ေန အား စမ္းသ ပ္ပုံမွာ ကလပ္ကိုန င္း၍ ဂီယာ တံကို ဘယ္ညာ လႈပ္ ရမ္းၾကည့္ လိုက္ပါ။ အနည္းငယ္သာ လႈပ္၍ရၿပီး ေထာက္ေနပါက ဂီယာ ဝင္ေနတာျဖစ္ၿပီး ေခ်ာင္ေခ်ာင္ ခ်ိခ်ိလႈပ္၍ရပါက Gear Free (N (or) Neutral Position) အေနအ ထားပင္ ျဖစ္ပါတယ္။

အရင္ဆုံးလုပ္ရမွာကေတာ့ ေဘးပတ္ဝန္း က်င္မွာ တိုက္ စရာမရွိ၊ လူသြားလူလာ လုံး ဝမရွိေသာ ေျမျပန႔္တစ္ေနရာကို ရွာပါ။ စက္ႏႈိးေတာ့ မည္ဆိုပါက ဂီယာကို Neutral Position တြင္ထားၿပီး ကလပ္ကို အဆုံးထိေရာက္ေအာင္နင္းပါ။ ထို႔ေနာက္ ဘရိတ္ကိုနင္းၿပီး Parking Brake (ဟန္းဘရိတ္) ျဖဳတ္ပါ။ ေသာ့ကို ညာဘက္လွ ည့္ၿပီးစက္ႏႈိးလိုက္ပါ။

ကားစက္ႏိုး သြားပါက ကလပ္နဲ႔ဘရိ တ္ကို ဆက္နင္းထားရင္း ဂီယာကို 1 ေနရာသို႔ ထိုးလိုက္ပါ။ ဂီယာဝင္သြားပါက ဘရိတ္ကို လႊတ္ၿပီး လီဗာကို အနည္းငယ္ နင္းထားကာ ကလပ္ ကို ျဖည္းျဖည္းခ်င္းလႊတ္လိုက္ပါ။

ကားေ႐ြ႕သြားပါက ကလပ္ကို ျဖည္းျဖည္း ခ်င္းလႊတ္ရင္း လီဗာ အနည္းငယ္ ထပ္နင္းပါ (လီဗာကို မနင္းထားပါက စက္ရပ္သြားပါမည္)။ ကလပ္ကို အဆုံးထိ လႊတ္လိုက္ၿပီး လီဗာကို နင္းထားပါက ကားစတင္ ေျပးမည္ျဖစ္ပါသည္။ လီဗာကို ျမႇင့္ေမာင္းရင္း ကားသည္ လိုသေလာက္ မေျပးဘဲေ လးေနပါက ကလပ္ကိုနင္း၍ ဂီယာကို 2,3,4,5 အစဥ္လိုက္တင္ ကာေမာင္းပါ။

အရွိန္နည္းန ည္းျဖင့္ ဘရိတ္အုပ္ လွ်င္ ကလပ္တြဲနင္းပါ။ ဂီယာ နံပါတ္အေသးသည္ အႀကီးေလာက္ မျမန္ေသာ္လည္း ႐ုန္းအားပိုေကာင္းသည္ (ဂီယာ ပင္နယံကို ဆိုလိုျ ခင္းမဟုတ္ပါ၊ နံပါတ္ ၁ သည္ ၄ ေလာက္ မျမန္)။

အျမင့္တက္ရာတြင္ နံပါတ္ေအ သးေျပာင္းပါ။ ဂီယာကို လိုသလို ေျပာင္းလဲ အသုံးျပဳႏိုင္ေအာင္ ေလ့က်င့္ပါ။ ကားကို ေနာက္ဆုတ္မ ည္ဆိုပါက R ေနရာတြင္ ဂီယာကို ထားရပါမည္။ ေနာက္ၾကည့္မွန္ကို ကားေမာင္းတိုင္း ၾကည့္၍ ေနာက္က အရာမ်ားကို မတိုက္မိေ အာင္ ေမာင္းရမည္ ။

ကုန္းတက္မွာ ရပ္ထားမ ယ္ဆိုရင္ ကလပ္နဲ႔ ဘရိတ္တြဲနင္းပါ (အခ်ိန္အဆေတာ့ လိုပါတယ္) နံပါတ္ ၁ ထိုးထားပါ။ ဟန္းဘရိတ္ဆြဲ ထားပါ။ စက္သတ္ပါ။

ျပန္ထြက္ခ်င္ရင္ ဟန္းဘရိတ္ႏို င္ရင္ေတာ့ (ကားရဲ႕ဝန္ကို ထိန္းႏိုင္ရင္) ကလပ္နင္း စက္ႏႈိး လီဘာေမွးကာ ဟန္းဘရိတ္ျဖဳတ္၍ ထြက္သြားလို႔ရပါတယ္။

ဟန္းဘရိ တ္မႏိုင္ရင္ (ကားရဲ႕ဝန္ကို မႏိုင္ရင္) ညာေျခက လီ ဗာနဲ႔ဘရိတ္ကို ကန႔္လန႔္နင္းၿပီး ကလပ္နင္း စက္ႏႈိးၿပီး ထြက္ရပါမယ္။ ဒီလိုနင္းတာကို ဟက္ဖ္ကလပ္နင္းတယ္လို႔‌ ‌ေခၚဆိုၾကပါတယ္။ ဒါေၾကာင့္ ကလပ္ႏွင့္လီဗာကိုကြၽမ္းက်င္ေအာင္ ေလ့က်င့္ေနမွ အဆင္ေျပပါမယ္။

ေနာက္ပိုင္း ကားေတြ မွာေတာ့ ES လို႔ေခၚတဲ့ Easy Start ခလုတ္ပါ ဝင္လာၾကပါတယ္။ ES ခလုတ္ပါ ဝင္လာတဲ့ အခ်ိန္မွာေတာ့ အထက္ကအတိုင္း နင္းစရာမ လိုေတာ့ဘဲ ES ခလုတ္ကို On ထားၿပီး ဘရိတ္နင္း ကလပ္နင္းကာ စက္ႏႈိး ဂီယာထိုးၿပီး အလြယ္တကူ ေမာင္းထြက္သြား႐ုံပါပဲ။

ေနာက္ဆုံး အႀကံေပးခ်င္ကေတာ့ ကားစေမာ င္းေတာ့မ ယ္ဆိုရင္ မိမိ ကိုယ္ကိုယုံၾကည္မႈအျပည့္ထားပါ။ မေၾကာက္ပါနဲ႔။ စိတ္ကိုရဲရဲ ထားပါ။ မူရင္းေရးသားသူအား ေလးစားစြာ Credit ေပးပါတယ္။

Be the first to comment on "ကားမောင်းသင်ခါစသူများ (သို့) ကားမောင်းတတ်ခါစ သူများအတွက် Manual Gear အခြေခံမောင်းနှင်နည်း"

Leave a comment

Your email address will not be published.


*