ကိုဗစ်ကာလမှာ ကွဲကွာနေတဲ့ မိသားစုလေးကို ပြန်လည်ဆုံဆည်းပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်

ကိုဗစ္ကာလမွာ ကြဲကြာေနတဲ့ မိသားစုေလးကို ျပန္လည္ဆုံဆည္းေပးနိုင္ခဲ့တဲ့ ျဖစ္ရပ္ (မ်က္ရည္ဝဲတဲ့အထိ ခံစားမိပါတယ္)

ေန႔လည္စာစားၿပီး ေကာ္ဖီေလး ေသာက္ခ်င္တာနဲ႔ အနားက ဆိုင္ေလးမွာ ပါဆယ္ဝယ္လိုက္တယ္။ ကားေပၚမွာ ေကာ္ဖီေသာက္ေနတုန္း ကားမွန္ကို ေဒါက္ ေဒါက္ လို႔ ေခါက္လိုက္သံေလး။ ဪ …. ထုံးစံအတိုင္း ကေလးေလး။ လက္ကေလးျဖန္႔လို႔။

မ်ားေသာအားျဖင့္ ျငင္းတတ္ ေခါင္းခါတတ္ေပမယ့္ ဒီေန႔ေတာ့ ဘာလို႔ရယ္မသိ။ မွန္ကို ခ်လိုက္ေတာ့ ျဖဴျဖဴေဖြးေဖြး ခပ္သန္႔သန္႔ေလးပဲ။ မိန္းကေလးဆိုေပမယ့္ မ်က္ႏွာက ေယာကၤ်ားပုံေလး။ သူေျပာလိုက္တဲ့စကားမွာ အံ့အားသင့္ၿပီး တံခါးဖြင့္ အျပင္ဘက္ထြက္ၿပီး စကားေျပာမိတယ္။ သူ ဘာေျပာလိုက္တယ္ထင္လည္း။ “မိုင္ဆြန္ခ“ တဲ့။

ရန္ကုန္မွာ ေတာင္းရမ္းစားေသာက္ေနတဲ့ ကေလးေတြထဲ ဘယ္ကေလးမွာ ရွမ္းလို ႏွုတ္မဆက္ဘူး။ သူက ရွမ္းလိုႏွုတ္ဆက္ေတာ့ ကိုယ့္ကိုကိုယ္ ျပန္ၾကည့္ေတာ့လည္း ရွမ္းကပၸလီသာသာရယ္။ ဒါနဲ႔ သူ႔ကို ေမးေတာ့ သူက ျမန္မာလိုေတာင္ သိပ္မေျပာတတ္ဘူး။ သူေျပာတတ္တဲ့စကားေလးတစ္ခြန္းက “ဗိုက္ဆာတယ္“ တဲ့။ ဘယ္မွာေနလည္းေမးေတာ့ နားမလည္။ ဘယ္သြားမွာလည္းေမးေတာ့ မသိ။ ခဏေနေတာ့မွ အစ္မႀကီးတစ္ေယာက္ေရာက္လာၿပီး “ေက်းဇူးတင္ပါတယ္“ တဲ့။ သူ႔လက္ထဲမွာေတာ့ ထမင္းဘူးထင္ရတဲ့ ေဖာ့ဘူးေလး။

“ဘယ္ကလာၾကတာလည္း“ ေမးၾကည့္ေတာ့ “ရွမ္းျပည္ကပါ ေမာင္ေလးရယ္ ျပန္လို႔မရလို႔ “ တဲ့။ ကားေဘးနားက အရိပ္မွာပဲ သူတို႔ထမင္းထိုင္စား ေနတာကို ၾကည့္ရင္း စပ္စုမိတယ္။ “ ရန္ကုန္မွာ ဘယ္နားေနၾကလည္းဟင္ “ ဆိုေတာ့ “ ဘယ္မွ တည္းလို႔မရလို႔ ျဖစ္သလိုၾကဳံသလိုပဲ အိပ္ရတာေပါ့ကြယ္ “ တဲ့။ “ ကိုဗစ္ေၾကာင့္ ျပန္မရတာလား “ ဆိုေတာ့ “ အင္း “ တဲ့။

ထမင္းစားၿပီး သူတို႔ ထထြက္သြားတယ္။ ကိုဗစ္ေၾကာင့္ တည္းခိုဖို႔ေနရာ ရွိပုံမေပၚတဲ့ သားအမိႏွစ္ေယာက္က မသိရင္ ရန္ကုန္လမ္းေတြဟာ သူ႔အိုးသူ႔အိမ္လိုမ်ား ျဖစ္ေနသလားပဲ။ ျဖတ္ခနဲ သတိရတာနဲ႔ အနားက ဆိုင္မွာ ေပါင္မုန္႔ေလးတစ္ထုပ္နဲ႔ အေအး ၂ ဘူးဝယ္ၿပီး အေနာက္ကေန ေျပးလိုက္သြားမိတယ္။ ကေလးမေလးကို ေပးေတာ့ ေပ်ာ္သြားပုံရတယ္။ အေအးပုလင္းေလးကိုင္ၿပီး ျပဳံးျပတယ္။

ၿပီးေတာ့ သူ႔အေမကို ေမာ့ၾကည့္ရင္း “ ပါပါးဆီ ျပန္မယ္ ေမေမ “ တဲ့။ စိတ္ထဲ ထိန္းမရ။ မ်က္ရည္က ဝဲလာတယ္။ “အစ္မတို႔ ျပန္ခ်င္လား ျပန္ဖို႔ ဘာလိုလည္း“ ေမးၾကည့္ေတာ့ “ျပန္ဖို႔က လိုင္းကားလည္းမရွိ ျပန္စရာ လမ္းစရိတ္ကလည္း သူ႔အေဖ မပို႔နိုင္ ေသးဘူး ေမာင္ေလးရယ္“ တဲ့။ ရင္ထဲ ဘာျဖစ္သြားမွန္းကိုမသိ။ “ အာ့ဆို လာ က်ေနာ္စီစဥ္ေပးမယ္ “ ဆိုၿပီး အနားက အသိ ကားသမားအကိုေတြဆီကိုေမး၊ တစ္ေယာက္က Fever Clinic မွာ က်န္းမာေရးေထာက္ခံစာလုပ္ဖို႔ ေခၚသြားၿပီး အားလုံးၿပီးၿပီဆိုမွ သူတို႔ကို ခဏထားခဲ့ၿပီး ေအာင္ဆန္းကြင္းမွာ လက္မွတ္သြားဝယ္ေတာ့ ဘယ္ကားလိုင္းကမွ ခရီးသည္စီးလို႔မရေသး။

တေခါက္ျပန္လာၿပီး ေျပာျပေတာ့ အစ္မႀကီးက ငိုတယ္။ ဒါနဲ႔ မိတ္ေဆြေတြနဲ႔တိုင္ပင္ၾကေတာ့ ကားသမား တစ္ေယာက္က “ သူ ေပ်ာ္ဘြယ္ကို ခရီးသည္ပို႔ဖို႔ သြားရမယ္ “ တဲ့။ “ ဟာ .. ဒါျဖင့္ သူတို႔သားအမိကို ေခၚသြားပါဗ်ာ “ ဆိုေတာ့ “ အင္း ေပ်ာ္ဘြယ္အထိေရာက္မယ္ “တဲ့။ အစ္မႀကီးက မ်က္ႏွာေလး ဝင္းလာၿပီး “ ေပ်ာ္ဘြယ္ကေန ေတာင္ႀကီးအထိက ယာဥ္တမ်ိဳးမ်ိဳးနဲ႔ သြားလို႔ရပါတယ္ “ တဲ့။ အားလုံး “ ေဟး “ လို႔ ထေအာ္မိၾကတယ္။

ဒီညေန ၅ နာရီကို သူတို႔သားအမိ ရွမ္းျပည္ကို ျပန္ရေတာ့မယ္။ အိတ္ထဲက ပိုက္ဆံ ၁၈၀၀၀ နဲ႔ မက္စ္ေတြ၊ လက္ေဆးရည္ေတြ၊ မုန္႔ေတြ ရသေလာက္ ဝယ္ေပးလိုက္တယ္။ အစ္မႀကီးက ဝမ္းသာၿပီး ငိုလို႔။ “ ေက်းဇူးပါေမာင္ေလးရယ္ “ တဲ့။ ေပ်ာ္ပါတယ္။ ဝမ္းလည္း သာပါတယ္။ ေက်လည္း ေက်နပ္ပါတယ္။ ကိုယ့္ကူညီနိုင္တာေလး ျဖစ္ေျမာက္သြားလို႔ပါ။

ဒီေန႔အတြက္ အိတ္ကပ္ထဲမွာေတာ့ ဘာမွမရွိေတာ့။ ခ်စ္သူေရ… ငါ ဒီေန႔အတြက္ မစုမိေတာ့ဘူးဟာ။ သူတို႔မိသားစုေလး ျပန္ဆုံနိုင္ဖို႔ ငါ ကူညီလိုက္လို႔ပါ။ သူတို႔ေတြ ျပန္ဆုံရသလို ငါတို႔လည္း မိသားစုဘဝေလးနဲ႔ ေနခြင့္ရပါေစလို႔။ တာ့တာျပေနတဲ့ ကေလးမေလးကိုၾကည့္ရင္း ဘာေၾကာင့္မွန္းမသိ မ်က္ရည္က က်။

စဝ္သီဟခြန္ေနာင္

———–

ကိုဗစ်ကာလမှာ ကွဲကွာနေတဲ့ မိသားစုလေးကို ပြန်လည်ဆုံဆည်းပေးနိုင်ခဲ့တဲ့ ဖြစ်ရပ် (မျက်ရည်ဝဲတဲ့အထိ ခံစားမိပါတယ်)

နေ့လည်စာစားပြီး ကော်ဖီလေး သောက်ချင်တာနဲ့ အနားက ဆိုင်လေးမှာ ပါဆယ်ဝယ်လိုက်တယ်။ ကားပေါ်မှာ ကော်ဖီသောက်နေတုန်း ကားမှန်ကို ဒေါက် ဒေါက် လို့ ခေါက်လိုက်သံလေး။ ဪ …. ထုံးစံအတိုင်း ကလေးလေး။ လက်ကလေးဖြန့်လို့။

များသောအားဖြင့် ငြင်းတတ် ခေါင်းခါတတ်ပေမယ့် ဒီနေ့တော့ ဘာလို့ရယ်မသိ။ မှန်ကို ချလိုက်တော့ ဖြူဖြူဖွေးဖွေး ခပ်သန့်သန့်လေးပဲ။ မိန်းကလေးဆိုပေမယ့် မျက်နှာက ယောင်္ကျားပုံလေး။ သူပြောလိုက်တဲ့စကားမှာ အံ့အားသင့်ပြီး တံခါးဖွင့် အပြင်ဘက်ထွက်ပြီး စကားပြောမိတယ်။ သူ ဘာပြောလိုက်တယ်ထင်လည်း။ “မိုင်ဆွန်ခ“ တဲ့။

ရန်ကုန်မှာ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေထဲ ဘယ်ကလေးမှာ ရှမ်းလို နှုတ်မဆက်ဘူး။ သူက ရှမ်းလိုနှုတ်ဆက်တော့ ကိုယ့်ကိုကိုယ် ပြန်ကြည့်တော့လည်း ရှမ်းကပ္ပလီသာသာရယ်။ ဒါနဲ့ သူ့ကို မေးတော့ သူက မြန်မာလိုတောင် သိပ်မပြောတတ်ဘူး။ သူပြောတတ်တဲ့စကားလေးတစ်ခွန်းက “ဗိုက်ဆာတယ်“ တဲ့။ ဘယ်မှာနေလည်းမေးတော့ နားမလည်။ ဘယ်သွားမှာလည်းမေးတော့ မသိ။ ခဏနေတော့မှ အစ်မကြီးတစ်ယောက်ရောက်လာပြီး “ကျေးဇူးတင်ပါတယ်“ တဲ့။ သူ့လက်ထဲမှာတော့ ထမင်းဘူးထင်ရတဲ့ ဖော့ဘူးလေး။

“ဘယ်ကလာကြတာလည်း“ မေးကြည့်တော့ “ရှမ်းပြည်ကပါ မောင်လေးရယ် ပြန်လို့မရလို့ “ တဲ့။ ကားဘေးနားက အရိပ်မှာပဲ သူတို့ထမင်းထိုင်စား နေတာကို ကြည့်ရင်း စပ်စုမိတယ်။ “ ရန်ကုန်မှာ ဘယ်နားနေကြလည်းဟင် “ ဆိုတော့ “ ဘယ်မှ တည်းလို့မရလို့ ဖြစ်သလိုကြုံသလိုပဲ အိပ်ရတာပေါ့ကွယ် “ တဲ့။ “ ကိုဗစ်ကြောင့် ပြန်မရတာလား “ ဆိုတော့ “ အင်း “ တဲ့။

ထမင်းစားပြီး သူတို့ ထထွက်သွားတယ်။ ကိုဗစ်ကြောင့် တည်းခိုဖို့နေရာ ရှိပုံမပေါ်တဲ့ သားအမိနှစ်ယောက်က မသိရင် ရန်ကုန်လမ်းတွေဟာ သူ့အိုးသူ့အိမ်လိုများ ဖြစ်နေသလားပဲ။ ဖြတ်ခနဲ သတိရတာနဲ့ အနားက ဆိုင်မှာ ပေါင်မုန့်လေးတစ်ထုပ်နဲ့ အအေး ၂ ဘူးဝယ်ပြီး အနောက်ကနေ ပြေးလိုက်သွားမိတယ်။ ကလေးမလေးကို ပေးတော့ ပျော်သွားပုံရတယ်။ အအေးပုလင်းလေးကိုင်ပြီး ပြုံးပြတယ်။

ပြီးတော့ သူ့အမေကို မော့ကြည့်ရင်း “ ပါပါးဆီ ပြန်မယ် မေမေ “ တဲ့။ စိတ်ထဲ ထိန်းမရ။ မျက်ရည်က ဝဲလာတယ်။ “အစ်မတို့ ပြန်ချင်လား ပြန်ဖို့ ဘာလိုလည်း“ မေးကြည့်တော့ “ပြန်ဖို့က လိုင်းကားလည်းမရှိ ပြန်စရာ လမ်းစရိတ်ကလည်း သူ့အဖေ မပို့နိုင် သေးဘူး မောင်လေးရယ်“ တဲ့။ ရင်ထဲ ဘာဖြစ်သွားမှန်းကိုမသိ။ “ အာ့ဆို လာ ကျနော်စီစဉ်ပေးမယ် “ ဆိုပြီး အနားက အသိ ကားသမားအကိုတွေဆီကိုမေး၊ တစ်ယောက်က Fever Clinic မှာ ကျန်းမာရေးထောက်ခံစာလုပ်ဖို့ ခေါ်သွားပြီး အားလုံးပြီးပြီဆိုမှ သူတို့ကို ခဏထားခဲ့ပြီး အောင်ဆန်းကွင်းမှာ လက်မှတ်သွားဝယ်တော့ ဘယ်ကားလိုင်းကမှ ခရီးသည်စီးလို့မရသေး။

တခေါက်ပြန်လာပြီး ပြောပြတော့ အစ်မကြီးက ငိုတယ်။ ဒါနဲ့ မိတ်ဆွေတွေနဲ့တိုင်ပင်ကြတော့ ကားသမား တစ်ယောက်က “ သူ ပျော်ဘွယ်ကို ခရီးသည်ပို့ဖို့ သွားရမယ် “ တဲ့။ “ ဟာ .. ဒါဖြင့် သူတို့သားအမိကို ခေါ်သွားပါဗျာ “ ဆိုတော့ “ အင်း ပျော်ဘွယ်အထိရောက်မယ် “တဲ့။ အစ်မကြီးက မျက်နှာလေး ဝင်းလာပြီး “ ပျော်ဘွယ်ကနေ တောင်ကြီးအထိက ယာဉ်တမျိုးမျိုးနဲ့ သွားလို့ရပါတယ် “ တဲ့။ အားလုံး “ ဟေး “ လို့ ထအော်မိကြတယ်။

ဒီညနေ ၅ နာရီကို သူတို့သားအမိ ရှမ်းပြည်ကို ပြန်ရတော့မယ်။ အိတ်ထဲက ပိုက်ဆံ ၁၈၀၀၀ နဲ့ မက်စ်တွေ၊ လက်ဆေးရည်တွေ၊ မုန့်တွေ ရသလောက် ဝယ်ပေးလိုက်တယ်။ အစ်မကြီးက ဝမ်းသာပြီး ငိုလို့။ “ ကျေးဇူးပါမောင်လေးရယ် “ တဲ့။ ပျော်ပါတယ်။ ဝမ်းလည်း သာပါတယ်။ ကျေလည်း ကျေနပ်ပါတယ်။ ကိုယ့်ကူညီနိုင်တာလေး ဖြစ်မြောက်သွားလို့ပါ။

ဒီနေ့အတွက် အိတ်ကပ်ထဲမှာတော့ ဘာမှမရှိတော့။ ချစ်သူရေ… ငါ ဒီနေ့အတွက် မစုမိတော့ဘူးဟာ။ သူတို့မိသားစုလေး ပြန်ဆုံနိုင်ဖို့ ငါ ကူညီလိုက်လို့ပါ။ သူတို့တွေ ပြန်ဆုံရသလို ငါတို့လည်း မိသားစုဘဝလေးနဲ့ နေခွင့်ရပါစေလို့။ တာ့တာပြနေတဲ့ ကလေးမလေးကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ မျက်ရည်က ကျ။

စဝ်သီဟခွန်နောင်

Be the first to comment on "ကိုဗစ်ကာလမှာ ကွဲကွာနေတဲ့ မိသားစုလေးကို ပြန်လည်ဆုံဆည်းပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်"

Leave a comment

Your email address will not be published.


*