ပျံလွှားအောင်စစ်ဆင်ရေးကို အခုထက်ပိုမိုပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်ပြီး စစ်အုပ်စုကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောဆိုကြောင်း ဒီဗွီဘီသတင်းမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တိုင်း ၃ တိုင်းကိုပေါင်းပြီး ဟံသာဝတီခရိုင်လို့ သတ်မှတ်ကာ ပျံလွှားအောင်စစ်ဆင်ရေးဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြေညာတိုက်ခိုက်နေတာပါ။
ဒီစစ်ဆင်ရေးက တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံနေရတာရှိပေမယ့် အားနည်းသွားစရာမရှိဘဲ တော်လှန်ရေးတွက် လေ့ကျင့်ထားတဲ့ ရဲဘော်တွေ အများကြီးရှိတဲ့အတွက် ရွှေလက်ပေါင်းများစွာ ထပ်ပေါ်ထွက်လာမှာဖြစ်ပြီး ပြည်သူကသာ အဓိကဖြစ်တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
“ပျံလွှားတွေရဲ့ ဒီထက်ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့ ပြင်ဆင်ထားပါလို့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ကို သတင်းစကားပါးလိုက်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
‘ပျံလွှားအောင်’ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုဝင်ဘာ ၁၅ တွင် ရန်ကုန်တိုင်းအတွင်း ၁၀ နေရာထက်မနည်းကို ဗုံးခွဲခဲ့သည့်ပြင် သန်လျင်တံတားအဆင်းရှိ စစ်တပ်ကင်းစခန်း၊ လှိုင်သာယာ ရွှေလင်ဗန်းမီးသတ်ရုံနှင့် မိုးလုံလေလုံအားကစားကွင်းရှိ စစ်ကောင်စီစခန်း၊ ထန်းတပင်မြို့နယ်ရှိ တာဆုံရဲကင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံဆိုသူက ပြောသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။
“နောင်လာမဲ့ရက်တွေမှာ ဒီထက်ပိုများတဲ့ စစ်ဆင်ရေးစီမံချက်တွေကို ကျွန်တော်တို့ဆောင်ရွက်သွားဖို့အတွက် ပြင်ဆင်လုပ်ဆောင်နေတာရှိပါတယ်” ဟု ၎င်းက ပြောဆိုကြောင်း Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။
‘ပျံလွှားအောင်’ စစ်ဆင်ရေးကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွပ်ကဲနေခြင်းဖြစ်ကာ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးထွက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အနီးအနားတွင် ရောက်ရှိနေခြင်းမျိုးမှ ရှောင်ရှားရန်နှင့် စစ်ဆင်းရေးအတွင်းပါဝင်သည့် တော်လှန်ရေးရဲဘော်များ စီးနင်းလာသည့် ကားများကို လမ်းရှင်းပေးရန် မေတ္တာရပ်ခံကြောင်း ရန်ကုန်တိုင်းကွပ်ကဲရေးအဖွဲ့က ဆိုသည်။
စစ်အာဏာရှင်ကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေက တော်လှန်နေကြတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ရဲဘော်တွေ၊ ကျဆုံးခဲ့တဲ့ရဲဘော်တွေက ရွတ်ရွတ်ချွံချွံ ရှေ့တန်းကနေ လုပ်ဆောင်ခဲ့ကြတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်း အားပေးဂုဏ်ပြုပေးကြဖို့ တိုက်တွန်း ပါတယ်။
ရန်ကုန်မြို့၊ လမ်းမတော်မြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှုကို နိုဝင်ဘာ ၁၀ ၌ တွေ့မြင်ရပြီး ထိုနေ့က အနည်းဆုံး ပေါက်ကွဲမှု ၅ မှု ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ-EPA)
သူတို့တွေဖြစ်စေချင်တာကို ဆက်ပြီးအကောင်ထည်ဖော်မယ့် ရဲဘော်တွေအများအပြားရှိနေပြီး ဖမ်းဆီးခံခဲ့ရတဲ့သူတွေ၊ သေဆုံးသွားတဲ့သူတွေအတွက် တော်လှန်ရေးအပေါ် အခုထက် ၂ ဆ တိုးပြီး ဆောင်ရွက်သွားမှာလို့လည်း ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက် ဒီနေ့မှာ ရန်ကုန်တိုင်းအတွင်းက ကညနရုံးအပါအဝင် နေရာတချို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ် ပဲခူးမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနေရာအများအပြားမှာ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။
ရန်ကုန်တိုင်းအတွင်းရှိ ဧရိယာ ၇ ခုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၄၃ ဦးနဲ့ ထောက်ပံ့ကူညီပေးသူ ၈ ဦးကို ဖမ်းမိတယ်လို့ နိုဝင်ဘာ ၁၈ ရက်ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ကြေညာထားပါတယ်။
———–
ပ်ံလႊားေအာင္စစ္ဆင္ေရးကို အခုထက္ပိုမိုျပင္းထန္တဲ့ စစ္ေရးလႈပ္ရွားမႈေတြျပဳလုပ္ၿပီး စစ္အုပ္စုကို တိုက္ခိုက္သြားမယ္လို႔ ရန္ကုန္တိုင္းစစ္ေဒသကြပ္ကဲေရးဌာန သတင္းျပန္ၾကားေရးနဲ႔ စိတ္ဓာတ္စစ္ဆင္ေရးတာဝန္ခံက ေျပာဆိုေၾကာင္း ဒီဗြီဘီသတင္းမွာ ေဖာ္ျပထားပါတယ္။
ရန္ကုန္တိုင္း၊ ပဲခူးတိုင္းနဲ႔ ဧရာဝတီတိုင္း တိုင္း ၃ တိုင္းကိုေပါင္းၿပီး ဟံသာဝတီခ႐ိုင္လို႔ သတ္မွတ္ကာ ပ်ံလႊားေအာင္စစ္ဆင္ေရးဆိုၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ေတြက ေၾကညာတိုက္ခိုက္ေနတာပါ။
ဒီစစ္ဆင္ေရးက တပ္ဖြဲ႕ဝင္တခ်ိဳ႕ ဖမ္းဆီးခံေနရတာရွိေပမယ့္ အားနည္းသြားစရာမရွိဘဲ ေတာ္လွန္ေရးတြက္ ေလ့က်င့္ထားတဲ့ ရဲေဘာ္ေတြ အမ်ားႀကီးရွိတဲ့အတြက္ ေ႐ႊလက္ေပါင္းမ်ားစြာ ထပ္ေပၚထြက္လာမွာျဖစ္ၿပီး ျပည္သူကသာ အဓိကျဖစ္တယ္လို႔ ရန္ကုန္တိုင္း စစ္ေဒသကြပ္ကဲေရးဌာန သတင္းျပန္ၾကားေရးနဲ႔ စိတ္ဓာတ္စစ္ဆင္ေရးတာဝန္ခံက ေျပာပါတယ္။
“ပ်ံလႊားေတြရဲ႕ ဒီထက္ျပင္းထန္တဲ့ တုံ႔ျပန္တိုက္ခိုက္မႈေတြကို သတၱိရွိရွိရင္ဆိုင္ဖို႔ ျပင္ဆင္ထားပါလို႔ မင္းေအာင္လႈိင္ရဲ႕ အၾကမ္းဖက္စစ္တပ္ကို သတင္းစကားပါးလိုက္ခ်င္ပါတယ္” ဟု ၎က ဆိုသည္။
‘ပ်ံလႊားေအာင္’ စစ္ဆင္ေရး၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ႏိုဝင္ဘာ ၁၅ တြင္ ရန္ကုန္တိုင္းအတြင္း ၁၀ ေနရာထက္မနည္းကို ဗုံးခြဲခဲ့သည့္ျပင္ သန္လ်င္တံတားအဆင္းရွိ စစ္တပ္ကင္းစခန္း၊ လႈိင္သာယာ ေ႐ႊလင္ဗန္းမီးသတ္႐ုံႏွင့္ မိုးလုံေလလုံအားကစားကြင္းရွိ စစ္ေကာင္စီစခန္း၊ ထန္းတပင္ၿမိဳ႕နယ္ရွိ တာဆုံရဲကင္းတို႔ကို တိုက္ခိုက္ခဲ့ေၾကာင္း NUG ၏ ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕မွ သတင္းျပန္ၾကားေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရးတာဝန္ခံဆိုသူက ေျပာသည္။
ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕သည္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံျဖစ္သည္ဟု ဆိုသည္။
“ေနာင္လာမဲ့ရက္ေတြမွာ ဒီထက္ပိုမ်ားတဲ့ စစ္ဆင္ေရးစီမံခ်က္ေတြကို ကြၽန္ေတာ္တို႔ေဆာင္႐ြက္သြားဖို႔အတြက္ ျပင္ဆင္လုပ္ေဆာင္ေနတာရွိပါတယ္” ဟု ၎က ေျပာဆိုေၾကာင္း Myanmar Now သတင္းမွာ ေဖာ္ျပထားပါတယ္။
‘ပ်ံလႊားေအာင္’ စစ္ဆင္ေရးကို NUG ၏ ကာကြယ္ေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ကြပ္ကဲေနျခင္းျဖစ္ကာ ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕သည္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံျဖစ္သည္ဟု ဆိုသည္။
ျပည္သူမ်ားအေနျဖင့္ မလိုအပ္ဘဲ ခရီးထြက္ျခင္း၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အနီးအနားတြင္ ေရာက္ရွိေနျခင္းမ်ိဳးမွ ေရွာင္ရွားရန္ႏွင့္ စစ္ဆင္းေရးအတြင္းပါဝင္သည့္ ေတာ္လွန္ေရးရဲေဘာ္မ်ား စီးနင္းလာသည့္ ကားမ်ားကို လမ္းရွင္းေပးရန္ ေမတၱာရပ္ခံေၾကာင္း ရန္ကုန္တိုင္းကြပ္ကဲေရးအဖြဲ႕က ဆိုသည္။
စစ္အာဏာရွင္ကို ျမန္မာတစ္ႏိုင္ငံလုံးက ျပည္သူေတြက ေတာ္လွန္ေနၾကတာျဖစ္ၿပီး ဖမ္းဆီးခံရတဲ့ ရဲေဘာ္ေတြ၊ က်ဆုံးခဲ့တဲ့ရဲေဘာ္ေတြက ႐ြတ္႐ြတ္ခြၽံခြၽံ ေရွ႕တန္းကေန လုပ္ေဆာင္ခဲ့ၾကတဲ့အတြက္ ျပည္သူေတြအေနနဲ႔ ဝိုင္းဝန္း အားေပးဂုဏ္ျပဳေပးၾကဖို႔ တိုက္တြန္း ပါတယ္။
ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕တြင္ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားမႈကို ႏိုဝင္ဘာ ၁၀ ၌ ေတြ႕ျမင္ရၿပီး ထိုေန႔က အနည္းဆုံး ေပါက္ကြဲမႈ ၅ မႈ ျဖစ္ပြားခဲ့သည္။ (ဓာတ္ပုံ-EPA)
သူတို႔ေတြျဖစ္ေစခ်င္တာကို ဆက္ၿပီးအေကာင္ထည္ေဖာ္မယ့္ ရဲေဘာ္ေတြအမ်ားအျပားရွိေနၿပီး ဖမ္းဆီးခံခဲ့ရတဲ့သူေတြ၊ ေသဆုံးသြားတဲ့သူေတြအတြက္ ေတာ္လွန္ေရးအေပၚ အခုထက္ ၂ ဆ တိုးၿပီး ေဆာင္႐ြက္သြားမွာလို႔လည္း ေျပာပါတယ္။
ႏိုဝင္ဘာ ၁၉ ရက္ ဒီေန႔မွာ ရန္ကုန္တိုင္းအတြင္းက ကညန႐ုံးအပါအဝင္ ေနရာတခ်ိဳ႕မွာ ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္ ပဲခူးမွာလည္း စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္ေရးေနရာအမ်ားအျပားမွာ ဒီေန႔ ေပါက္ကြဲမႈေတြျဖစ္ခဲ့ေပမယ့္ ထိခိုက္ေသဆုံးမႈကိုေတာ့ မသိရေသးပါဘူး။
ရန္ကုန္တိုင္းအတြင္းရွိ ဧရိယာ ၇ ခုအတြင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ၄၃ ဦးနဲ႔ ေထာက္ပံ့ကူညီေပးသူ ၈ ဦးကို ဖမ္းမိတယ္လို႔ ႏိုဝင္ဘာ ၁၈ ရက္ထုတ္ စစ္ေကာင္စီ သတင္းစာေတြမွာ ေၾကညာထားပါတယ္။
Be the first to comment on "ပျံလွှားအောင် စစ်ဆင်ရေးကို အရှိန်မြှင့်မည်ဟု ဆို"