စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်း၊ နိုဝင်ဘာ ၁၉
SAC က ခန့်အပ်ထားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် စီးနင်းလာတဲ့ ယာဉ်တန်းကို ကလေးဝ-တန့်ဆည်-ရေဦးလမ်းမှာ ကလေးဝ ပြည်သူ့ကာကွယ်ရေး (ကလေးဝ-PDF) က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ကလေးဝမြို့နဲ့ ၆ မိုင်ခန့်ဝေးတဲ့ ကလေးဝ-တန့်ဆည်-ရေဦးလမ်းပေါ်က ယုဇနကျေးရွာအနီးမှာ ဒီကနေ့ နိုဝင်ဘာ ၁၉ရက် မနက် ၁၀နာရီ ၃၇ မိနစ်က ကလေးဝ-PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းစတင်ကွဲတဲ့အချိန်ကစပြီး ဝန်ကြီးချုပ်ယာဉ်တန်းက စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်တာကြောင့် ထွက်ပြေးတိမ်းရှောင်လာရတယ်လို့ သိရပါတယ်။
လတ်တလောမှာ ကလေးဝ-PDF ကရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် SAC ဘက်က ကျဆုံးမှုအတိအကျကိုတော့ မသိရှိရသေးပါဘူး။
ပုံစာ- စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်
————
စစ္ေကာင္စီခန့္ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ယာဥ္တန္း မိုင္းဆဲြတိုက္ခိုက္ခံရ
စစ္ကိုင္း၊ ႏိုဝင္ဘာ ၁၉
SAC က ခန႔္အပ္ထားတဲ့ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမတ္ေက်ာ္ စီးနင္းလာတဲ့ ယာဥ္တန္းကို ကေလးဝ-တန္႔ဆည္-ေရဦးလမ္းမွာ ကေလးဝ ျပည္သူ႔ကာကြယ္ေရး (ကေလးဝ-PDF) က မိုင္းခြဲတိုက္ခိုက္ခဲ့ပါတယ္။
ကေလးဝၿမိဳ႕နဲ႔ ၆ မိုင္ခန္႔ေဝးတဲ့ ကေလးဝ-တန္႔ဆည္-ေရဦးလမ္းေပၚက ယုဇနေက်း႐ြာအနီးမွာ ဒီကေန႔ ႏိုဝင္ဘာ ၁၉ရက္ မနက္ ၁၀နာရီ ၃၇ မိနစ္က ကေလးဝ-PDF က မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
မိုင္းစတင္ကြဲတဲ့အခ်ိန္ကစၿပီး ဝန္ႀကီးခ်ဳပ္ယာဥ္တန္းက စက္ေသနတ္ေတြနဲ႔ ျပန္လည္ပစ္ခတ္မႈေတြျပဳလုပ္တာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာရတယ္လို႔ သိရပါတယ္။
လတ္တေလာမွာ ကေလးဝ-PDF ကရဲေဘာ္ေတြ အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေပမယ့္ SAC ဘက္က က်ဆုံးမႈအတိအက်ကိုေတာ့ မသိရွိရေသးပါဘူး။
ပုံစာ- စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမတ္ေက်ာ္
Mercury_Media
Be the first to comment on "စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ"