ရဲ ၂ ဦးသေဆုံးပြီး ရဲအများအပြား ထွက်ပြေးခဲ့ကြသည့် ရေစကြို ၊ မအူရဲကင်းစခန်းကို PDF သိမ်းပိုက်မီးရှို့မှု (ရုပ်/သံ) ထွက်ပေါ်လာ

ရဲ ၂ ဦးသေဆုံးပြီး ရဲအများအပြား ထွက်ပြေးခဲ့ကြသည့် ရေစကြို ၊ မအူရဲကင်းစခန်းကို PDF သိမ်းပိုက်မီးရှို့မှု (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မအူရဲကင်းစခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တစ်နာရီကြာတိုက် ခိုက်ပြီးနောက် စခန်းကို

သိမ်းပိုက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ ရဲ ၂ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်သည်။

People Defense Force Yesagyo နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ စခန်းကို တစ်နာရီကြာတိုက်ခိုက်ပြီးနောက် အာဏာသိမ်းအဖွဲ့၏ ရဲအားလုံး ထွက်ပြေးသွားသဖြင့် မဟာမိတ်နှစ်ဖွဲ့က

စခန်းအတွင်းရှိ လက်တော့ ( ၁)လုံး၊ ဆိုင်ကယ်( ၄ ) စီး ၊ ဗုံးသီး ( ၁) လုံး ၊ ကျည်များအပါအဝင် စာရွက်စာတမ်းများအား သိမ်းဆည်းပြီး စခန်းအားမီးရှို့ထားခဲ့ကြောင်း၊

အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးကြောင်း သိရှိရသည်။

————–

ရဲ ၂ ဦးေသဆုံးၿပီး ရဲအမ်ားအျပား ထြက္ေျပးခဲ့ၾကသည့္ ေရစႀကိဳ ၊ မအူရဲကင္းစခန္းကို PDF သိမ္းပိုက္မီးရႈိ႕မႈ (႐ုပ္/သံ)

ရန္ကုန္၊ ႏိုဝင္ဘာ ၁၈

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္အတြင္း မအူရဲကင္းစခန္းကို ႏိုဝင္ဘာလ ၁၈ ရက္ေန႔ မြန္းလြဲ ၂ နာရီဝန္းက်င္တြင္ တစ္နာရီၾကာတိုက္ ခိုက္ၿပီးေနာက္ စခန္းကို

သိမ္းပိုက္မီးရႈိ႕ဖ်က္ဆီးလိုက္ေၾကာင္း၊ ရဲ ၂ ဦးေသဆုံးၿပီး လက္နက္မ်ား သိမ္းဆည္းရမိေၾကာင္း ေဒသ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ဗီဒီယိုႏွင့္တကြ သတင္းထုတ္ျပန္သည္။

People Defense Force Yesagyo ႏွင့္ Phoenix အထူးေျပာက္က်ားတပ္ဖြဲ႕ (ေရစႀကိဳ) ညီေနာင္မဟာမိတ္ႏွစ္ဖြဲ႕ပူးေပါင္း၍ စခန္းကို တစ္နာရီၾကာတိုက္ခိုက္ၿပီးေနာက္ အာဏာသိမ္းအဖြဲ႕၏ ရဲအားလုံး ထြက္ေျပးသြားသျဖင့္ မဟာမိတ္ႏွစ္ဖြဲ႕က

စခန္းအတြင္းရွိ လက္ေတာ့ ( ၁)လုံး၊ ဆိုင္ကယ္( ၄ ) စီး ၊ ဗုံးသီး ( ၁) လုံး ၊ က်ည္မ်ားအပါအဝင္ စာ႐ြက္စာတမ္းမ်ားအား သိမ္းဆည္းၿပီး စခန္းအားမီးရႈိ႕ထားခဲ့ေၾကာင္း၊

အဆိုပါတိုက္ခိုက္မႈအတြင္း အာဏာသိမ္းအဖြဲ႕၏ ရဲတပ္ဖြဲ႕ဝင္ (၂) ဦးေသဆုံးေၾကာင္း သိရွိရသည္။

Be the first to comment on "ရဲ ၂ ဦးသေဆုံးပြီး ရဲအများအပြား ထွက်ပြေးခဲ့ကြသည့် ရေစကြို ၊ မအူရဲကင်းစခန်းကို PDF သိမ်းပိုက်မီးရှို့မှု (ရုပ်/သံ) ထွက်ပေါ်လာ"

Leave a comment

Your email address will not be published.


*