နာမည်ကျော်ရုပ်ရှင်မင်းသမီး သင်ဇာဝင့်ကျော် ဘဝအကြောင်း

ဒီတစ်ပတ်တင်ဆက်ပေးမယ့်သူကတော့ ပရိတ်သတ်တွေရဲ့ရင်ထဲမှာ ဘော်ဒီလှလှလေးနဲ့ ဆွဲဆောင်မှုအမြဲရှိနေတဲ့ ဗီဒီယို နဲ့ သရုပ်ဆောင်၊ မော်ဒယ် မင်းသမီးချော သင်ဇာဝင့်ကျော် ပဲဖြစ်ပါတယ်။

မင်းသမီးချော သင်ဇာ ကိုတော့ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ မွေးဖွားခဲ့ပြီး လူမျိူးကတော့ မြန်မာလူမျိူးစစ်စစ် ဖြစ်ပါတယ်တဲ့။ သင်ဇာ ကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံမှာထဲမှာပဲမွေးဖွားခဲ့တာပါ။

မိဘတွေကတော့ ဖခင် ဦးကျော်ဝင်း၊ မိခင် ဒေါ်အေးယဉ်သန်းတို့မှ မွေးဖွားသန့်စင်ခဲ့ပြီး မွေးချင်း၂ယောက်ဖြစ်တဲ့ အစ်မနဲ့မောင်လေးလည်းရှိပါတယ်။ သင်ဇာရဲ့ပညာရေးကိုတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။

ငယ်ငယ်တုံးကမောင်နှမတွေဘယ်လောက် အဆော့သန်လဲဆို သူမကမောင်လေးဖြစ်သူနဲ့ ကျောင်းဆရာမလုပ်ပြီး စာသင်တမ်း ခဏခဏဆော့တယ်လို့လည်း သိရပါတယ်။ ဆရာမအလုပ်ကို ဝါသနာပါတတ်တဲ့သူမို့ ဘယ်လိုအနုပညာလောကထဲဝင်ဖြစ်သွားသလဲတောင် မခန့်မှန်းခဲ့မိပါဘူးတဲ့။

မောင်နှမတွေအားလုံးက အခြေခံထားတတ်တဲ့ စိတ်ထားတွေလည်း တူပါတယ်တဲ့။ သည်းခံတဲ့အတိုင်းအတာကျော်ရင်သူများထပ် ၂ ဆ ဆိုးတယ်ဆိုပြီး သင်ဇာ မောင်လေး ညီဆက်ကျော်က ရယ်လျက်ပြောပါတယ်။ သင်ဇာက မောင်လေးဖြစ်သူကို ငယ်ငယ်က ဆံပင်ညှပ်ပေးလိုက်တာပုံမကျလို့ မေမေ့ဆီက အရိုက်ခံခဲ့ရဖူးတယ်တဲ့။

မောင်နှမတွေအသက်ကြီးလာတဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အရေးကြီးတဲ့အကြောင်းအရာတွေဆို အချင်းချင်း တိုင်တိုင်ပင်ပင်နေကြပါတယ်။ အသေးအမွှားကိစ္စတွေဆိုရင်တော့ တစ်ယောက်ကိုယ်ရေးကိုယ်တာ ဝင်စွက်ဖက်လေ့မရှိပါဘူးလို့ဆိုပါတယ်။ မမသင်ဇာက မောင်နှမတွေနဲ့ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ဆက်ဆံရေးရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ အပျိူကြီးမမ သင်ဇာ မင်းသမီးချောက အခုလက်ရှိမှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူးတဲ့။ သင်ဇာ့ မောင်လေးဖြစ်သူ ကိုညီဆက်ကျော်က အစ်မအိမ်ထောင်မပြုပဲ အပျိူကြီးလုပ်မယ်ဆိုလည်း စောင့်ရှောက်ပေးနိုင်တဲ့ မောင်လေးတစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ်တဲ့။

သင်ဇာက Sensitive ဖြစ်တတ်တဲ့ type ဆိုတော့ အိမ်ထောင်ပြုရင် အဆင်ပြေပါမလားဆိုပြီး မောင်လေးက စိတ်ပူနေရပါတယ်လို့ဆိုပါတယ်။ သင်ဇာ့ မောင်လေးရဲ့ သူငယ်ချင်းဖြစ်သူတွေက ယောက်ဖဆိုပြီးစနောက်တတ်တဲ့အပေါ်လည်း မောင်လေးညီဆက်ကျော်က အရမ်းကြီးတွေးပြီး စိတ်မဆိုးတတ်ပါဘူးတဲ့။ ။

သူမကလာမယ့် ချစ်သူများနေ့အပေါ်မှာ “ထူးခြားတဲ့ စိတ်ခံစားချက် မရှိပါဘူး၊ အရင်ကတော့ နိုင်ငံခြားသားချစ်သူတစ်ယောက် ရှိခဲ့ပေမယ့် အခုအချိန်မှာ‌တော့ လမ်းခွဲလိုက်ပါပြီ”လို့ သူမကဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ သင်ဇာက The Myanmar Times သတင်းစာကနေရွေးချယ်တဲ့ Top 10 Actor စာရင်းထဲမှာပါဝင်ခဲ့ပါတယ်။ သူမကအနုပညာလောကထဲကို ကြော်ငြာမော်ဒယ်တစ်လက်အဖြစ်နဲ့ ဝင်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့အောင်မြင်မှုတွေဆွတ်ခူးလာလိုက်တာ ကြော်ငြာမင်းသမီးလေးတစ်ယောက်အဖြစ်ကနေ မော်ဒယ်တွေရဲ့လောကကိုခြယ်လှယ်လာနိုင်တဲ့သူမ..။

မော်ဒယ်လောကကနေအရှိန်အဝါတွေတိုးလာခဲ့ပြီး အနုပညာလောကထဲကိုရောက်လာခဲ့တဲ့အချိန် ကြော်ငြာ၊ ဗီဒီယိုဇာတ်လမ်းတွဲတွေ အများကြီးရိုက်ကူးခဲ့ပြီး ပရိတ်သတ်တွေအချစ်ကို ရယူနိုင်ခဲ့ပါတယ်။ သူမရဲ့အောင်မြင်မှုကတော့ ဒီမှာတင်မရပ်သေးပါဘူး။

သင်ဇာက ၂၀၀၉ခုနှစ်မှာ မဟာထွန်းထုတ်လုပ်ရေးကနေ”မိုးညအိပ်မက်မြူ”ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်နေတိုး၊ ရဲအောင်၊ အောင်ရဲလင်း၊ မိုးဟေကို၊ စိုးပြည့်သဇင်တို့နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကို ဒါရိုက်တာကြည်ဖြူသျှင်က ရိုက်ကူးပေးခဲ့တာဖြစ်ပြီး အနုပညာရှင်တွေရဲ့ သရုပ်ဆောင်အရည်အချင်းပြည့်ဝမှုတွေကြောင့် အောင်မြင်မှုတွေအများကြီးရရှိခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ “မင်းလည်းဘိုကေငါလည်းဘိုကေ”ဇာတ်ကားအပြင် “ခိုးဆိုးလုနှိုက်” ဇာတ်ကားတွေကိုရိုက်ကူးခဲ့ပြီး တွဲဖက်သရုပ်ဆောင်အဖြစ် မြင့်မြတ်၊ ခင်လှိုင်၊ ထွန်းထွန်း၊ နေဒွေးတို့နဲ့ ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မှာတော့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးခဲ့တဲ့ ဝိညာဉ်ကကြိုးဇာတ်လမ်းကို အောင်ရဲလင်း၊ ရွှေမှုန်ရတီတို့နဲ့အတူ ရိုက်ကူးခဲ့ပါတယ်။

ဒီဇာတ်လမ်းကို ၂၀၁၇ခုနှစ် ဇွန်လ၆ရက်နေ့မှာပဲ ပရိတ်သတ်လက်ထဲကို ချပြခဲ့တာဖြစ်ပြီး ဒါရိုက်တာစတီးလ်က တာဝန်ယူရိုက်ကူးပေးခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ “တည်ကြက်”၊ “မတစ်ထောင်တစ်ကောင်ဖွား” ဇာတ်လမ်းတွေအပြင် “တိုးကျော်မန်းနဲ့ နန်းဆန်ရွာ” ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ အေးမြတ်သူတို့နဲ့ ရိုက်ကူးခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့ ၂၀၁၈ ခုနှစ် မှာရုံတင်ပြသခဲ့ပါတယ်။

သင်ဇာ ရဲ့ Highlight တစ်ခုလို့တောင် ဆိုနိုင်တဲ့ “ရွှေကြာ”ရုပ်ရှင်ကားကြီးကို သရုပ်ဆောင်အလင်းရောင်၊ ဖွေးဖွေးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ငွေသော်တာရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒါရိုက်တာဝိုင်း ရိုက်ကူးပေးခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပြီး အကယ်ဒမီဆုပေါင်းများစွာလည်း ရယူပေးနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

သင်ဇာက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ ဒါရိုက်တာ အောင်ဇော်လင်းကပုံဖော်ရိုက်ကူးခဲ့တဲ့ “အချစ်ဆုံးခရရက်ရှ်” ဆိုတဲ့ အချစ်ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် မြင့်မြတ်၊ အိချောပို၊ မေမြင့်မိုရ်တို့နဲ့ အတူတူပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်နောက်ထပ် မင်းသမီးအပြိုင်ဇာတ်လမ်းတွေကိုတော့ ရွေးချယ်ဖို့ရှိတာ နည်းသွားပါမယ်တဲ့။ “အချစ်ဆုံးခရရက်ရှ်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သင်ဇာ ပါဝင်တဲ့အခန်းတော်တော်များများက ဆင်ဆာမိခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။

၂၀၁၉ခုနှစ်မှာပဲ သန်းခေါင်ယံညဇာတ်ကားကို ရိုက်ကူးခဲ့ပြန်ပြီး horror ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုဖြစ်တဲ့ “မြမြ” ရုပ်ရှင်ကားကို ၂၀၂၀ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ရက်နေ့မှာ သရုပ်ဆောင်မင်းတော်ဝင်၊ ဒီဒီး၊ ဝင်းသပြေထွန်းတို့နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။

ကိုဗစ်ရောဂါတွေပြင်းထန်လာလို့ ရုပ်ရှင်ရုံတွေ ပိတ်ခဲ့တဲ့နောက်မှာတော့ မြမြ ရုပ်ရှင်ဇာတ်ကားကို Sky Net Pay Per View Channel ကနေတစ်ဆင့် တစ်ဖန်ပြန်လည်ထုတ်လွှင့်ခဲ့ပါတယ်။

သင်ဇာက ကိုဗစ်အသွားအလာကန့်သတ်ထားတဲ့ကာလမှာလည်း “အိမ်ထဲမှာနေရတာအသားတွေဖြူလာတယ်၊ ဝင်ငွေနဲ့ထွက်ငွေကလည်း မမျှပါဘူး တောင်းမစားရရုံတမယ်ပဲ” လို့ ရယ်လျက် သူမခံစားခဲ့ရတဲ့ ကိုဗစ်ကာလအကြပ်အတည်းတွေအေကြာင်း မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

ရုပ်ရှင်ကားတွေ၊ ဗီဒီယိုတွေနဲ့တင် အောင်မြင်နေသေးတာမဟုတ်ပဲ ခန္ဓာကိုယ်ကျစ်လစ်လှပလွန်းတဲ့သူမကို မိန်းကလေးတွေကလည်း အရမ်းအားကျကြပါတယ်။ ဒီလိုလှပတဲ့ကောက်ကြောင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာလည်း Gym ကောင်းကောင်းဆော့တတ်တဲ့ သူမရဲ့ အရည်အချင်းတွေကြောင့်နေမယ်နော်။

ပုရိသတွေရဲ့ရင်ထဲမှာတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ ခပ်မိုက်မိုက်မင်းသမီးတစ်လက်အဖြစ်နဲ့ ရေပန်းစားလျက်ရှိတဲ့ ထိပ်တန်းမင်းသမီးပဲဖြစ်ပါတယ်။ မင်းသမီးကလက်ရှိမှာတော့ အရင်လိုအလုပ်တွေပြန်လုပ်ပြီး ခရီးတွေထွက်ရတာကိုလွမ်းနေပါပြီတဲ့။

ပရိတ်သတ်တွေအားလုံးနဲ့အတူရှိနေပါတယ်လို့လည်း ဆိုပြီး ပရိတ်ရွတ်၊ မေတ္တာပို့ဆုတောင်းပွဲတွေမှာလည်း သင်ဇာက ပါဝင်ခဲ့ပါတယ်။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေအတွက်လည်း သူမရဲ့ ဆိုရှယ်မီဒီယာမှာဆုတောင်းပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ အဆိုတော်ရေမွန်ဆီကလည်း သီချင်း ၂ပုဒ်ဝယ်ထားပြီး အခုထိမဆိုရသေးခင်မှာပဲ အဆိုတော်ရေမွန်က ကွယ်လွန်သွားတယ်လို့ဆိုပါတယ်။ “ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ်၊ နင့်ဆီကဝယ်ထားတဲ့ သီချင်းနှစ်ကုဒ်ကိုတောင် ငါမဆိုရသေးဘူးလေ photo လေးတွေပြန်ရှာရင်း ငါတို့တွေသောင်းကျန်းခြ့တဲ့အချိန်လေးတွေတောင် ပြန်သွားချင်မိပါတယ်။

နင်နဲ့ပက်သက်ခဲ့တဲ့ အမှတ်တရလေးတွေကို ဒီမှာလာသိမ်းရင်း.. ငါ့ရဲ့စိတ်ထားအရမ်းကောင်းပြီး အရည်အချင်းရှိတဲ့ သူငယ်ချင်းလေး.. ရောက်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝကိုပိုင်ဆိုင်ပြီး နင့်ရဲ့အနုပညာအရည်အသွေးတွေကို အပြည့်အဝချပြနိုင်တဲ့သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်…နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ်..

နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကို ငါအမြဲတမ်းအမှတ်ရနေမှာပါ.. ငါ့သူငယ်ချင်းလေးက စိတ်ထားကောင်းလို့ကောင်းရာမွန်ရာ ရောက်မယ်ဆိုတာ ငါယုံတယ် ကောင်းကောင်းအနားယူပါတော့” ဆိုပြီး သူမရဲ့ ဆိုရှယ်မီဒီယာမှာ ဝမ်းနည်းခြင်းအကြောင်းအရာနဲ့ ဓါတ်ပုံတွေတင်ခဲ့ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ရေမွန်ဟာ သင်ဇာ နဲ့ သူငယ်ချင်းအရင်းတွေလည်းဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးကချစ်ကြတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ မင်းသမီးချောလေး သင်ဇာ ရဲ့အနုပညာမှတ်တိုင်တစ်ချို့နဲ့ ဘဝအကြောင်းကို ပရိတ်သတ်တွေသိလောက်ပြီလို့ ထင်ပါတယ်။

နောက်ထပ်လဲ ဘယ်အနုပညာရှင်တွေရဲ့ဘဝအကြောင်းကို ဖော်ပြပေးသွားမည်ဆိုတာ ဆက်လက်စောင့်ကြည့်အားပေးကြပါအုန်း ပရိသတ်ကြီးရေ…။

ခရက်ဒစ် – Cele Only

Be the first to comment on "နာမည်ကျော်ရုပ်ရှင်မင်းသမီး သင်ဇာဝင့်ကျော် ဘဝအကြောင်း"

Leave a comment

Your email address will not be published.


*