ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ CDM စစ်သား ၁၅ ဦး ထပ်မံပူးပေါင်း

အကြမ်းဖက်စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး အာဏာဖီဆန် CDM ပြုလုပ်ကာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီကို CDM စစ်သား ၁၅ ဦး ထပ်မံပူးပေါင်း လာတာကြောင့် ဆက်သွယ်ပူးပေါင်းလာကြတဲ့ စစ်သည် ၃၀ နီးပါးရှိပြီလို့ သိရပါတယ်။

ပြည်သူ့ဘက်ကို ပူးပေါင်းလာကြတဲ့ CDM စစ်သားတွေထဲမှာ ဗိုလ်အဆင့်၊ တပ်ကြပ်အဆင့်၊ ဒုတပ်ကြပ်အဆင့်နဲ့ ရဲဘော်အဆင့်တွေပါဝင်တယ်လို့ သိရပါတယ်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုတလော ဗိဿနိုးတပ်မတော်ကိုဆက်သွယ်ပြီး ပူးပေါင်းလာတဲ့သူတွေက အရင်ထက်စိပ်လာတယ်။ ပူးပေါင်းလာတဲ့သူတွေနဲ့ သူတို့မိသားစုတွေလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေရလို့ စစ်ဆင်ရေးတွေ ဆိုင်းငံ့ထားရတာပါ။ ကျနော်တို့တွေ ရပ်နေတာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဗိဿနိုးနယ်မြေပြည်သူကာကွယ်ရေးတပ်မတော်ဆီကိုဆက်သွယ်ပူးပေါင်းလာကြတဲ့ စစ်သည် အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂ လလောက်က ၁၅ ယောက်ရှိပြီး အခု အောက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာလ ၁၆ ရက်အထိ ၁၅ ယောက် ထပ်တိုးလာလို့ စုစုပေါင်း အ‌ယောက် ၃၀ ရှိပြီလို့ သိရပါတယ်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ စီမံကွပ်ကဲရေးတာဝန်ခံက ‘‘ဒီမှာရောက်လာတဲ့သူတွေက နယ်အစုံ၊ တပ်အစုံဘဲ။ ထပ်တိုးလာတဲ့သူတွေကို သူတို့သဘောဆန္ဒအတိုင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် လွတ်မြောက်နယ်မြေမှာ နေခဲ့တဲ့သူကလည်းနေခဲ့တယ်။ တခြားကိုသွားတဲ့သူကလည်းသွားတယ်။ သူတို့အတွက် အစစအရာရာ ဆောင်ရွက်ပေးနေရတယ်” လို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့အခြေစိုက် အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ်က တပ်သားတွေစုပေါင်းပြီး ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ငွေကျပ် ၁ သိန်း လှူဒါန်းထားတယ်လို့လည်း သိရပါတယ်။

စစ်ဆင်ရေးတွေဆင်နွှဲတော့မှာဖြစ်လို့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုကြတဲ့ တပ်မတော်သားတွေအနေနဲ့လည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လွတ်မြောက်နယ်မြေမှာ လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

ပြည်သူများလက်မခံသည့် အာဏာသိမ်းမှုအပြီးတွင် အာဏာသိမ်းအဖွဲ့လက်အောက်ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့များမှနေ၍ ပြည်သူ့နှင့်အတူရပ်တည်ကာ CDM လုပ်လာသူအများအပြားရှိလာပြီး ဒေသအလိုက် ပြည်သူ့တော်လှန်ရေးအင်အားစုများ၊ CDM စစ်သား၊ ရဲတပ်ဖွဲ့ဝင်များက ကြိုဆိုလက်ခံမှုများ လုပ်နေကြသည်ကို တွေ့နေရခြင်းဖြစ်သည်။

———– 

အၾကမ္းဖက္စစ္ေကာင္စီတပ္ကိုစြန႔္ခြာၿပီး အာဏာဖီဆန္ CDM ျပဳလုပ္ကာ ဗိႆႏိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ဆီကို CDM စစ္သား ၁၅ ဦး ထပ္မံပူးေပါင္း လာတာေၾကာင့္ ဆက္သြယ္ပူးေပါင္းလာၾကတဲ့ စစ္သည္ ၃၀ နီးပါးရွိၿပီလို႔ သိရပါတယ္။

ျပည္သူ႔ဘက္ကို ပူးေပါင္းလာၾကတဲ့ CDM စစ္သားေတြထဲမွာ ဗိုလ္အဆင့္၊ တပ္ၾကပ္အဆင့္၊ ဒုတပ္ၾကပ္အဆင့္နဲ႔ ရဲေဘာ္အဆင့္ေတြပါဝင္တယ္လို႔ သိရပါတယ္။

ဗိႆႏိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ရဲ႕ ျပန္ၾကားေရးတာဝန္ခံက “အခုတေလာ ဗိႆႏိုးတပ္မေတာ္ကိုဆက္သြယ္ၿပီး ပူးေပါင္းလာတဲ့သူေတြက အရင္ထက္စိပ္လာတယ္။ ပူးေပါင္းလာတဲ့သူေတြနဲ႔ သူတို႔မိသားစုေတြလုံၿခဳံေရးအတြက္ စီစဥ္ေဆာင္႐ြက္ေပးေနရလို႔ စစ္ဆင္ေရးေတြ ဆိုင္းငံ့ထားရတာပါ။ က်ေနာ္တို႔ေတြ ရပ္ေနတာမဟုတ္ပါဘူး” လို႔ ေျပာပါတယ္။

ဗိႆႏိုးနယ္ေျမျပည္သူကာကြယ္ေရးတပ္မေတာ္ဆီကိုဆက္သြယ္ပူးေပါင္းလာၾကတဲ့ စစ္သည္ အေရအတြက္ဟာ လြန္ခဲ့တဲ့ ၂ လေလာက္က ၁၅ ေယာက္ရွိၿပီး အခု ေအာက္တိုဘာလကုန္ပိုင္းကေန ႏိုဝင္ဘာလ ၁၆ ရက္အထိ ၁၅ ေယာက္ ထပ္တိုးလာလို႔ စုစုေပါင္း အ‌ေယာက္ ၃၀ ရွိၿပီလို႔ သိရပါတယ္။

ဗိႆႏိုးျပည္သူ႔ကာကြယ္ေရးအဖြဲ႕၊ စီမံကြပ္ကဲေရးတာဝန္ခံက ‘‘ဒီမွာေရာက္လာတဲ့သူေတြက နယ္အစုံ၊ တပ္အစုံဘဲ။ ထပ္တိုးလာတဲ့သူေတြကို သူတို႔သေဘာဆႏၵအတိုင္း ဗိႆႏိုးျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ လြတ္ေျမာက္နယ္ေျမမွာ ေနခဲ့တဲ့သူကလည္းေနခဲ့တယ္။ တျခားကိုသြားတဲ့သူကလည္းသြားတယ္။ သူတို႔အတြက္ အစစအရာရာ ေဆာင္႐ြက္ေပးေနရတယ္” လို႔ ဆိုပါတယ္။

ႏိုဝင္ဘာ ၉ ရက္ေန႔ကလည္း ေတာင္တြင္းႀကီးၿမိဳ႕အေျခစိုက္ အမွတ္ ၇ စစ္အေျခခံ ေလ့က်င့္ေရးတပ္က တပ္သားေတြစုေပါင္းၿပီး ဗိႆႏိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ကို ေငြက်ပ္ ၁ သိန္း လႉဒါန္းထားတယ္လို႔လည္း သိရပါတယ္။

စစ္ဆင္ေရးေတြဆင္ႏႊဲေတာ့မွာျဖစ္လို႔ ျပည္သူ႔ရင္ခြင္ကို ခိုလႈံလိုၾကတဲ့ တပ္မေတာ္သားေတြအေနနဲ႔လည္း ဗိႆႏိုးျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ရဲ႕ လြတ္ေျမာက္နယ္ေျမမွာ လာေရာက္ပူးေပါင္းၾကဖို႔ ဖိတ္ေခၚထားတယ္လို႔လည္း သိရပါတယ္။

ျပည္သူမ်ားလက္မခံသည့္ အာဏာသိမ္းမႈအၿပီးတြင္ အာဏာသိမ္းအဖြဲ႕လက္ေအာက္ရွိ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ားမွေန၍ ျပည္သူ႔ႏွင့္အတူရပ္တည္ကာ CDM လုပ္လာသူအမ်ားအျပားရွိလာၿပီး ေဒသအလိုက္ ျပည္သူ႔ေတာ္လွန္ေရးအင္အားစုမ်ား၊ CDM စစ္သား၊ ရဲတပ္ဖြဲ႕ဝင္မ်ားက ႀကိဳဆိုလက္ခံမႈမ်ား လုပ္ေနၾကသည္ကို ေတြ႕ေနရျခင္းျဖစ္သည္။

Be the first to comment on "ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ CDM စစ်သား ၁၅ ဦး ထပ်မံပူးပေါင်း"

Leave a comment

Your email address will not be published.


*