ကိုဗစ်ကာကွယ်‌ဆေး မြန်မာပြည်ကို နောက်နှစ် (၄) လထဲ ရောက်မည်၊ ဆေးအလုံးရေ (၁၁) သန်းနီးပါး အစိုးရ မှာယူမည်

ကိုဗစ္ကာကြယ္‌ေဆး ျမန္မာျပည္ကို ေနာက္ႏွစ္ (၄) လထဲ ေရာက္မည္၊ ေဆးအလုံးေရ (၁၁) သန္းနီးပါး အစိုးရ မွာယူမည္

ကိုဗစ္ကာကြယ္ေဆးဟာ ျမန္မာနိုင္ငံကို ၂၀၂၁ ခုႏွစ္ ပထမ(၄)လပတ္ထဲ ေရာက္ရွိနိုင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ခန႔္မွန္းထားပါတယ္။

“တစ္ခုပဲမွန္းလို႔ရတာကေတာ့ ပထမ(၄)ပတ္မွာ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီ၊ မတ္၊ ဧၿပီ ေလာက္မွာေတာ့ ပထမအသုတ္ စရနိုင္ေကာင္းတယ္ေပါ့ေနာ္။ အဲလိုပဲသိပါတယ္။”လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ညြန္ၾကားေရးမွူး ေဒါက္တာသန္းနိုင္စိုးက ေျပာပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီးရဲ့ နိုင္ငံေပါင္း (၉၂) နိုင္ငံကို ကာကြယ္ေဆးေထာက္ပံ့ေပးမယ့္ အစီအစဥ္မွာေတာ့ ျမန္မာနိုင္ငံအတြက္ လူဦးေရ(၂၀)ရာခိုင္ႏွုန္းအထိ ေထာက္ပံ့ေပးဖို႔ သေဘာတူညီခ်က္ရရွိထားပါတယ္။

“အဲဒီအထဲက (၃)ရာခိုင္ႏွုန္းရမလား၊ (၂)ရာခိုင္ႏွုန္းရမလား မသိရေသးဘူး။ တကယ္လာမွပဲ တကယ္ရတဲ့ပမာဏကို သိရမယ္။ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီးေျပာရတာ အရမ္းေစာတယ္။ အခ်က္အလက္ေတြက မခိုင္မာေသးေတာ့ေလ ရမ္းသန္းမေျပာခ်င္ဘူး။ ဘယ္ေဆးရမလဲဆိုတာ မသိရေသးဘူး။”လို႔ ေဒါက္တာသန္းနိုင္စိုးက ေျပာပါတယ္။

ျမန္မာ့လူဦးေရ (၂၀) ရာခိုင္ႏွုန္းအတြက္ ကိုဗစ္ကာကြယ္ေဆး အခမဲ့ရရွိမွာ ျဖစ္ၿပီး ေနာက္ထပ္လူဦးေရ (၂၀) ရာခိုင္ႏွုန္းျဖစ္တဲ့ (၁၀.၈သန္း)အတြက္ ကိုဗစ္ကာကြယ္ေဆး ထပ္မံဝယ္ယူသြားမွာျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရး ဦးစီး ဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရး ဌာနခြဲ၊ညႊန္ၾကားေရးမွူး ေဒါက္တာခင္ခင္ႀကီး ကေျပာပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕နဲ႔၊ GARVI(ဂါဗီ)အဖြဲ႕အစည္းတို႔ ပူးေပါင္းထားတဲ့ COVAX(ကိုဗက္စ္)အဖြဲ႕ဝင္နိုင္ငံေတြမွာ ျမန္မာနိုင္ငံပါဝင္တဲ့အတြက္ အခုလို ကာကြယ္ေဆးအခမဲ့ရရွိမွာျဖစ္ၿပီး (၃) ရာခိုင္ႏွုန္းက (၂၀၂၁) ဒုတိယသုံးလပတ္နဲ႔ က်န္တဲ့ (၁၇) ရာခိုင္ႏွုန္းက (၂၀၂၁) တတိယသုံးလပတ္မွာ ရရွိမွာ ျဖစ္ပါတယ္။

ဒီအျပင္ GARVI(ဂါဗီ) အဖြဲ႕အစည္းရဲ့ အကူအညီနဲ႔ ေနာက္ထပ္ လူဦးေရ ၂၀ ရာခိုင္ႏွုန္းျဖစ္တဲ့ (၁၀.၈)သန္းအတြက္ ကာကြယ္ေဆးေတြ ထပ္မံဝယ္ယူဖို႔ တင္ထားၿပီးျဖစ္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

‘ကာကြယ္ေဆးတစ္လုံးကို (၅) ေဒၚလာက်မယ္ဆိုရင္ (၅)ေဒၚလာ။ သယ္ယူစရိတ္က ေဒၚလာတစ္ဝက္ဆိုရင္ (၅.၅) ေဒၚလာနဲ႔ လူဦးေရ (၁၀.၈) သန္းအတြက္(လူဦးေရ ၂၀ရာခိုင္ႏွုန္း) ေနာက္ထပ္မွာယူဖို႔ ဒါကိုတင္ထားၿပီးလည္း ျဖစ္ပါတယ္။ကာကြယ္ေဆး ေပၚလာၿပီဆိုရင္ ကာကြယ္ေဆးရဲ့ ေဘးကင္းလုံျခဳံမွု စိတ္ခ်ရမွု ဆိုတာက ရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ အခုဆိုရင္ ကာကြယ္ေဆးတစ္ခုစီအလိုက္ ကာကြယ္ေဆးထိုးၿပီးရင္ ဘယ္ေလာက္ထိ စိတ္ခ်ရ သလဲ။ ဘယ္လို ေနာက္ဆက္တြဲေရာဂါေတြလကၡဏာ ေတြရွိလဲဆိုတာကို အျမဲ မျပတ္ ေစာင့္ၾကည့္ၿပီး ေလ့လာ ေနပါတယ္”လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ျမန္မာနိုင္ငံအေနနဲ႔ COVAX(ကိုဗက္စ္)အဖြဲ႕နဲ႔ GARVI(ဂါဗီ)အဖြဲ႕အစည္းတို႔က ေရြးခ်ယ္ေပးတဲ့ ကာကြယ္ေဆးေတြကို ဦးစြာရရွိမွာျဖစ္ၿပီး အေမရိကန္၊ ႐ုရွား၊ ယူေက ၊အိႏၵိယ၊ တ႐ုတ္အစရွိတဲ့ နိုင္ငံေတြနဲ႔ သံတမန္ခ်င္းခ်ိတ္ဆက္ၿပီး ကာကြယ္ေဆးရရွိဖို႔လည္း ေဆာင္ရြက္ေနပါတယ္။

ကာကြယ္ေဆးရရွိလာရင္ ပုဂၢလိကေဆး႐ုံနဲ႔ ေဆးစစ္ဌာနေတြကိုလည္း ကာကြယ္ေဆးထိုးခြင့္ေပးမွာျဖစ္တဲ့ အတြက္က ာကြယ္ေဆး ဝယ္ယူခြင့္၊ ထိုးႏွံခြင့္ေတြ ေပးနိုင္ေအာင္ ေဆာင္ရြက္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

အခုအခ်ိန္မွာေတာ့ ကမၻာ့နိုင္ငံႀကီးေတြက Pfizer-BioNtech နဲ႔ Moderna တို႔ကို ကိုဗစ္ကာကြယ္ေဆးအျဖစ္ အသိအမွတ္ျပဳထားပါတယ္။ ျမန္မာနိုင္ငံမွာေတာ့ ဒီဇင္ဘာလ(၂၂)ရက္ေန႔ညပိုင္းအထိ ကိုဗစ္အတည္ျပဳလူနာ (၁) သိန္းေက်ာ္၊ ေဆး႐ုံကဆင္းခြင့္ရသူ (၉) ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ (၂) ေထာင္ေက်ာ္ရွိေနပါတယ္။

————

ကိုဗစ်ကာကွယ်‌ဆေး မြန်မာပြည်ကို နောက်နှစ် (၄) လထဲ ရောက်မည်၊ ဆေးအလုံးရေ (၁၁) သန်းနီးပါး အစိုးရ မှာယူမည်

ကိုဗစ်ကာကွယ်ဆေးဟာ မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ် ပထမ(၄)လပတ်ထဲ ရောက်ရှိနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

“တစ်ခုပဲမှန်းလို့ရတာကတော့ ပထမ(၄)ပတ်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ လောက်မှာတော့ ပထမအသုတ် စရနိုင်ကောင်းတယ်ပေါ့နော်။ အဲလိုပဲသိပါတယ်။”လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နိုင်ငံပေါင်း (၉၂) နိုင်ငံကို ကာကွယ်ဆေးထောက်ပံ့ပေးမယ့် အစီအစဉ်မှာတော့ မြန်မာနိုင်ငံအတွက် လူဦးရေ(၂၀)ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးဖို့ သဘောတူညီချက်ရရှိထားပါတယ်။

“အဲဒီအထဲက (၃)ရာခိုင်နှုန်းရမလား၊ (၂)ရာခိုင်နှုန်းရမလား မသိရသေးဘူး။ တကယ်လာမှပဲ တကယ်ရတဲ့ပမာဏကို သိရမယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးပြောရတာ အရမ်းစောတယ်။ အချက်အလက်တွေက မခိုင်မာသေးတော့လေ ရမ်းသန်းမပြောချင်ဘူး။ ဘယ်ဆေးရမလဲဆိုတာ မသိရသေးဘူး။”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

မြန်မာ့လူဦးရေ (၂၀) ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေး အခမဲ့ရရှိမှာ ဖြစ်ပြီး နောက်ထပ်လူဦးရေ (၂၀) ရာခိုင်နှုန်းဖြစ်တဲ့ (၁၀.၈သန်း)အတွက် ကိုဗစ်ကာကွယ်ဆေး ထပ်မံဝယ်ယူသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၊ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့၊ GARVI(ဂါဗီ)အဖွဲ့အစည်းတို့ ပူးပေါင်းထားတဲ့ COVAX(ကိုဗက်စ်)အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်တဲ့အတွက် အခုလို ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး (၃) ရာခိုင်နှုန်းက (၂၀၂၁) ဒုတိယသုံးလပတ်နဲ့ ကျန်တဲ့ (၁၇) ရာခိုင်နှုန်းက (၂၀၂၁) တတိယသုံးလပတ်မှာ ရရှိမှာ ဖြစ်ပါတယ်။

ဒီအပြင် GARVI(ဂါဗီ) အဖွဲ့အစည်းရဲ့ အကူအညီနဲ့ နောက်ထပ် လူဦးရေ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ (၁၀.၈)သန်းအတွက် ကာကွယ်ဆေးတွေ ထပ်မံဝယ်ယူဖို့ တင်ထားပြီးဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

‘ကာကွယ်ဆေးတစ်လုံးကို (၅) ဒေါ်လာကျမယ်ဆိုရင် (၅)ဒေါ်လာ။ သယ်ယူစရိတ်က ဒေါ်လာတစ်ဝက်ဆိုရင် (၅.၅) ဒေါ်လာနဲ့ လူဦးရေ (၁၀.၈) သန်းအတွက်(လူဦးရေ ၂၀ရာခိုင်နှုန်း) နောက်ထပ်မှာယူဖို့ ဒါကိုတင်ထားပြီးလည်း ဖြစ်ပါတယ်။ကာကွယ်ဆေး ပေါ်လာပြီဆိုရင် ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု စိတ်ချရမှု ဆိုတာက ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင် ကာကွယ်ဆေးတစ်ခုစီအလိုက် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက်ထိ စိတ်ချရ သလဲ။ ဘယ်လို နောက်ဆက်တွဲရောဂါတွေလက္ခဏာ တွေရှိလဲဆိုတာကို အမြဲ မပြတ် စောင့်ကြည့်ပြီး လေ့လာ နေပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ COVAX(ကိုဗက်စ်)အဖွဲ့နဲ့ GARVI(ဂါဗီ)အဖွဲ့အစည်းတို့က ရွေးချယ်ပေးတဲ့ ကာကွယ်ဆေးတွေကို ဦးစွာရရှိမှာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ ယူကေ ၊အိန္ဒိယ၊ တရုတ်အစရှိတဲ့ နိုင်ငံတွေနဲ့ သံတမန်ချင်းချိတ်ဆက်ပြီး ကာကွယ်ဆေးရရှိဖို့လည်း ဆောင်ရွက်နေပါတယ်။

ကာကွယ်ဆေးရရှိလာရင် ပုဂ္ဂလိကဆေးရုံနဲ့ ဆေးစစ်ဌာနတွေကိုလည်း ကာကွယ်ဆေးထိုးခွင့်ပေးမှာဖြစ်တဲ့ အတွက်က ာကွယ်ဆေး ဝယ်ယူခွင့်၊ ထိုးနှံခွင့်တွေ ပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

အခုအချိန်မှာတော့ ကမ္ဘာ့နိုင်ငံကြီးတွေက Pfizer-BioNtech နဲ့ Moderna တို့ကို ကိုဗစ်ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီဇင်ဘာလ(၂၂)ရက်နေ့ညပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ (၁) သိန်းကျော်၊ ဆေးရုံကဆင်းခွင့်ရသူ (၉) သောင်းကျော်နဲ့ သေဆုံးသူ (၂) ထောင်ကျော်ရှိနေပါတယ်။

Be the first to comment on "ကိုဗစ်ကာကွယ်‌ဆေး မြန်မာပြည်ကို နောက်နှစ် (၄) လထဲ ရောက်မည်၊ ဆေးအလုံးရေ (၁၁) သန်းနီးပါး အစိုးရ မှာယူမည်"

Leave a comment

Your email address will not be published.


*