မြန်မာ့ဒီမိုကရေစီရရှိဖို့ တရုတ်က နိုင်ငံတကာနဲ့အတူ ကူညီသွားမယ်ဟု ဆို
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်မှုတွေ ပြန်ရရှိစေရေးကို ကူညီဖို့ တရုတ်နိုင်ငံဟာ နိုင်ငံတကာနဲ့အတူ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇောင်လီကျင်းက အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တဲ့အကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်ဟာ မြန်မာနဲ့ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာ့နိုင်ငံရေးပြဿနာအဖြေရှာရေးမှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်ရေးကို အခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းကနေ အားပေးကူညီသွားမယ်လို့လည်း ဆိုပါတယ်။
လတ်တလော တရုတ်နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ် ဆွန်းကော်ရှင်း ဟာ မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ရောက်လာတာဖြစ်ပြီး ဒါဟာ SAC က အာဏာရယူနောက်ပိုင်း ဒုတိယအကြိမ်ရောက်လာတာလည်းဖြစ်ပါတယ်။
အခုခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့လည်း ဆွန်းကော်ရှင်း တွေ့ဆုံခဲ့ပါတယ်။
အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးမှာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုတွေကို တရုတ် နိုင်ငံက တက်တက်ကြွကြွအားပေးထောက်ခံသွားမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇောင်လီကျင်းက ပြောခဲ့ပါတယ်။
အခုလကုန်ပိုင်းမှာ တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲရှိနေပေမယ့် အဲဒီအစည်းအဝေးမှာ မြန်မာဘက်က ခေါင်းဆောင်ကို တက်ခွင့်ပေး၊ မပေး မသိရသေးပါဘူး။
နိုဝင်ဘာ၁၆ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( NUCC ) သတင်းစာရှင်းလင်းပွဲမှာ NUCC ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကNUCCအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ပြန်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
————–
ျမန္မာ့ဒီမိုကေရစီရရွိဖို႔ တ႐ုတ္က ႏိုင္ငံတကာနဲ႔အတူ ကူညီသြားမယ္ဟု ဆို
ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးနဲ႔ တည္ၿငိမ္မႈေတြ ျပန္ရရွိေစေရးကို ကူညီဖို႔ တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံတကာနဲ႔အတူ လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဇာင္လီက်င္းက အဂၤါေန႔ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္တဲ့အေၾကာင္း တ႐ုတ္အစိုးရပိုင္ Global Times သတင္းမွာ ေဖာ္ျပထားပါတယ္။
တ႐ုတ္ဟာ ျမန္မာနဲ႔ရင္းႏွီးတဲ့ အိမ္နီးခ်င္းႏိုင္ငံျဖစ္ၿပီး ျမန္မာ့ႏိုင္ငံေရးျပႆနာအေျဖရွာေရးမွာ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းမႈေတြ ျဖစ္ေပၚေရးကို အေျခခံဥပေဒနဲ႔ ဥပေဒေဘာင္အတြင္းကေန အားေပးကူညီသြားမယ္လို႔လည္း ဆိုပါတယ္။
လတ္တေလာ တ႐ုတ္ႏိုင္ငံရဲ႕အာဆီယံေရးရာအထူးကိုယ္စားလွယ္ ဆြန္းေကာ္ရွင္း ဟာ ျမန္မာႏိုင္ငံမွာ ေရာက္ေနပါတယ္။ ႏိုဝင္ဘာလ ၁၅ ရက္ေန႔က ေရာက္လာတာျဖစ္ၿပီး ဒါဟာ SAC က အာဏာရယူေနာက္ပိုင္း ဒုတိယအႀကိမ္ေရာက္လာတာလည္းျဖစ္ပါတယ္။
အခုခရီးစဥ္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္တို႔နဲ႔လည္း ဆြန္းေကာ္ရွင္း ေတြ႕ဆုံခဲ့ပါတယ္။
အာဆီယံအသင္းရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဘုံသေဘာတူခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ေရးမွာ ျမန္မာဘက္က ပူးေပါင္းေဆာင္႐ြက္မႈေတြကို တ႐ုတ္ ႏိုင္ငံက တက္တက္ႂကြႂကြအားေပးေထာက္ခံသြားမွာျဖစ္တယ္လို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဇာင္လီက်င္းက ေျပာခဲ့ပါတယ္။
အခုလကုန္ပိုင္းမွာ တ႐ုတ္နဲ႔ အာဆီယံေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးေဆြးေႏြးပြဲရွိေနေပမယ့္ အဲဒီအစည္းအေဝးမွာ ျမန္မာဘက္က ေခါင္းေဆာင္ကို တက္ခြင့္ေပး၊ မေပး မသိရေသးပါဘူး။
ႏိုဝင္ဘာ၁၆ရက္ေန႔က အြန္လိုင္းကေနျပဳလုပ္တဲ့အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ( NUCC ) သတင္းစာရွင္းလင္းပြဲမွာ NUCC ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ကိုမင္းကိုႏိုင္ကNUCCအေနနဲ႔ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒေအာက္ကို ျပန္သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
Be the first to comment on "မြန်မာ့ဒီမိုကရေစီရရှိဖို့ တရုတ်က နိုင်ငံတကာနဲ့အတူ ကူညီသွားမယ်ဟု ဆို"