နိုဝင်ဘာ ၉ ကလည်း ထိုအဖွဲ့ထံသို့ပင် အမှတ် (၇) လေ့ကျင့်ရေးတပ်မှ ဖရဲသီးက ကျပ်ငွေ တစ်သိန်း လှူဒါန်းကြောင်း ထုတ်ပြန်ထားသည်။
ခမရ-၁၆ မှ တပ်မိသားစုဝင် ၁၆ ဦးက ကျပ်ငါးသိန်း လှူဒါန်းခဲ့ကြောင်း MPDF က ယမန်နေ့ (နိုဝင်ဘာ ၁၅) တွင် သတင်းထုတ်ပြန်ပြီး၊ ထိုသို့လှူဒါန်းရာတွင် ခမရ ၁၆ မှ မိသားစုဝင်များအမည်ဖြင့် ဖော်ပြပေးရန် မေတ္တာရပ်ခံသဖြင့် ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု MPDF မှ တာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၁၆)ကနေ စစ်ကောင်စီပြုတ်ကျရေးအတွက်
မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)ကို အလှူငွေ ၅သိန်းထောက်ပံ့လှူဒါန်းတယ်လို့ MPDF က နိုဝင်ဘာလ ၁၄ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေး၊ ပြည်သူ့အာဏာ ပြည်သူ့ထံအပ်နှံနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးဦးတည်ချက်တွေနဲ့
တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကို အလှူငွေ ၅သိန်းထောက်ပံ့လှူဒါန်းတဲ့အတွက် မုံရွာအခြေစိုက် ခမရ (၁၆)ကို ကျေးဇူးတင်ဂုဏ်ပြု့တယ်လို့ MPDFက ဆိုပါတယ်။
“ဒီမှာတော့ Option (ရွေးချယ်စရာ) နှစ်ခု ရှိနိုင်တာပေါ့။ တကယ်လှူတာလား။ သို့မဟုတ် အစုအဖွဲ့တစ်ခုက လှူပေးတာလားဆိုတာတော့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ဖို့ ခက်ပါတယ်။ တော်တော်များများကို Announcement (ကြေညာချက်) မလုပ်တာများပါတယ်။ အလှူရှင်တစ်ဦးချင်းစီရဲ့ လုံခြုံရေးအရပေါ့နော်။ ဒီတစ်ခုသည် (ခမရ ၁၆ နာမည်နဲ့) တောင်းဆိုတာလည်း လုပ်လာတယ်။ ကြေညာဖို့လည်း ခွင့်ပြုပေးတယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို ခုခံတော်လှန်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းရာ ဒေသများသို့ စစ်ကူရန် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ ရောက်လာသည့် တပ်မ ၇၇၊ ၉၉၊ ၃၃ အပါဝင် အခြားတပ်ရင်း၊ တပ်မများနှင့်အတူ ခမရ ၁၆ လည်း ပါဝင်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အခြေစိုက် ဗိဿနိုးမြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ရန်ကုန်အခြေစိုက် ပျူစောထီးအဖွဲ့အမည်ဖြင့် ကျပ်ငွေ လေးသိန်းခွဲ လှူဒါန်းခဲ့သည်။
ခုခံတော်လှန်မှု ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းတွင်းရှိ မြို့ရွာများကို အာဏာသိမ်းစစ်ကောင်စီက အပြင်းအထန်ဖိနှိပ်လျက်ရှိရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြာင်းဖြင့်ပါတိုက်ခိုက်လျက်ရှိသည်။
Ref RiSE_News & Myanmar Now
———–
ႏိုဝင္ဘာ ၉ ကလည္း ထိုအဖြဲ႕ထံသို႔ပင္ အမွတ္ (၇) ေလ့က်င့္ေရးတပ္မွ ဖရဲသီးက က်ပ္ေငြ တစ္သိန္း လႉဒါန္းေၾကာင္း ထုတ္ျပန္ထားသည္။
ခမရ-၁၆ မွ တပ္မိသားစုဝင္ ၁၆ ဦးက က်ပ္ငါးသိန္း လႉဒါန္းခဲ့ေၾကာင္း MPDF က ယမန္ေန႔ (ႏိုဝင္ဘာ ၁၅) တြင္ သတင္းထုတ္ျပန္ၿပီး၊ ထိုသို႔လႉဒါန္းရာတြင္ ခမရ ၁၆ မွ မိသားစုဝင္မ်ားအမည္ျဖင့္ ေဖာ္ျပေပးရန္ ေမတၱာရပ္ခံသျဖင့္ ထုတ္ျပန္ေၾကညာရျခင္းျဖစ္သည္ဟု MPDF မွ တာဝန္ခံတစ္ဦးက Myanmar Now ကို ေျပာသည္။
စစ္ကိုင္းတိုင္း ၊ မုံ႐ြာၿမိဳ႕ အေျခစိုက္ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ေျချမန္တပ္ရင္း ခမရ (၁၆)ကေန စစ္ေကာင္စီျပဳတ္က်ေရးအတြက္
မုံ႐ြာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (MPDF)ကို အလႉေငြ ၅သိန္းေထာက္ပံ့လႉဒါန္းတယ္လို႔ MPDF က ႏိုဝင္ဘာလ ၁၄ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။
စစ္အာဏာရွင္အျမစ္ျပတ္ေျခမႈန္းေရး၊ ျပည္သူ႔အာဏာ ျပည္သူ႔ထံအပ္ႏွံႏိုင္ေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္သစ္တည္ေဆာက္ႏိုင္ေရးဦးတည္ခ်က္ေတြနဲ႔
တိုက္ပြဲဝင္ေနတဲ့ရဲေဘာ္ေတြကို အလႉေငြ ၅သိန္းေထာက္ပံ့လႉဒါန္းတဲ့အတြက္ မုံ႐ြာအေျခစိုက္ ခမရ (၁၆)ကို ေက်းဇူးတင္ဂုဏ္ျပဳ႕တယ္လို႔ MPDFက ဆိုပါတယ္။
“ဒီမွာေတာ့ Option (ေ႐ြးခ်ယ္စရာ) ႏွစ္ခု ရွိႏိုင္တာေပါ့။ တကယ္လႉတာလား။ သို႔မဟုတ္ အစုအဖြဲ႕တစ္ခုက လႉေပးတာလားဆိုတာေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ သုံးသပ္ဖို႔ ခက္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားကို Announcement (ေၾကညာခ်က္) မလုပ္တာမ်ားပါတယ္။ အလႉရွင္တစ္ဦးခ်င္းစီရဲ႕ လုံၿခဳံေရးအရေပါ့ေနာ္။ ဒီတစ္ခုသည္ (ခမရ ၁၆ နာမည္နဲ႔) ေတာင္းဆိုတာလည္း လုပ္လာတယ္။ ေၾကညာဖို႔လည္း ခြင့္ျပဳေပးတယ္” ဟု အထက္ပါတာဝန္ခံက ေျပာသည္။
စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီကို ခုခံေတာ္လွန္ေနသည့္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ား အားေကာင္းရာ ေဒသမ်ားသို႔ စစ္ကူရန္ မုံ႐ြာၿမိဳ႕အေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (နမခ) သို႔ ေရာက္လာသည့္ တပ္မ ၇၇၊ ၉၉၊ ၃၃ အပါဝင္ အျခားတပ္ရင္း၊ တပ္မမ်ားႏွင့္အတူ ခမရ ၁၆ လည္း ပါဝင္သည္ဟု ဆိုသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၉ ရက္ကလည္း မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္အေျခစိုက္ ဗိႆႏိုးေျမ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ကို ရန္ကုန္အေျခစိုက္ ပ်ဴေစာထီးအဖြဲ႕အမည္ျဖင့္ က်ပ္ေငြ ေလးသိန္းခြဲ လႉဒါန္းခဲ့သည္။
ခုခံေတာ္လွန္မႈ ျပင္းထန္ေနသည့္ စစ္ကိုင္းတိုင္းတြင္းရွိ ၿမိဳ႕႐ြာမ်ားကို အာဏာသိမ္းစစ္ေကာင္စီက အျပင္းအထန္ဖိႏွိပ္လ်က္ရွိရာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး စစ္တပ္က ေလၾကာင္းျဖင့္ပါတိုက္ခိုက္လ်က္ရွိသည္။
Ref RiSE_News & Myanmar Now
Be the first to comment on "ခြေမြန်တပ်ရင်း (၁၆)အတွင်းက စစ်ကောင်စီပြုတ်ကျရေးအတွက် မုံရွာ PDFကို အလှူငွေ ၅သိန်း လှူဒါန်း"