တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တွင် ဆိုင်ကယ်တစ်စီးပေါ် အမျိုးသားနှစ်ဦး အတူစီးနင်းလျှင် သေနတ်ဖြင့် ပစ်ခတ်မည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားကြာင်း မြို့ခံများထံမှ သိရသည်။
အဆိုပါ မြို့နယ်နှစ်ခုတွင် အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ညွှန်ကြားချက်ကို လိုက်လံအကြောင်းကြားခြင်းဖြစ်ပြီး ထိုအမိန့်သည် လာမည့် နိုဝင်ဘာ ၁၈ရက်မှ စတင်ကာ အသက်ဝင်မည်ဟု သိရသည်။
“အခုလိုမျိုး မဟုတ်တမ်းတရမ်းတွေ သတင်းတွေ ထုတ်နေတာတော့ မဖြစ်သင့်ဘူးလေ။ ကျွန်တော်တို့လို ဆိုင်ကယ် ကယ်ရီ ဆွဲနေတဲ့ သူတွေ အတွက်တော့ အများကြီး ဒုက္ခရောက်ပါတယ်“ဟု မြိတ်မြို့တွင် ဆိုင်ကယ် ကယ်ရီဆွဲနေသူ အမျိုးသား တစ်ဦးက ပြောသည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် ဆိုင်ကယ်တစ်စီးအမျိုးသား နှစ်ဦး မစီးရ ၊ အမျိုးသမီးတစ်ဦး နောက်တွင် အမျိုးသားတစ်ဦးလိုက်ပါ စီးနင်းခြင်း မပြုရ ၊ အမျိုးသားတစ်ဦး၏ နောက်တွင် အမျိုးသမီးလိုက်ပါ စီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်သည်ဟု ဖော်ပြထားသည်။
နိုဝင်ဘာ ၁၃ ရက်မှ စ၍ နိုဝင်ဘာ ၁၆ ရက် အထိ ပညာပေးကာလအဖြစ် ခွင့်ပြု စီးနင်းခွင့် ပေးထားကာ နို၀င်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီး အရေးယူမည်ဖြစ်ပြီး နောက်ပိုင်းတွင် လိုက်နာမှု မရှိသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မုံရွာမြို့တွင်လည်း အလားတူ အမိန့်ကို ထုတ်ပြန်ထားသည်ဟု ဒေသခံများထံက သိရသည်။
“ဆိုင်ကယ်စီးတာမှာ ယောကျ်ား နှစ်ယောက် တွဲစီးလို့ မရဘူး။ ယောကျ်ားလေးက ရှေ့က မောင်းပြီး အမျိုးသမီးက နောက်က ထိုင်လို့တော့ရတယ်။ အမျိုးသမီးမောင်းတဲ့ နောက်မှာလည်း ယောကျ်ားက ထိုင်စီးလို့ မရဘူး။ အမျိုးသမီး နှစ်ယောက်တော့ စီးလို့ရတယ်” ဟု မုံရွာမြို့ခံ တစ်ဦးက ပြောသည်။
ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက်တွင် မုံရွာမြို့ အတွင်းရှိ ကျောက္ကာလမ်းနှင့် ဘိုတေဇလမ်းထောင့် ၊ မိုးကောင်း မြဝတီရုံးအနီး ၊ ဝင်းယူနတီဟိုတယ်နှင့် အာမခံရုံးအကြား ၊ ကမ်းနားလမ်းဇာတ်ဆိပ် ၊
ပြည်ထောင်စုလမ်း မီးပွိုင့် နှင့် ဘူတာ ရှေ့များတွင် ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေး နေပြီး ညွှန်ကြားချက်နှင့် မကိုက်ညီသူများထံက ငွေတောင်းရမ်းနေသည်ဟုလည်း ဒေသခံက ပြောသည်။
————
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္ႏွင့္ ၿမိတ္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္တစ္စီးေပၚ အမ်ိဳးသားႏွစ္ဦး အတူစီးနင္းလွ်င္ ေသနတ္ျဖင့္ ပစ္ခတ္မည္ဟု စစ္ေကာင္စီက သတင္းထုတ္ျပန္ထားၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။
အဆိုပါ ၿမိဳ႕နယ္ႏွစ္ခုတြင္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားမွတစ္ဆင့္ ၫႊန္ၾကားခ်က္ကို လိုက္လံအေၾကာင္းၾကားျခင္းျဖစ္ၿပီး ထိုအမိန႔္သည္ လာမည့္ ႏိုဝင္ဘာ ၁၈ရက္မွ စတင္ကာ အသက္ဝင္မည္ဟု သိရသည္။
“အခုလိုမ်ိဳး မဟုတ္တမ္းတရမ္းေတြ သတင္းေတြ ထုတ္ေနတာေတာ့ မျဖစ္သင့္ဘူးေလ။ ကြၽန္ေတာ္တို႔လို ဆိုင္ကယ္ ကယ္ရီ ဆြဲေနတဲ့ သူေတြ အတြက္ေတာ့ အမ်ားႀကီး ဒုကၡေရာက္ပါတယ္“ဟု ၿမိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ ကယ္ရီဆြဲေနသူ အမ်ိဳးသား တစ္ဦးက ေျပာသည္။
အဆိုပါ အမိန္႔ထုတ္ျပန္ခ်က္တြင္ ဆိုင္ကယ္တစ္စီးအမ်ိဳးသား ႏွစ္ဦး မစီးရ ၊ အမ်ိဳးသမီးတစ္ဦး ေနာက္တြင္ အမ်ိဳးသားတစ္ဦးလိုက္ပါ စီးနင္းျခင္း မျပဳရ ၊ အမ်ိဳးသားတစ္ဦး၏ ေနာက္တြင္ အမ်ိဳးသမီးလိုက္ပါ စီးနင္းႏိုင္သည္၊ အမ်ိဳးသမီးႏွစ္ဦး စီးနင္းႏိုင္သည္ဟု ေဖာ္ျပထားသည္။
ႏိုဝင္ဘာ ၁၃ ရက္မွ စ၍ ႏိုဝင္ဘာ ၁၆ ရက္ အထိ ပညာေပးကာလအျဖစ္ ခြင့္ျပဳ စီးနင္းခြင့္ ေပးထားကာ ႏို၀င္ဘာ ၁၆ ရက္ႏွင့္ ၁၇ ရက္တို႔တြင္ ဖမ္းဆီး အေရးယူမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ လိုက္နာမႈ မရွိသူမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္မည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
မုံ႐ြာၿမိဳ႕တြင္လည္း အလားတူ အမိန႔္ကို ထုတ္ျပန္ထားသည္ဟု ေဒသခံမ်ားထံက သိရသည္။
“ဆိုင္ကယ္စီးတာမွာ ေယာက်္ား ႏွစ္ေယာက္ တြဲစီးလို႔ မရဘူး။ ေယာက်္ားေလးက ေရွ႕က ေမာင္းၿပီး အမ်ိဳးသမီးက ေနာက္က ထိုင္လို႔ေတာ့ရတယ္။ အမ်ိဳးသမီးေမာင္းတဲ့ ေနာက္မွာလည္း ေယာက်္ားက ထိုင္စီးလို႔ မရဘူး။ အမ်ိဳးသမီး ႏွစ္ေယာက္ေတာ့ စီးလို႔ရတယ္” ဟု မုံ႐ြာၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
ယေန႔ ႏိုဝင္ဘာ ၁၅ ရက္ နံနက္တြင္ မုံ႐ြာၿမိဳ႕ အတြင္းရွိ ေက်ာကၠာလမ္းႏွင့္ ဘိုေတဇလမ္းေထာင့္ ၊ မိုးေကာင္း ျမဝတီ႐ုံးအနီး ၊ ဝင္းယူနတီဟိုတယ္ႏွင့္ အာမခံ႐ုံးအၾကား ၊ ကမ္းနားလမ္းဇာတ္ဆိပ္ ၊ ျပည္ေထာင္စုလမ္း မီးပြိဳင့္ ႏွင့္ ဘူတာ ေရွ႕မ်ားတြင္ ဆိုင္ကယ္မ်ားကို ဖမ္းဆီးစစ္ေဆး ေနၿပီး ၫႊန္ၾကားခ်က္ႏွင့္ မကိုက္ညီသူမ်ားထံက ေငြေတာင္းရမ္းေနသည္ဟုလည္း ေဒသခံက ေျပာသည္။
Be the first to comment on "အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးလျှင် ပစ်ခတ်မည်ဟု စစ်ကောင်စီ ထုတ်ပြန်"