အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို ပြန်လွှတ်ပေးရတဲ့ အကြောင်းရင်းကို ဇော်မင်းထွန်း ဖြေရှင်း

အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန်နဲ့ ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းတာမဟုတ်ဘူးလို့ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒန်နီဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ပြီး ၃ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ဘယ်လိုအပေးအယူရှိခဲ့လဲ၊ နောက်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်စေချင်တာကြောင့်လား ဆိုပြီး ဘီဘီစီက မေးမြန်းခဲ့တဲ့အပေါ် သူက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

”အဲဒီလောက်မမျှော်လင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်တို့ နိုင်ငံခြားရေးမူက ကမ္ဘာ့နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမယ်ဆိုတာ ရှိပါတယ်။

ကျွန်တော်တို့က ဒီတစ်ယောက်ကို လွှတ်ပေးလိုက်ရုံနဲ့ အမေရိကန်နဲ့ဆက်ဆံရေး ပြေလည်မယ်လို့ မျှော်လင့်စရာအကြောင်းမရှိပါဘူး။ အဲဒီမျှော်လင့်ချက်နဲ့လုပ်တာမဟုတ်ပါဘူး။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဂျပန်-မြန်မာအသင်းက မစ္စတာဝါတာနာဘေး၊ မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့ အမေရိကန်သံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန်တို့ရဲ့မေတ္တာရပ်ခံချက်ကြောင့်သာ ပြန်လွှတ်ပေးခဲ့တာလို့လည်း သူကပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက ပြည်တွင်းမှာ ဖမ်းဆီးခံထားရတဲ့သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ရှိ၊ မရှိကို ဘီဘီစီက မေးမြန်းရာမှာတော့ ဆူပူဆန္ဒပြမှုနဲ့ အကြမ်းဖက်မှုတွေမှာ ဦးဆောင်ဦးရွက်ပြုတာ၊

လှုံ့ဆော်တာမဟုတ်တဲ့သူ၊ ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူမဟုတ်ဘူးဆိုရင် စိစစ်ပြီး ပြန်လွှတ်ပေးတာရှိသလို နောက်ပိုင်းမှာလည်း ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုပြီး သူက ပြန်ပြောထားပါတယ်။

ဘီဘီစီ မြန်မာပိုင်း

———– 

အေမရိကန္သတင္းေထာက္ ဒန္နီဖန္စတာကို လြတ္ၿငိမ္းခြင့္ေပးၿပီး ျပန္လႊတ္ေပးလိုက္တာဟာ အေမရိကန္နဲ႔ ဆက္ဆံေရးတိုးတက္ေအာင္ ႀကိဳးပမ္းတာမဟုတ္ဘူးလို႔ဆိုၿပီး စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒန္နီဖန္စတာကို ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ၿပီး ၃ ရက္အၾကာမွာ ျပန္လႊတ္ေပးခဲ့တာနဲ႔ပတ္သက္လို႔ အေမရိကန္နဲ႔ ဘယ္လိုအေပးအယူရွိခဲ့လဲ၊ ေနာက္ၿပီး အေမရိကန္နဲ႔ ဆက္ဆံေရးေျပလည္ေစခ်င္တာေၾကာင့္လား ဆိုၿပီး ဘီဘီစီက ေမးျမန္းခဲ့တဲ့အေပၚ သူက အခုလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။

”အဲဒီေလာက္မေမွ်ာ္လင့္ပါဘူး။ ဘာ့ေၾကာင့္လဲဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံျခားေရးမူက ကမာၻ႔ႏိုင္ငံအားလုံးနဲ႔ မိတ္ဝတ္မပ်က္ ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံမယ္ဆိုတာ ရွိပါတယ္။

ကြၽန္ေတာ္တို႔က ဒီတစ္ေယာက္ကို လႊတ္ေပးလိုက္႐ုံနဲ႔ အေမရိကန္နဲ႔ဆက္ဆံေရး ေျပလည္မယ္လို႔ ေမွ်ာ္လင့္စရာအေၾကာင္းမရွိပါဘူး။ အဲဒီေမွ်ာ္လင့္ခ်က္နဲ႔လုပ္တာမဟုတ္ပါဘူး။”လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဂ်ပန္-ျမန္မာအသင္းက မစၥတာဝါတာနာေဘး၊ ျမန္မာ့ၿငိမ္းခ်မ္းေရးဆိုင္ရာဂ်ပန္အစိုးရကိုယ္စားလွယ္ မစၥတာဆာဆာကာဝါနဲ႔ အေမရိကန္သံတမန္ေဟာင္း ေဘလ္ရစ္ခ်က္ဆန္တို႔ရဲ႕ေမတၱာရပ္ခံခ်က္ေၾကာင့္သာ ျပန္လႊတ္ေပးခဲ့တာလို႔လည္း သူကေျပာပါတယ္။

အာဏာသိမ္းၿပီးကတည္းက ျပည္တြင္းမွာ ဖမ္းဆီးခံထားရတဲ့သတင္းေထာက္ေတြကို ျပန္လႊတ္ေပးဖို႔ ရွိ၊ မရွိကို ဘီဘီစီက ေမးျမန္းရာမွာေတာ့ ဆူပူဆႏၵျပမႈနဲ႔ အၾကမ္းဖက္မႈေတြမွာ ဦးေဆာင္ဦး႐ြက္ျပဳတာ၊ လႈံ႕ေဆာ္တာမဟုတ္တဲ့သူ၊ ရာဇဝတ္မႈ က်ဴးလြန္ထားတဲ့သူမဟုတ္ဘူးဆိုရင္ စိစစ္ၿပီး ျပန္လႊတ္ေပးတာရွိသလို ေနာက္ပိုင္းမွာလည္း ျပန္လႊတ္ေပးဖို႔ အစီအစဥ္ရွိတယ္ဆိုၿပီး သူက ျပန္ေျပာထားပါတယ္။

ဘီဘီစီ ျမန္မာပိုင္း

Be the first to comment on "အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို ပြန်လွှတ်ပေးရတဲ့ အကြောင်းရင်းကို ဇော်မင်းထွန်း ဖြေရှင်း"

Leave a comment

Your email address will not be published.


*