အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စစ်သားများက စစ်လက်နက် ထုတ်လုပ်မည့် Project A1 ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
စစ်လက်နက် ပစ္စည်းများကို ဈေးနှုန်း အဆမတန် ပေးဝယ်နေရသည့် ကုန်ကျမှုများ သက်သာစေရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လက်နက်တွေကို အဆမတန် ဈေးပေးဝယ်ယူနေရတာထက် ကိုယ်တိုင် ဖန်တီးယူတဲ့ နည်းလမ်းက ရေရှည်အတွက် ပိုမိုသင့်လျော်ပါတယ်။ Project A1 ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။
Project A1 ဟာ ဝယ်ယူစရိတ်ထက် ခြောက်ဆ သက်သာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်ခဲ့ရင် ကျပ်သိန်း ၆,၀၀၀ ကုန်မယ်နေရာမှာ ကျပ်သိန်း ၁,၀၀၀ ခန့်သာ ကုန်ကျတော့မှာ ဖြစ်ပါတယ်” ဟု ပြည်သူ့စစ်သား စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
Project A1 ကို တပ်မတော် နည်းပညာ တက္ကသိုလ်ဆင်း CDM စစ်သားများနှင့် PDF များ ပူးပေါင်း အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။
ယခုလုပ်ဆောင်မှု အောင်မြင်ပါက NUG က ချမှတ်ထားသော ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာသည့် တပ်ဖွဲ့ဝင်များထံ လက်နက်များ ဖြန့်ဝေသွားမည်ဟု ဆိုသည်။
လက်ရှိ Project A1 ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာ ရှိနေသော်လည်း ရင်ဆိုင်ကျော်ဖြတ် သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
————
အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈ (CDM) ျပဳလုပ္ထားသည့္ စစ္သားမ်ားက စစ္လက္နက္ ထုတ္လုပ္မည့္ Project A1 ကို စတင္ အေကာင္အထည္ ေဖာ္ေနၿပီ ျဖစ္ေၾကာင္း ျပည္သူ႔စစ္သား စစ္လက္နက္ ထုတ္လုပ္ေရးအဖြဲ႕က ယေန႔ ႏိုဝင္ဘာလ ၁၅ ရက္တြင္ သတင္း ထုတ္ျပန္သည္။
စစ္လက္နက္ ပစၥည္းမ်ားကို ေဈးႏႈန္း အဆမတန္ ေပးဝယ္ေနရသည့္ ကုန္က်မႈမ်ား သက္သာေစရန္ ရည္႐ြယ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“လက္နက္ေတြကို အဆမတန္ ေဈးေပးဝယ္ယူေနရတာထက္ ကိုယ္တိုင္ ဖန္တီးယူတဲ့ နည္းလမ္းက ေရရွည္အတြက္ ပိုမိုသင့္ေလ်ာ္ပါတယ္။ Project A1 ကို စတင္ အေကာင္အထည္ ေဖာ္ေနၿပီ ျဖစ္ပါတယ္။
Project A1 ဟာ ဝယ္ယူစရိတ္ထက္ ေျခာက္ဆ သက္သာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေအာင္ျမင္ခဲ့ရင္ က်ပ္သိန္း ၆,၀၀၀ ကုန္မယ္ေနရာမွာ က်ပ္သိန္း ၁,၀၀၀ ခန႔္သာ ကုန္က်ေတာ့မွာ ျဖစ္ပါတယ္” ဟု ျပည္သူ႔စစ္သား စစ္လက္နက္ပစၥည္း ထုတ္လုပ္ေရး အဖြဲ႕ တာဝန္ရွိသူက ဆိုသည္။
Project A1 ကို တပ္မေတာ္ နည္းပညာ တကၠသိုလ္ဆင္း CDM စစ္သားမ်ားႏွင့္ PDF မ်ား ပူးေပါင္း အေကာင္အထည္ ေဖာ္ေနျခင္း ျဖစ္သည္။
ယခုလုပ္ေဆာင္မႈ ေအာင္ျမင္ပါက NUG က ခ်မွတ္ထားေသာ က်င့္ဝတ္စည္းမ်ဥ္းမ်ားကို လိုက္နာသည့္ တပ္ဖြဲ႕ဝင္မ်ားထံ လက္နက္မ်ား ျဖန႔္ေဝသြားမည္ဟု ဆိုသည္။
လက္ရွိ Project A1 ကို အေကာင္အထည္ေဖာ္ရာတြင္ အခက္အခဲမ်ားစြာ ရွိေနေသာ္လည္း ရင္ဆိုင္ေက်ာ္ျဖတ္ သြားမည္ဟုလည္း ထုတ္ျပန္ထားသည္။
Be the first to comment on "CDM စစ်သားများ ထုတ်လုပ်မည့် Project A1"