SAC တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့ တာဆုံရဲကင်းစခန်းကို PDF တွေ ပစ်ခတ်တိုက်ခိုက်တဲ့ ဗီဒီယိုဖိုင်

ဗီဒီယိုကို အောက်ဆုံးတွင် တင်ပေးထားပါသည်။

ထန်းတပင် တာဆုံရဲကင်းစခန်းကို PDF တွေ ပစ်ခတ်တိုက်ခိုက်ရာ SAC တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တာဆုံရဲကင်းစခန်းကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ (PDF) က ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး SAC တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားတယ်လို့ ရန်ကုန်တိုင်း PDF ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ SAC တပ်အင်အား ၁၀ ဦးခန့်ရှိတဲ့ရဲကင်းစခန်းကို PDF တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ SAC တပ်ဖွဲ့ဝင် ၃ ဦး သေနတ်မှန်ပြီး သေဆုံးသွားတာဖြစ်ပါတယ်။

PDF တွေက ပစ်ခတ်တိုက်ခိုက်နေစဉ် ပစ်ကွင်းထဲကို ကလေးငယ်တစ်ဦးက မထင်မှတ်ဘဲ ဝင်ရောက်လာတာကြောင့် ကလေးငယ် ဘေးကင်းရေးအတွက် ပစ်ခတ်မှုကို ပစ်အားလျှော့ချပြီး တိုက်ခိုက်ခဲ့ရတာကြာင့် SAC တပ်ဖွဲ့ဝင် ၃ ဦးသာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ SAC တပ်တွေရဲ့ အလောင်းတွေကို လာရောက်မကောက်ယူသေးဘဲ စခန်းမှာ ထားရှိထားတယ်လို့လည်း သိရပါတယ်။

ပုံစံ-ထန်းတပင် တာဆုံရဲကင်းစခန်းကို PDF တွေ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်သံဖိုင်။

Mercury_Media

————–

ထန္းတပင္ တာဆုံရဲကင္းစခန္းကို PDF ေတြ ပစ္ခတ္တိုက္ခိုက္ရာ SAC တပ္ဖြဲ႕ဝင္ ၃ ဦး ေသဆုံး

ရန္ကုန္၊ ႏိုဝင္ဘာ ၁၅

ရန္ကုန္တိုင္း၊ ထန္းတပင္ၿမိဳ႕နယ္၊ တာဆုံရဲကင္းစခန္းကို ျပည္သူ႔ေတာ္လွန္ေရးတပ္ဖြဲ႕ေတြ (PDF) က ဒီကေန႔ ႏိုဝင္ဘာလ ၁၅ ရက္ေန႔ မနက္မွာ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး SAC တပ္ဖြဲ႕ဝင္ ၃ ဦးေသဆုံးသြားတယ္လို႔ ရန္ကုန္တိုင္း PDF ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒီကေန႔ ႏိုဝင္ဘာလ ၁၅ ရက္ေန႔ မနက္ ၁၁ နာရီခြဲေလာက္မွာ SAC တပ္အင္အား ၁၀ ဦးခန္႔ရွိတဲ့ရဲကင္းစခန္းကို PDF တပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ရာမွာ SAC တပ္ဖြဲ႕ဝင္ ၃ ဦး ေသနတ္မွန္ၿပီး ေသဆုံးသြားတာျဖစ္ပါတယ္။

PDF ေတြက ပစ္ခတ္တိုက္ခိုက္ေနစဥ္ ပစ္ကြင္းထဲကို ကေလးငယ္တစ္ဦးက မထင္မွတ္ဘဲ ဝင္ေရာက္လာတာေၾကာင့္ ကေလးငယ္ ေဘးကင္းေရးအတြက္ ပစ္ခတ္မႈကို ပစ္အားေလွ်ာ့ခ်ၿပီး တိုက္ခိုက္ခဲ့ရတာၾကာင့္ SAC တပ္ဖြဲ႕ဝင္ ၃ ဦးသာ ေသဆုံးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္ထဲမွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္အထိ SAC တပ္ေတြရဲ႕ အေလာင္းေတြကို လာေရာက္မေကာက္ယူေသးဘဲ စခန္းမွာ ထားရွိထားတယ္လို႔လည္း သိရပါတယ္။

ပုံစံ-ထန္းတပင္ တာဆုံရဲကင္းစခန္းကို PDF ေတြ ပစ္ခတ္တိုက္ခိုက္တဲ့ ႐ုပ္သံဖိုင္။

Mercury_Media

ဗီဒီယိုကြည့်ရန်

Be the first to comment on "SAC တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့ တာဆုံရဲကင်းစခန်းကို PDF တွေ ပစ်ခတ်တိုက်ခိုက်တဲ့ ဗီဒီယိုဖိုင်"

Leave a comment

Your email address will not be published.


*