ဘန်ကောက်ကို သွားခွင့်မရဘဲ ရန်ကုန်လေဆိပ်မှာ တားဆီးခံလိုက်ရတဲ့ မော်ဒယ် သန္တာလှိုင်

မော်ဒယ် သန္တာလှိုင် ဘန်ကောက်ကို သွားခွင့်မရဘဲ ရန်ကုန်လေဆိပ်မှာ တားဆီးခံရ

မော်ဒယ် သန္တာလှိုင်နဲ့ သူ့မိသားစုဝင်အချို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောတ်မြို့ကို ထွက်ခွာမယ့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MAI )နဲ့ လိုက်ပါဖို့

ရန်ကုန်လေဆိပ်ဆီရောက်လာခဲ့ပြီး လေယာဉ်ပေါ် အတက်မှာ သရုပ်ဆောင် သန္တာလှိုင် တက်ခွင့်မရဘဲ တားဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

သန္တာလှိုင်ကို လေဆိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တာဖြစ်ပြီး မေးမြန်းစရာရှိတယ်လို့ ပြောကာ ခေါ်ဆောင်သွာခဲ့တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် သန္တာလှိုင်ရဲ့ခင်ပွန်းဖြစ်သူက စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ခဲ့ပေမယ့် သရုပ်ဆောင် သန္တာလှိုင် လေယာဉ်ပေါ်တက်ခွင့်မရခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူကလည်း လေယာဉ်ပေါ်မတက်ဘဲ

လှည့်ပြန်သွားကြောင်းနဲ့ ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခြင်းရှိ၊ မရှိကို တော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ရန်ကုန်ကနေ ဘန်ကောက်ကို ဒီကနေ့ လေယာဉ်တစ်စီးတည်းသာထွက်ပြီး လေဆိပ်ထဲမှာလည်း အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေ အများအပြားတွေ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ ဘန်ကောက်ကို သွားရောက်မယ့်သူတွေဟာ ဗီဇာနဲ့ ကျန်းမာရေးအာမခံတွေ အပြင် Thailand Pass ဆိုတာကိုလည်း ထပ်မံလျှောက်ရပြီး ရာဇဝတ်မှုကင်းရှင်းကြောင်းကိုလည်း ဖြည့်စွက်ရတာတွေ ရှိပါတယ်။

သန္တာလှိုင်ကို စစ်ဆေးစရာရှိတယ်လို့ဆိုပြီးခေါ်သွားပြီးတဲ့နောက်မှာ လေယာဉ်လက်မှတ်ကို SAC တပ်ဖွဲ့ဝင်တွေက လာပြီး ဖျက်သိမ်သွားခဲ့တယ်လို့ သိရပါတယ်။

Mercury_Media

———– 

ေမာ္ဒယ္ သႏၲာလႈိင္ ဘန္ေကာက္ကို သြားခြင့္မရဘဲ ရန္ကုန္ေလဆိပ္မွာ တားဆီးခံရ

ေမာ္ဒယ္ သႏၲာလႈိင္နဲ႔ သူ႔မိသားစုဝင္အခ်ိဳ႕ဟာ ဒီကေန႔ ႏိုဝင္ဘာလ ၁၄ ရက္ေန႔မွာ ရန္ကုန္ေလဆိပ္ကေန ထိုင္းႏိုင္ငံ ဘန္ေကာတ္ၿမိဳ႕ကို ထြက္ခြာမယ့္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း (MAI )နဲ႔ လိုက္ပါဖို႔

ရန္ကုန္ေလဆိပ္ဆီေရာက္လာခဲ့ၿပီး ေလယာဥ္ေပၚ အတက္မွာ သ႐ုပ္ေဆာင္ သႏၲာလႈိင္ တက္ခြင့္မရဘဲ တားဆီးခံလိုက္ရတယ္လို႔ သိရပါတယ္။

သႏၲာလႈိင္ကို ေလဆိပ္မွာ ရဲတပ္ဖြဲ႕ဝင္ေတြက တားဆီးခဲ့တာျဖစ္ၿပီး ေမးျမန္းစရာရွိတယ္လို႔ ေျပာကာ ေခၚေဆာင္သြာခဲ့တယ္လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ သႏၲာလႈိင္ရဲ႕ခင္ပြန္းျဖစ္သူက စစ္ေဆးေရးဂိတ္ကို ေက်ာ္ျဖတ္ခဲ့ေပမယ့္ သ႐ုပ္ေဆာင္ သႏၲာလႈိင္ ေလယာဥ္ေပၚတက္ခြင့္မရခဲ့တဲ့အတြက္ ခင္ပြန္းျဖစ္သူကလည္း ေလယာဥ္ေပၚမတက္ဘဲ

လွည့္ျပန္သြားေၾကာင္းနဲ႔ ခင္ပြန္းျဖစ္သူနဲ႔ မိသားစုဝင္ေတြကို ဖမ္းဆီးျခင္းရွိ၊ မရွိကို ေတာ့ အတည္မျပဳႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

ရန္ကုန္ကေန ဘန္ေကာက္ကို ဒီကေန႔ ေလယာဥ္တစ္စီးတည္းသာထြက္ၿပီး ေလဆိပ္ထဲမွာလည္း အရပ္ဝတ္နဲ႔ ရဲတပ္ဖြဲ႕ဝင္လို႔ ယူဆရသူေတြ အမ်ားအျပားေတြ႕ရတယ္လို႔ သိရပါတယ္။

ရန္ကုန္ကေန ဘန္ေကာက္ကို သြားေရာက္မယ့္သူေတြဟာ ဗီဇာနဲ႔ က်န္းမာေရးအာမခံေတြ အျပင္ Thailand Pass ဆိုတာကိုလည္း ထပ္မံေလွ်ာက္ရၿပီး ရာဇဝတ္မႈကင္းရွင္းေၾကာင္းကိုလည္း ျဖည့္စြက္ရတာေတြ ရွိပါတယ္။

သႏၲာလႈိင္ကို စစ္ေဆးစရာရွိတယ္လို႔ဆိုၿပီးေခၚသြားၿပီးတဲ့ေနာက္မွာ ေလယာဥ္လက္မွတ္ကို SAC တပ္ဖြဲ႕ဝင္ေတြက လာၿပီး ဖ်က္သိမ္သြားခဲ့တယ္လို႔ သိရပါတယ္။

Mercury_Media

Be the first to comment on "ဘန်ကောက်ကို သွားခွင့်မရဘဲ ရန်ကုန်လေဆိပ်မှာ တားဆီးခံလိုက်ရတဲ့ မော်ဒယ် သန္တာလှိုင်"

Leave a comment

Your email address will not be published.


*