ျမန္မာျပည္အတြက္ ကိုဗစ္ကာကြယ္ေဆးကို အိႏၵိယကေန ဝယ္ယူဖို႔ စတင္ေဆြးေႏြးေနၿပီ
ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆးကို အိႏၵိယႏိုင္ငံ Serum Institute of India မွဝယ္ယူရန္ ေဆြးေႏြးေနၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ သိရပါ တယ္။
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးသည္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Saurabh Kumar အား က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၄)၊ ေနျပည္ေတာ္တြင္ ေတြ႕ဆုံခဲ့ၿပီး အိႏၵိယႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕သည္ ကိုဗစ္ ကာကြယ္ေဆးဝယ္ယူေရးႏွင့္ ပတ္သက္၍ အိႏၵိယႏိုင္ငံရွိ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး ေနသည့္ကိစၥ၊
အိႏၵိယႏိုင္ငံ၊ Serum Institute of India မွ ကိုဗစ္ ကာကြယ္ေဆးမ်ားကို ျမန္မာႏိုင္ငံမွ ဝယ္ယူလိုသည့္ ကိစၥ၊ အိႏၵိယႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔အၾကား ေဆးဝါးႏွင့္ေဆးပစၥည္းထုတ္လုပ္တင္ပို႔မႈ က႑ပူးေပါင္း ေဆာင္႐ြက္ေရးအတြက္ Joint Task Force တစ္ရပ္ဖြဲ႕စည္း၍ ဆက္လက္ေဆာင္႐ြက္မည့္ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။
ယင္းအျပင္ ျမန္မာႏိုင္ငံတြင္ ေဆးဝါးမ်ား အထူးသျဖင့္ အရည္အေသြးျပည့္ဝသည့္ ပဋိဇီဝေဆးဝါးမ်ားထုတ္လုပ္ရန္ အတြက္ ျမန္မာႏိုင္ငံမွ ေဆးဝါးထုတ္လုပ္ေရးစက္႐ုံမ်ား၊ ကုမၸဏီမ်ားႏွင့္ အိႏၵိယႏိုင္ငံမွ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီမ်ား ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ ခ်ိတ္ဆက္ပံ့ပိုးေပးရန္ ၊ ေဆးဝါးမ်ား ထုတ္လုပ္ႏိုင္ရန္အတြက္ အိႏၵိယႏိုင္ငံမွ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီမွ တာဝန္ရွိသူမ်ားႏွင့္ Virtual Meeting ျဖင့္ ေတြ႕ဆုံေဆြးေႏြးလိုသည့္ ကိစၥရပ္မ်ားကို ထပ္မံ ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။
———-
မြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယကနေ ဝယ်ယူဖို့ စတင်ဆွေးနွေးနေပြီ
မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India မှဝယ်ယူရန် ဆွေးနွေးနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရပါ တယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ကိုဗစ် ကာကွယ်ဆေးဝယ်ယူရေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး နေသည့်ကိစ္စ၊
အိန္ဒိယနိုင်ငံ၊ Serum Institute of India မှ ကိုဗစ် ကာကွယ်ဆေးများကို မြန်မာနိုင်ငံမှ ဝယ်ယူလိုသည့် ကိစ္စ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်တင်ပို့မှု ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးအတွက် Joint Task Force တစ်ရပ်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ယင်းအပြင် မြန်မာနိုင်ငံတွင် ဆေးဝါးများ အထူးသဖြင့် အရည်အသွေးပြည့်ဝသည့် ပဋိဇီဝဆေးဝါးများထုတ်လုပ်ရန် အတွက် မြန်မာနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ ကုမ္ပဏီများနှင့် အိန္ဒိယနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုများအတွက် ချိတ်ဆက်ပံ့ပိုးပေးရန် ၊ ဆေးဝါးများ ထုတ်လုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးလိုသည့် ကိစ္စရပ်များကို ထပ်မံ ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
Be the first to comment on "မြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယကနေ ဝယ်ယူဖို့ စတင်ဆွေးနွေးနေပြီ"