နေပြည်တော်မှာ မအလကို လာတွေ့တဲ့ သံသမန်တွေ အတော်ခြေရှုပ်နေတယ်။ အထူးသဖြင့် ခြံခွထိုင်တဲ့ ဟာတွေဖြစ်နေတယ်။
အဲဒီ ခြံခွထိုင်တဲ့ဟာတွေက .. အကယ်၍ အန်တီပြန်လွတ်လာလည်း အန်တီ ဆိုပြီးဖြစ်မယ် .. မအလအရေးသာသွားလည်း မအလဖြစ်မယ်။ ဒီကာလမှာ ပြတ်သားစွာ မဆန့်ကျင်ပဲ လူသားချင်းစာနာလို့ပါ ဆိုတဲ့ ခြံခွထိုင်တဲ့ သံသမန်နည်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။
တကယ်တန်း ထို နိုင်ငံက ငြိမ်းချမ်းရေးတို့ လူသားချင်းစာနာပါတယ် စတာတွေဟာ အနောက်က စီးပွားရေးလုပ်ငန်းတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ပြသနာဖြစ်တာနဲ့ ဟိုစီးပွားရေးသမားတွေက ဆိုင်ရာနိုင်ငံက အကြီးအကဲတွေကို ငိုယိုပြီး ပြောမှာပဲ။
အေး မင်းတို့ အေးအေးဆေးဆေးဖြစ်အောင် ဘယ်သူလာလာ ဂျိုကာနဲ့ဒေါင်းမယ် ဆိုတဲ့ ခြံခွထိုင်တဲ့အကျင့်နဲ့ နေမယ့်နိုင်ငံတွေကတော့ နိုင်တဲ့သူ နဲ့ လက်ရှိအာဏာလုယူထားတဲ့ဟာ နဲ့ ဆွေးနွေးကြတာ မဆန်းဘူး။
ဘာနဲ့တူလဲဆို အဆိပ်ပင်လဲ အရိပ်ရတယ်ဆိုပြီး မခုတ်ပဲ ရေလောင်းတဲ့ သဘော။ စားပင်ကြီးလာလည်း စားလို့ရတယ်ဆိုပြီး ရေလောင်းမယ်။ သူတို့အကျိုးစီးပွားအတွက်ပါပဲ။
ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် လာတဲ့ ခရီးစဉ်က လူသိမခံဘဲ လျှို့ဝှက်လာရောက်တယ်လို့ဆိုပါတယ်။ ကိုဗစ်ဆေးလာလှူတာမှန်ရင် လျှို့ဝှက်စရာအကြောင်းမရှိဘူး။
မနက်ပိုင်းမှာ စစ်ကောင်စီ ၀ဏ္ဏမောင်လွင်နဲ့တွေ့ဆုံပြီး နေ့လည်စာ စားတယ်လို့ ဆိုပါတယ်။
ထို့နောက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ သံတမန် ဧည့် ခန်းဆောင်တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။ ညနေပိုင်းမှာ နေပြည်တော်လေဆိပ်မှာ ကိုဗစ်ဆေးလှူဒါန်းပွဲလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံက ရာထူးအဆင့်အမြင့်ဆုံး ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။
ကိုဗစ်ဆေးလှူရုံလောက် နဲ့ ထိုင်း ဒုဝကခ ကိုယ်တိုင်လာစရာမလိုဘူး။ အရေးကြီးတဲ့ သတင်းစကား ကိုယ်တိုင်လာပြောတာ ဖြစ်မယ်လို့ ယူဆရပါတယ်။
ယခု နေပြည်တော်တွင် တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော့ရှန် ရောက်ရှိနေချိန်လည်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် ဆွန်းကော့ရှန်သည် မြန်မာပြည်ကို လာရောက်လည်ပတ်ခဲ့ပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ထိုခရီးစဉ်တွင် အဖမ်းဆီးခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း တွေ့ခွင့် မရခဲ့ပေ။
မနေ့က KIA နဲ့ NUG သဘောတူ စာချုပ်ချုပ်တယ်။ စာချုပ်ပွဲမှာ ဗိုလ်ချုပ် ဂွမ်မော် က လက် ၃ ချောင်းထောင်ပြနေတာ တွေ့တယ်။
ဒီနေ့ KIA ကတပ်စခန်း ၃ ခု ဝင်သိမ်းပစ်တယ်။ စပါးရိတ်ပြီးရင် နိုင်ငံနဲ့ အဝှမ်းပွဲကြမ်းမယ်ဆိုတာ အမှန်ဖြစ်လာမယ့် သဘောရှိတယ်။
UN လုံခြုံရေးကောင်စီ တူညီ statement ထုတ်လိုက်နိုင်တာ ပထမဆုံး အကြိမ်ဖြစ်တယ်။
အရင်က အစည်းအဝေးတွေသာ ပြီးသွားတယ်။ statement မထုတ်နိုင်ဘူး။
UN လုံခြုံရေးကောင်စီ အစည်းအဝေးပြီးတာနဲ့ တရုတ်၊ ဂျပန်၊ ထိုင်း ကိုယ်စားလှယ်တွေ ရုတ်တရက်တစ်ပြိုင်တည်း ရောက်လာတယ်။
စစ်” ကြီး” လာမလား၊ ” ပြီး” သွားမလားက ဒီရက် ပိုင်း အခရာပဲ…။
Source – Newsalpha24
Be the first to comment on "လူသားချင်းစာနာလို့ပါ ဆိုတဲ့ ခြံခွထိုင်တဲ့ သံသမန်များ"