ပြည်သူ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ရဲတိုက်ရဲ့ သတင်းကောင်း

ပြည်သူ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ရဲတိုက်ရဲ့ သတင်းကောင်း

အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လမ်းနေရင်း လမ်းမှားပေါ် ရောက်ခဲ့ဖူးကာ အပြစ်တွေ ကြေအောင်ဆပ်ပြီး နောင်တတွေ အပြည့်နဲ့ ဘဝကို တဖန် အကောင်းဆုံး ပြန်နင်းလျှောက်နိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

စကစ က အာဏာသိမ်းခဲ့ချိန်မှာတော့ အမှန်တရားလိုလား ပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်ပြီး နွေဉီးတော်လှန်ရေးမှာ def team နေရာကနေ ..

ပြည်သူတွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပေးခဲ့တဲ့ အနုပညာရှင်များထဲမှာမှ တက်ကြွစွာ လှုပ်ရှားခဲ့သူ တစ်ဉီးအနေနဲ့ အပါအဝင်လို့ ဆိုရရင်လည်း မှားမယ် မထင်ပါဘူးနော်။

စစ်ကောင်စီက ပြည်သူ့ဆန္ဒနဲ့အညီ ရပ်တည်ကာ ပြည်သူနဲ့တစ်သားထဲ ရှိတဲ့ နာမည်ကြီး အနုပညာရှင်တွေကို ဖမ်းဆီးချိန်မှာတော့ ရဲတိုက်တစ်ယောက်လည်း အဖမ်းခံရတဲ့ထဲ ပါဝင်သွားခဲ့ပြီးနောက်

ထောင်ထဲမှာ ငွေကြေးမပေးနိုင်လို့ ဖိနှိပ်ခံရကာ အခြေအနေ အတော်ဆိုးနေတယ်ဆိုတဲ့ သတင်းများဟာ လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့လို့ နေတာ အားလုံး အသိပါပဲနော်။

ဒါပေမယ့် ယနေ့မှာတော့ အဆိုးထဲကအကောင်းလို့ ပြောရမယ့် ရဲတိုက်ရဲ့သတင်းမှန်ကို ယခုလို သိရှိရသဖြင့် ချစ်ပရိသတ်များထံ ပြန်လည် တင်ဆက်ဖော်ပြ ပေးလိုက်ပါတယ်နော်။

“ရဲတိုက်ကို ချစ်ခင်ကြတဲ့ အနုပညာပရိတ်သတ်များကို သတင်းစကားပါး ချင်ပါတယ်။ ရဲတိုက်ဟာ အင်းစိန်ထောင်အတွင်းမှာ ကျန်းမာရေ းကောင်းမွန်လျက် ရှိပါကြောင်းအသိပေး အပ်ပါသည်။

ပုဒ်မ- ၅၀၅(က) နှင့် ၁၆ (ဂ) တို့နဲ့ ထောင်တွင်း တရားရုံးမှာ စစ်ဆေးစီရင်ခံ ရလျက်ရှိပါသည်။ ထောင်သို့ ပို့ဆောင်သည့်နေ့မှ ယနေ့တိုင်မိသားစုနှင့် တွေ့ဆုံမြင်တွေ့ခွင့် မရရှိပါ။

ထောင်မှ လွတ်မြောက်ခြင်း မရှိသေးပါ” လို့ သရုပ်ဆောင်ရဲတိုက်နဲ့အတူ လက်တွဲခဲ့တဲ့ ဆာတိုရီ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ကိုမျိုးဇော်က သူရဲ့ လူမှုကွန်ယက်ပေါ် မှာ

ယနေ့၁၂-၁၁-၂၀၂၁ညမှာ တင်လာခဲ့ပြီး ပရိသတ်ကို အသိပေးခဲ့တာပါနော်။ ထောင်က ပြန်လွတ်လာခြင်း မရှိသေးသော်လည်း သတင်းတွေ ပျံ့နေသလို သရုပ်ဆောင်ရဲတိုက်ဟာ ကျန်းမာရေး ထိခိုက်နေတာ မဟုတ်ဘဲ ..

ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာ ရှိနေတယ်ဆိုတာကို အသိပေးရင်း အမှုအခြေအနေကို ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။ မိသားစုနဲ့တော့ တစ်ကြိမ်တစ်ခါမှ တွေ့ခွင့် မရသေးပါဘူးတဲ့။

မည်သို့ပင်ဆိုစေ ပြည်သူချစ် မင်းသားဖြစ်တဲ့ ရဲတိုက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် ကျန်းမာရေး ကောင်း နေသည်လို့ ကြားရတာကိုက ခုချိန်မှာ ဝမ်းမြောက်ရမယ့် သတင်းကောင်း တစ်ခုပေပါပဲနော် ပရိသတ်ကြီး။

———-

ျပည္သူ႔ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ရဲတိုက္ရဲ႕ သတင္းေကာင္း

ေအာင္ျမင္တဲ့ အႏုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လမ္းေနရင္း လမ္းမွားေပၚ ေရာက္ခဲ့ဖူးကာ အျပစ္ေတြ ေၾကေအာင္ဆပ္ၿပီး ေနာင္တေတြ အျပည့္နဲ႔ ဘဝကို တဖန္ အေကာင္းဆုံး ျပန္နင္းေလွ်ာက္ႏိုင္ခဲ့တဲ့ သူလည္းျဖစ္ပါတယ္။

စကစ က အာဏာသိမ္းခဲ့ခ်ိန္မွာေတာ့ အမွန္တရားလိုလား ျပည္သူေတြနဲ႔ အတူ တသားတည္း ရပ္တည္ၿပီး ေႏြဉီးေတာ္လွန္ေရးမွာ def team ေနရာကေန ..

ျပည္သူေတြရဲ႕ ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ ေပးခဲ့တဲ့ အႏုပညာရွင္မ်ားထဲမွာမွ တက္ႂကြစြာ လႈပ္ရွားခဲ့သူ တစ္ဉီးအေနနဲ႔ အပါအဝင္လို႔ ဆိုရရင္လည္း မွားမယ္ မထင္ပါဘူးေနာ္။

စစ္ေကာင္စီက ျပည္သူ႔ဆႏၵနဲ႔အညီ ရပ္တည္ကာ ျပည္သူနဲ႔တစ္သားထဲ ရွိတဲ့ နာမည္ႀကီး အႏုပညာရွင္ေတြကို ဖမ္းဆီးခ်ိန္မွာေတာ့ ရဲတိုက္တစ္ေယာက္လည္း အဖမ္းခံရတဲ့ထဲ ပါဝင္သြားခဲ့ၿပီးေနာက္

ေထာင္ထဲမွာ ေငြေၾကးမေပးႏိုင္လို႔ ဖိႏွိပ္ခံရကာ အေျခအေန အေတာ္ဆိုးေနတယ္ဆိုတဲ့ သတင္းမ်ားဟာ လူမႈကြန္ယက္ထက္မွာ ပ်ံ႕ႏွံ႔လို႔ ေနတာ အားလုံး အသိပါပဲေနာ္။

ဒါေပမယ့္ ယေန႔မွာေတာ့ အဆိုးထဲကအေကာင္းလို႔ ေျပာရမယ့္ ရဲတိုက္ရဲ႕သတင္းမွန္ကို ယခုလို သိရွိရသျဖင့္ ခ်စ္ပရိသတ္မ်ားထံ ျပန္လည္ တင္ဆက္ေဖာ္ျပ ေပးလိုက္ပါတယ္ေနာ္။

“ရဲတိုက္ကို ခ်စ္ခင္ၾကတဲ့ အႏုပညာပရိတ္သတ္မ်ားကို သတင္းစကားပါး ခ်င္ပါတယ္။ ရဲတိုက္ဟာ အင္းစိန္ေထာင္အတြင္းမွာ က်န္းမာေရ းေကာင္းမြန္လ်က္ ရွိပါေၾကာင္းအသိေပး အပ္ပါသည္။

ပုဒ္မ- ၅၀၅(က) ႏွင့္ ၁၆ (ဂ) တို႔နဲ႔ ေထာင္တြင္း တရား႐ုံးမွာ စစ္ေဆးစီရင္ခံ ရလ်က္ရွိပါသည္။ ေထာင္သို႔ ပို႔ေဆာင္သည့္ေန႔မွ ယေန႔တိုင္မိသားစုႏွင့္ ေတြ႕ဆုံျမင္ေတြ႕ခြင့္ မရရွိပါ။

ေထာင္မွ လြတ္ေျမာက္ျခင္း မရွိေသးပါ” လို႔ သ႐ုပ္ေဆာင္ရဲတိုက္နဲ႔အတူ လက္တြဲခဲ့တဲ့ ဆာတိုရီ ႐ုပ္ရွင္ႏွင့္ဗီဒီယိုထုတ္လုပ္ေရး ပိုင္ရွင္ ကိုမ်ိဳးေဇာ္က သူရဲ႕ လူမႈကြန္ယက္ေပၚ မွာ

ယေန႔၁၂-၁၁-၂၀၂၁ညမွာ တင္လာခဲ့ၿပီး ပရိသတ္ကို အသိေပးခဲ့တာပါေနာ္။ ေထာင္က ျပန္လြတ္လာျခင္း မရွိေသးေသာ္လည္း သတင္းေတြ ပ်ံ႕ေနသလို သ႐ုပ္ေဆာင္ရဲတိုက္ဟာ က်န္းမာေရး ထိခိုက္ေနတာ မဟုတ္ဘဲ ..

က်န္းမာေရးအေျခအေန ေကာင္းမြန္စြာ ရွိေနတယ္ဆိုတာကို အသိေပးရင္း အမႈအေျခအေနကို ေျပာျပလာတာပဲ ျဖစ္ပါတယ္ေနာ္။ မိသားစုနဲ႔ေတာ့ တစ္ႀကိမ္တစ္ခါမွ ေတြ႕ခြင့္ မရေသးပါဘူးတဲ့။

မည္သို႔ပင္ဆိုေစ ျပည္သူခ်စ္ မင္းသားျဖစ္တဲ့ ရဲတိုက္ဟာ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမႈရင္ဆိုင္ေနရဆဲ ျဖစ္ေပမယ့္ က်န္းမာေရး ေကာင္း ေနသည္လို႔ ၾကားရတာကိုက ခုခ်ိန္မွာ ဝမ္းေျမာက္ရမယ့္ သတင္းေကာင္း တစ္ခုေပပါပဲေနာ္ ပရိသတ္ႀကီး။

Be the first to comment on "ပြည်သူ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ရဲတိုက်ရဲ့ သတင်းကောင်း"

Leave a comment

Your email address will not be published.


*