“ခေတ်တစ်ခေတ် ရဲ့ တောင်းဆိုမှု့အပေါ်
ကျွန်မတို့ မျိုးဆက် အားလုံး တာဝန်ကျေလို့
လိပ်ပြာလုံပါတယ်” ထားထက်ထက်
ကျွန်မတို့ ပေးခဲ့တဲ့ မဲတွေကို
လေးစားမှု့ မရှိတဲ့ အခါ…
တရားမျှတမှုရဲ့ သူရဲကောင်းတွေကို
ဘယ်သူ သေရဲလဲ မေးတဲ့ အခါ…
ဗေဒင် ယတြာ ကြောင့် ခေတ်ကိုပြောင်းဖို့
ခေါင်းကို ပစ် ဆိုပြီး ရက်စက်ကြတဲ့ အခါ…
ကျွန်မတို့မျိုးဆက်ဟာ
မဲပေးခြင်းအားဖြင့် တာဝန်ကျေတယ်…
ပိုင်ဆိုင်မှုစွန့်ခြင်းအားဖြင့် တာဝန်ကျေတယ်…
အသက်ပေးခြင်းအားဖြင့် တာဝန်ကျေတယ်…
ပင်ပန်းပါတယ်…
ဆင်းရဲပါတယ်…
ခက်ခဲပါတယ်…
ဒါပေမယ့်
ခေတ်တခေတ် ရဲ့ တောင်းဆိုမှုအပေါ်
ကျွန်မတို့ မျိုးဆက် အားလုံး တာဝန်ကျေလို့
လိပ်ပြာလုံပါတယ်…..
အမှန်တရား ကို ပြန်ရတဲ့
အဆုံးအထိ ကျွန်မတို့ ချီတက်ကြမည်ဟုဆိုပါသည်။
ထားထက်ထက်
—————
ပင်ပန်းပါတယ်…
ဆင်းရဲပါတယ်…
ခက်ခဲပါတယ်…
ဒါပေမယ့်
လိပ်ပြာလုံပါတယ်…..
ထားထက်ထက်
Be the first to comment on "“ခေတ်တစ်ခေတ် ရဲ့ တောင်းဆိုမှု့အပေါ် ကျွန်မတို့ မျိုးဆက် အားလုံး တာဝန်ကျေလို့ လိပ်ပြာလုံပါတယ်”ဟု ထားထက်ထက်ပြော"