ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်၍ တိုက် ပွဲဝင်ကြဖို့ ကျန်းမာရေးဋ္ဌာနက ထုတ်ပြန်လိုက်ပြီ






———-

အစိုးရက ပိတ်ထားတာတွေ ဖြေလျှော့ပြီး New Normal ပုံစံနဲ့ သွားဖို့ ပြင်နေပါပြီ။ ဒါပေမဲ့ New Normal ရဲ့ အသက်က စည်းကမ်းပါ။

ခုချိန်ထိ စည်းကမ်းတွေကို လူတိုင်းလိုက်နာကြဖို့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ မိမိပတ်ဝန်းကျင်မှာ စည်းကမ်းမလိုက်နာသူတွေတွေ့ရင် သတိပေးခြင်း တိုင်ကြားခြင်းဖြင့် အစိုးရကို ကူညီပေးဖို့ ဝန်မလေးကြပါနဲ့။

စည်းကမ်းလိုက်နာပြီး လူဦးရေကန့်သတ်တဲ့ဆိုင်က စီးပွါးပျက်နေချိန်မှာ စည်းကမ်းမလိုက်နာပဲ ခိုးရောင်းနေတဲ့ဈေးသည်က ဝင်ငွေပိုကောင်းနေနိုင်ပါတယ်။ စည်းကမ်းမလိုက်နာသူတွေကြောင့်ပဲ ကိုဗစ်ကူးစက်မှုတွေ ဆက်ရှိနေပြီး စည်းကမ်းရှိသူတွေအပါအဝင် ပြည်သူတရပ်လုံး နစ်နာကြရပါတယ်။ အသက်မဝင်တဲ့ အမိန့်တွေဟာ စည်ကမ်းရှိတဲ့ပြည်သူတွေကို နစ်နာစေပါတယ်။

စည်းကမ်းကို သိသိကြီးနဲ့ ကိုဗစ်အကြောင်းသိသိကြီးနဲ့ ဖေါက်ဖျက်နေသူတွေ ရှိနေပါတယ်။ လွယ်လွယ်လေး ဖေါက်ဖျက်လို့ရလို့ လစ်ရင်လစ်သလို ဖေါက်ဖျက်နေကြတာပါ။

ဒီလို ခံယူချက်မပြောင်းတဲ့သူတွေကို ထိန်းနိုင်ဖို့ နောက်ဆုံးနည်းလမ်းက စည်းကမ်းတင်းကျပ်ခြင်း နဲ့ ဒဏ်ရိုက်ခြင်းပဲ ရှိပါတယ်။ New Normal ပုံစံသစ်နဲ့ စည်းကမ်းအမိန့်တွေ ပိုလိုက်နာအောင် အပြစ်ဒဏ်ပေးခြင်းနဲ့ အားဖြည့်ပေးနိုင်ဖို့ နိုင်ငံသားတစ်ယောက်အနေနဲ့ တင်ပြအပ်ပါတယ်။

Be the first to comment on "ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်၍ တိုက် ပွဲဝင်ကြဖို့ ကျန်းမာရေးဋ္ဌာနက ထုတ်ပြန်လိုက်ပြီ"

Leave a comment

Your email address will not be published.


*