ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌တွေ့ဆုံပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ် ဗုံးထောင်ခံရ

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌တွေ့ဆုံပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ် ဗုံးထောင်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၆

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌တွေ့ဆုံခဲ့ပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်ဟာ ဗုံးထောင်ခံရတယ်လို့ သိရှိရပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၆ရက် ညနေပိုင်းမှာ ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်မှာ မသင်္ကာဖွယ် အထုပ်တစ်ထုပ်တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား အများအပြား ရောက်ရှိ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိအချိန်ထိ ဗုံးမပေါက်ကွဲသေးဘဲ ဗုံးကို ရှင်းလင်းဖို့ ကြိုးစားနေကြပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့က ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌ စာပေ၊ ရုပ်ရှင်၊ သဘင်၊ အနုပညာရှင် တွေနဲ့တွေ့ဆုံမှုတွေ ပြုလုပ်ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၆ရက်

မနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို သတိပေးဗုံးဖောက်ခွဲခံခဲ့ရသလို ညနေပိုင်းမှာလည်း ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်မှာ ဗုံးတွေ့ရှိခဲ့တာပါ။

ပုံစာ- MRTV က ပြုလုပ်တဲ့ မြူးကြွလှပ ရောင်စုံည အစီအစဉ်မှာ တေးသီဆိုနေတဲ့ သရုပ်ဆောင်ရဲအောင်။

Mercury_Media

———-

ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔‌ေတြ႕ဆုံၿပီးေနာက္ ႐ုပ္ရွင္မင္းသားရဲေအာင္ရဲ႕ ေနအိမ္ ဗုံးေထာင္ခံရ

ရန္ကုန္၊ ႏိုဝင္ဘာ ၆

ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔‌ေတြ႕ဆုံခဲ့ၿပီးေနာက္ ႐ုပ္ရွင္မင္းသားရဲေအာင္ရဲ႕ ေနအိမ္ဟာ ဗုံးေထာင္ခံရတယ္လို႔ သိရွိရပါတယ္။

ဒီကေန႔ ႏိုဝင္ဘာ ၆ရက္ ညေနပိုင္းမွာ ႐ုပ္ရွင္မင္းသားရဲေအာင္ရဲ႕ ေနအိမ္မွာ မသကၤာဖြယ္ အထုပ္တစ္ထုပ္ေတြ႕ရၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ အင္အား အမ်ားအျပား ေရာက္ရွိ စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

လက္ရွိအခ်ိန္ထိ ဗုံးမေပါက္ကြဲေသးဘဲ ဗုံးကို ရွင္းလင္းဖို႔ ႀကိဳးစားေနၾကပါတယ္။

ေအာက္တိုဘာ ၃၁ ရက္ေန႔က ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔‌ စာေပ၊ ႐ုပ္ရွင္၊ သဘင္၊ အႏုပညာရွင္ ေတြနဲ႔ေတြ႕ဆုံမႈေတြ ျပဳလုပ္ၿပီးေနာက္ ဒီကေန႔ ႏိုဝင္ဘာ ၆ရက္

မနက္ပိုင္းက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကို သတိေပးဗုံးေဖာက္ခြဲခံခဲ့ရသလို ညေနပိုင္းမွာလည္း ႐ုပ္ရွင္မင္းသားရဲေအာင္ရဲ႕ ေနအိမ္မွာ ဗုံးေတြ႕ရွိခဲ့တာပါ။

ပုံစာ- MRTV က ျပဳလုပ္တဲ့ ျမဴးႂကြလွပ ေရာင္စုံည အစီအစဥ္မွာ ေတးသီဆိုေနတဲ့ သ႐ုပ္ေဆာင္ရဲေအာင္။

Mercury_Media

Be the first to comment on "ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌တွေ့ဆုံပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ် ဗုံးထောင်ခံရ"

Leave a comment

Your email address will not be published.


*