ဒီဇင္ဘာ ၂၂ ရက္မွ ၂၉ ရက္အထိ တပတ္အတြင္း မိုးေလဝသအေျခအေန(22/12/2020)
ဒီရက္သတၱပါတ္ကေတာ့ အားေပ်ာ့တဲ့ ေလေပြလွိုင္းေလးတခု အေရွ႕မွ အေနာက္ဘက္ကို ျဖတ္စရာရွိတာက လြဲလို႔ ျပင္းထန္ထူးျခားမိုးေလဝသအေျခအေန သိပ္မရွိပါ။
ထူးျခားေနတာက ယခုႏွစ္ၾကဳံေတြရတဲ့ လာနီညာျဖစ္စဥ္ (ပစိဖိတ္သမုဒၵရာ အလယ္ပိုင္း ပင္လယ္ေရအပူခ်ိန္ ေလ်ာ့က်ေဖါက္ျပန္မွု) တနည္းအားျဖင့္ ေအးေသာ အစြန္းေရာက္ ရာသီေဖါက္ျပန္မွုဟာ ယခင္က ျဖစ္ဘူးေသာ လာနီညာျဖစ္စဥ္မ်ားနဲ႔ ကြဲျပားစြာ ျဖစ္ေနျခင္းပါ။
ဒါကေတာ့ ေလေပြလွိုင္းေတြ ျဖစ္ေပၚမွု အေရအတြက္ ပိုလာျခင္းျဖစ္ပါတယ္။ ဒီအတြက္ ျမန္မာအပါအဝင္ အာရွတိုက္မွာ ေကာင္းက်ိဳးဆိုးျပစ္ေတြ တိုးလာေစပါတယ္။
အခုတပါတ္က ျဖစ္လာမယ့္ ေလေပြလွိုင္း သိပ္မထင္ရွားတဲ့အျပင္ အီေကြတာအနီး (ေျမာက္လတၱီက်ဳ႕ 5-10 ဒီဂရီအတြင္း) ေလာက္သာ ျဖတ္သြားနိုင္လို႔ ျမန္မာနိုင္အေပၚ သိပ္မသက္ေရာက္နိုင္ပါ။ သူျဖတ္သန႔္းရက္ ဒီဇင္ဘာ ၂၅ ရက္မွ ၂၇ ရက္အတြင္း မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေတြ ကြက္က်ားမိုးအနည္းငယ္မွ အသင့္အတင့္ရြာနိုင္ပါတယ္။
က်န္ေဒသေတြမွာ ဒီတပါတ္အတြင္း မိုးကင္းၿပီး ညအပူခ်ိန္သာ ဆက္လက္ေလ်ာ့က်ေအးေနမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ကခ်င္စစ္ကိုင္းအထက္ ခ်င္းျပည္နယ္ ရွမ္းေျမာက္နဲ႔ ကယားျပည္ေတြက ဆက္လက္ေအးေနဆဲ ျဖစ္ေနပါမယ္။ ပဲခူး မေကြး ရွမ္းေတာင္ ရခိုင္ရိုးမ ေတြမွာ ျမဴထူဆိုင္းနိုင္ပါတယ္။ ေနာက္တပါတ္မွာ ထပ္မံတင္ျပပါမယ္။
ဦးခ်စ္ေက်ာ္
———–
ဒီဇင်ဘာ ၂၂ ရက်မှ ၂၉ ရက်အထိ တပတ်အတွင်း မိုးလေဝသအခြေအနေ(22/12/2020)
ဒီရက်သတ္တပါတ်ကတော့ အားပျော့တဲ့ လေပွေလှိုင်းလေးတခု အရှေ့မှ အနောက်ဘက်ကို ဖြတ်စရာရှိတာက လွဲလို့ ပြင်းထန်ထူးခြားမိုးလေဝသအခြေအနေ သိပ်မရှိပါ။
ထူးခြားနေတာက ယခုနှစ်ကြုံတွေရတဲ့ လာနီညာဖြစ်စဉ် (ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်း ပင်လယ်ရေအပူချိန် လျော့ကျဖေါက်ပြန်မှု) တနည်းအားဖြင့် အေးသော အစွန်းရောက် ရာသီဖေါက်ပြန်မှုဟာ ယခင်က ဖြစ်ဘူးသော လာနီညာဖြစ်စဉ်များနဲ့ ကွဲပြားစွာ ဖြစ်နေခြင်းပါ။
ဒါကတော့ လေပွေလှိုင်းတွေ ဖြစ်ပေါ်မှု အရေအတွက် ပိုလာခြင်းဖြစ်ပါတယ်။ ဒီအတွက် မြန်မာအပါအဝင် အာရှတိုက်မှာ ကောင်းကျိုးဆိုးပြစ်တွေ တိုးလာစေပါတယ်။
အခုတပါတ်က ဖြစ်လာမယ့် လေပွေလှိုင်း သိပ်မထင်ရှားတဲ့အပြင် အီကွေတာအနီး (မြောက်လတ္တီကျု့ 5-10 ဒီဂရီအတွင်း) လောက်သာ ဖြတ်သွားနိုင်လို့ မြန်မာနိုင်အပေါ် သိပ်မသက်ရောက်နိုင်ပါ။ သူဖြတ်သန့်းရက် ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အတွင်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေ ကွက်ကျားမိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပါတယ်။
ကျန်ဒေသတွေမှာ ဒီတပါတ်အတွင်း မိုးကင်းပြီး ညအပူချိန်သာ ဆက်လက်လျော့ကျအေးနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကချင်စစ်ကိုင်းအထက် ချင်းပြည်နယ် ရှမ်းမြောက်နဲ့ ကယားပြည်တွေက ဆက်လက်အေးနေဆဲ ဖြစ်နေပါမယ်။ ပဲခူး မကွေး ရှမ်းတောင် ရခိုင်ရိုးမ တွေမှာ မြူထူဆိုင်းနိုင်ပါတယ်။ နောက်တပါတ်မှာ ထပ်မံတင်ပြပါမယ်။
ဦးချစ်ကျော်
Be the first to comment on "ထူးခြားတဲ့ လာနီညာ (အအေးလှိုင်း) ဖြစ်စဉ်တွေနဲ့ ကြုံတွေ့ရမယ့် အခြေအနေ (မိုးဇလပညာရှင် ဦးချစ်ကျော်)"