ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်တွင်နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက အဖြူအစိမ်းမဝတ်ပဲ ကျောင်းလာသည့် ဆရာမ ၃ ဦးအား
ဗိုလ်ချုပ်ကြေးရုပ်အနီး အဝိုင်းကြီးတွင် စစ်ကောင်စီတပ်သားများက ခေါ်ယူ နားရင်းအုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံအချို့က ဆိုသည်။
“သူတို့တာဝန်ကျတဲ့ ကျောင်းကို သွားတာထင်တယ်။ အဲ့တာလမ်းမှာ တားစစ်တော့ သူတို့ကယူနီဖောင်း ဝတ်မထားဘူး။ဝန်ထမ်းကဒ်တို့ဘာတို့လည်း ပါပုံမရဘူး။
အဲ့တာနဲ့ စစ်သားက နာရင်းအုပ်ပြီးကျောင်းသွားခိုင်းတယ်။ဆက်တော့ ဖမ်းမထားဘူး”ဟု မျက်မြင်တွေ့ရှိသူ ဘိုကလေးမြို့ခံတစ်ဦးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါ ဆရာမ ၃ဦးမှာ ဘိုကလေးမြို့နယ်၊ပူတင်းစုကျေးရွာရှိ စာသင်ကျောင်းတွင် တာဝန်ကျသည့် ဆရာမများဖြစ်ကြပြီး ကျောင်းစိမ်းယူနီဖောင်း ဝတ်မလာ၍ ခေါ်ယူစစ်ဆေးစဥ် ဝန်ထမ်းကဒ်များပါ ပါမလာ၍ နားရင်းအုပ်ကာ ဒဏ်ပေးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDMတွင် ပါဝင်နေသည့် ဆရာ၊ဆရာမ ၃၆၀ ကျော်ရှိနေပြီး ၎င်းတို့နေရာတွင်
စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစ့်သူများကို အစားထိုးခန့်အပ်ထားကြောင်း တိုင်းပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရသည်။
ဒါ့အပြင် မြန်မာနိုင်ငံတဝှမ်း မြို့နယ် ၄၆မြို့နယ်မှအပ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအတန်းအားလုံး ၃လခွဲကြာ သင်ကြားပြီးနောက် လာမည့်
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတတိယအပတ်တွင် အတန်းတင်စာမေးပွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
“ယခုနှစ်စာသင်နှစ်က ၁၄ပတ်(၃လခွဲ)တာ ကာ လဘဲရှိမယ်။ အဲ့ဒီကာလနဲ့ကိုက်ညီအောင် သင်ရိုး ညွှန်းတမ်းရေးဆွဲထားပြီး တိုင်းနဲ့ပြည်နယ်အား လုံးကိုပို့ပေးထားပြီးဖြစ်တယ်။ အဲ့ဒီအတိုင်းသင် ကြားပြီးရင် ဖေဖော်ဝါရီလထဲမှာ
အရင်အတိုင်းဘဲ စာမေးပွဲတွေစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု စစ်ကောင်စီလက်အောက်ခံ၊ ပညာရေးဝန်ကြီးဌာ န အခြေခံညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် က စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်သည့် MRTVသို့ ဖြေကြားထားသည်။
မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရ စာသင်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ပြန်လည် စတင် ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျောင်းတက်ကြသူတွေ နည်ပါးနေတာ တွေ့ရပါတယ်။
ဒီတကြိမ်ဟာ စစ်ကောင်စီလက်ထက်မှာ ဒုတိယ အကြိမ်အခြေခံပညာကျောင်းတွေပြန်ဖွင့်တာဖြစ်ပြီး ဇွန်လက ပထမဆုံး ကျောင်းဖွင့်ရက်ထက် ကျောင်းလာတက်သူ ပိုနည်းတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ပစ်ခတ်မှုတွေ များပြားနေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ ကျောင်း အားလုံးနီးပါး မဖွင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထားတဲ့ ထီးချိုင့်မှာ လုံခြုံရေး အခြေအနေကြောင့် ကျောင်းတွေ မဖွင့်ကြတာ ဖြစ်ပြီး ထိတွေ့ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
သားသမီးတွေကို ကျောင်းတက်စေချင်တဲ့ မိဘတွေတောင် ကျောင်းမပို့ကြဘူးလို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။
မြို့ပေါ်က မှာလည်း ကျောင်းဖွင့်ချိန် အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေး ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီလို လုံခြုံရေး ယူထားလို့ ပိုစိုးရိမ်ကြသူတွေလည်း ရှိတာတွေ့ရပါတယ်။
ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိကကျောင်းတွေ မှာလည်း အများစု မတက်ကြဘဲ ၅ ရာခိုင်နှုန်း လောက်သာ တက်ကြတယ်လို့ ပုဂ္ဂလိကပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကတေ့ အလှူငွေလိုအပ် ချက်ရှိနေကြတဲ့အပြင် ကိုဗစ်ကူးစက်မှုကလည်း အဓိက အခက်အခဲအဖြစ် ရင်ဆိုင်နေရပါတယ်။
ကိုဗစ် ကူးစက်မှု များနေတဲ့ ရှမ်းပြည်နယ်က ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာ ရောဂါအခြေအနေပေါ် မူတည်ပြီးမှသာ ကျောင်းပြန်ဖွင့်ကြဖို့ ရှိတယ်လို့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တစ်ကျောင်းက ဆရာတော် တစ်ပါးက မိန့်ပါတယ်။
စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတခုတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်ကြောင့်ရပ်နားထားရသည့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး
နှစ်နောက်ကျနေသဖြင့် တစ်နှစ်ကို ၂တန်းတင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အခြေခံပညာ အသိုင်းအဝိုင်းမှ ယင်းကဲ့သို့ အတန်းကျော်တင်ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။
Be the first to comment on "အဖြူအစိမ်းမဝတ်ဘဲ ကျောင်းလာသည့် ဆရာမ ၃ ဦးအား စစ်ကောင်စီတပ်သားများက ခေါ်ယူ နားရင်းအုပ်"