မန္တလေးမှာလည်း မြေအောက်ရထားလမ်း တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

မန္တလေးမှာလည်း မြေအောက်ရထားလမ်း တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမှာလည်း မြေအောက်ရထားလမ်း တည်ဆောက်ဖို့အစီအစဉ်ရှိတယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မန္တလေးမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က SAC လက်အောက်ခံ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တာကို နိုင်ငံပိုင် ရုပ်သံလိုင်းတွေကနေတဆင့် ပြသသွားခဲ့တာပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အများပြည်သူတွေ သွားလာမှု အဆင်ပြေစေရေးအတွက် Public transportation ဆောင်ရွက်ရာမှာ မြို့ပတ်ရထားလမ်းတည်ဆောက်ရေးနဲ့ နောင်တချိန်မှာ မြေအောက်မြို့ပတ်ရထားလမ်း တည်ဆောက်နိုင်ရေးအထိ ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ထားဖို့လိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြေအောက်ရထားလမ်းစီမံကိန်းကို အရမ်းပဲ စိတ်အားထက်သန်နေပြီး သွားရောက်တဲ့ ခရီးစဉ်တွေနဲ့ အစည်းအဝေးတော်တော်များများမှာ အခုလို ထည့်သွင်းပြောကြားနေပါတယ်။

Mercury_Media

———

မႏၲေလးမွာလည္း ေျမေအာက္ရထားလမ္း တည္ေဆာက္ဖို႔ အစီအစဥ္ရွိတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာ

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မႏၲေလးမွာလည္း ေျမေအာက္ရထားလမ္း တည္ေဆာက္ဖို႔အစီအစဥ္ရွိတယ္လို႔ ဒီကေန႔မွာ ေျပာၾကားလိုက္ပါတယ္။

မႏၲေလးမွာ ေရာက္ရွိေနတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က SAC လက္ေအာက္ခံ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံရာမွာ အခုလိုေျပာၾကားခဲ့တာကို ႏိုင္ငံပိုင္ ႐ုပ္သံလိုင္းေတြကေနတဆင့္ ျပသသြားခဲ့တာပဲျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က “အမ်ားျပည္သူေတြ သြားလာမႈ အဆင္ေျပေစေရးအတြက္ Public transportation ေဆာင္႐ြက္ရာမွာ ၿမိဳ႕ပတ္ရထားလမ္းတည္ေဆာက္ေရးနဲ႔ ေနာင္တခ်ိန္မွာ ေျမေအာက္ၿမိဳ႕ပတ္ရထားလမ္း တည္ေဆာက္ႏိုင္ေရးအထိ ႀကိဳတင္ေမွ်ာ္ေတြး စီမံေဆာင္႐ြက္ထားဖို႔လိုပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ေျမေအာက္ရထားလမ္းစီမံကိန္းကို အရမ္းပဲ စိတ္အားထက္သန္ေနၿပီး သြားေရာက္တဲ့ ခရီးစဥ္ေတြနဲ႔ အစည္းအေဝးေတာ္ေတာ္မ်ားမ်ားမွာ အခုလို ထည့္သြင္းေျပာၾကားေနပါတယ္။

Mercury_Media

Be the first to comment on "မန္တလေးမှာလည်း မြေအောက်ရထားလမ်း တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော"

Leave a comment

Your email address will not be published.


*