အလှူငွေတွေအလွဲသုံးစားလုပ်နေတဲ့ ABIA စစ်ဦးစီးချုပ်အကြောင်းကို ပန်ဆယ်လိုဖော်

အလှူငွေတွေအလွဲသုံးစားလုပ်နေတဲ့ ABIA စစ်ဦးစီးချုပ်အကြောင်းကို ပန်ဆယ်လိုဖော်

စစ်ဦးစီးချုပ်နာမည်ခံထားတဲ့ကောင်အကြောင်း ပြောမယ်။ အပုတ်နံ့က လှိုင်နေတာ ကြာပြီဆိုပေမယ့် မနက်ကထိ ဒီပွဲထဲကို ခုန်ဝင်ဖို့ စိတ်ကူးမရှိဘူး။

လုပ်စားလွန်းအားကြီးလို့ ပြောရတာ။အာဏာသိမ်းစမှာ CDM ကူညီငွေတွေ ဘုံးတယ်။ ဧရာဝတီတိုင်းအခြေစိုက် AIA ဆိုပြီး စဖွဲ့တယ်။

နောက်တော့ ပြသနာတွေဖြစ်ပြီး ABIA ဗမာ့တိုင်းများ စစ်ဦးစီးချုပ်ဆိုပြီး ထလုပ်တယ်။ စစ်ဦးစီးချုပ်ရာထူး ဘယ်သူပေးတာလဲဆိုတော့ ကိုယ့်ဖာသာ ပေးတာတဲ့။

ခပ်ပြောင်ပြောင်ပဲ။

စစ်အူးဇီးဂျုပ်ကြီးသာ ဖြစ်နေတာ ၈ လပိုင်းထိ တပ်လက်ကိုင်မရှိဘူး။ မီဒီယာကနေ စစ်အူးဇီးဂျုပ်ဆိုပြီး တော်ကီရှယ်ဖုတ်တော့ လေးစားပါတယ်၊

လေးစားပါတယ်နဲ့ ဇွတ်လေးစားသူတွေကြောင့် အလှူငွေတွေဘာတွေနဲ့ အိုကေလာတယ်။ အင်အားသုံးလေးငါးဆယ်နဲ့ အဖွဲ့ဆိုတာလေး ဖြစ်လာတယ်။

ဟိုအဖွဲ့ ငါးသိန်းပေး၊ ဒီအဖွဲ့ ဆယ်သိန်းပေးနဲ့ ဂရုချက်တွေဖွဲ့တယ်။ တိုက်ပွဲသတင်းတွေ၊ ဓါတ်ပုံတွေ တောင်းတယ်။ ပြီးရင် သူတို့အဖွဲ့လိုလို

ဘာလိုလိုနဲ့ ဖေ့စ်ဘုတ်မှာ ထထတင်တယ်။မိပေါင်းတွေလည်း များပြီ။

ပြောလိုက်ရင် တစ်နိုင်ငံလုံးက သူ့လက်အောက်ခံ အဖွဲ့တွေချည်းပဲ။ အဖွဲ့တစ်ခုက တစ်ခုခု ထဖြစ်ရင် သူ့လက်အောက်ခံအဖွဲ့ ဘာပုလို့ ညာပုလို့ဆိုပြီး

ပုံတွေတင်ပြီး ငွေအရင်ဖန်တာ။ တကယ်ဖြစ်တဲ့အဖွဲ့က သူနဲ့ ဘာမှမဆိုင်ဘူး။

ပြီးခဲ့တဲ့ရက်ကမှာ စစ်ကိုင်းဘက်က အဖွဲ့ စခန်းဖျက်ခံရတယ်။ သူ့လက်အောက်ခံအဖွဲ့ဆိုပြီး ထလုပ်တယ်။ ပကဖတွေ Local PDF တွေကို

သူ့လက်အောက်ကအဖွဲ့တွေဆိုပြီး ထထလုပ်နေတာ မနည်းတော့ဘူး။စစ်အူးဇီးချုပ်ကြီးက စွမ်းတယ်။ တစ်နိုင်ငံလုံးက နာမည်ကြီး Mission မှန်သမျှ

သူလုပ်တယ်ဆိုတာချည်းပဲ။ အရမ်း Hot သွားတဲ့ ဗားဂရာကိစ္စ ပစ်သွားတဲ့လူက သူ့လူ။ အခုသေပြီဆိုပြီး ထလုပ်တယ်။

တကယ်လုပ်သွားတဲ့အဖွဲ့က သူနဲ့ဘာမှ မသက်ဆိုင်ကြောင်း လာငြင်းတယ်။ သေတယ်ဆိုတဲ့ ရဲဘော်အကောင့်ကို ABIA က ထိန်းချုပ်လိုက်ပြီဆိုပြီး

သူပါတဲ့ပုံကြီး Profile ထချိန်းတယ်။ အဓိပ္ပါယ်မရှိလို့ ထောက်ပြသူတွေကို သေသူအကောင့်နဲ့ ကက်ကက်လန် ရန်တွေ့တယ်။

ပြည့်စုံသူ သေပြီဆိုပြီး တင်တဲ့ ဓါတ်ပုံတွေက တာချီလိတ်နာရေးကူညီမှုအသင်းက တင်ထားတဲ့ ကိုဇော်လတ်ဆိုသူရဲ့ အလောင်း။ ပြည့်စုံသူက

ရန်ကုန်ကနေ ပစ်ပြီး ကျည်ဒဏ်ရာနဲ့ မဲဆောက်ကို ပြေးတယ်။ မဲဆောက်မှာ သေပြီး တာချီလိတ်ကို အလောင်းပြန်သယ်တယ်တဲ့။

ပစ်တဲ့နေ့မှာ စောက်တပ်ဘက်က ပြန်ပစ်ခတ်နိုင်စွမ်း မရှိဘူး။ ဘယ်နားကျည်က ထထိလဲတော့ မသိ။ တစ်ရက်နှစ်ရက်အတွင်း ကျည်ဒဏ်ရာနဲ့

အစစ်အဆေးကြပ်နေတဲ့ကြားက မြေလျှိုးမိုးပျံ မဲဆောက် ရောက်တာလား။

နာမည်ကြီး Mission မှန်သမျှ ဆွဲစားနေပေါင်းများပြီ။ တကယ်လုပ်သူတွေက လုံခြုံရေးအရ ထရှင်းမရတာကို အခွင့်ကောင်းယူပြီး မျက်ရည်ခြူ

ဂွင်ဖန် အလှူခံ။တောထဲမှာ အလှူငွေနဲ့ ဆေးချ၊ အတိုနှစ်လက် ခါးကြားထိုးပြီး မယားငယ်နဲ့ နှပ်နေတဲ့ ကောင်က။ ပြောလိုက်ရင် နိုင်ငံခြားမပြေးဘူး ဘာဘူး၊

ဘယ်ပြေးမလဲ… နိုင်ငံခြားရောက်ရင် ဖန်စရာဂွင်မှ မရှိတော့တာ။ အိမ်ပြန်မရဘူး မရဘူး။ အိမ်ပြန်ရင် မယားကြီးက ဆီးသမမှာမို့ ပြန်မရတာလေ။

အလှူရှင်တွေက အလှူငွေစာရင်း မေးလာတော့ ဂရုချက်ထဲက ထွက်ပြေး၊ လက်နက်တွေ မှာပေးမယ်ဆိုပြီး ငွေယူ၊ လမ်းမှာ ဖမ်းမိတယ်ဆိုပြီး ဖြောင်၊

အလှူရှင်တွေ ပို့လိုက်တဲ့ ပစ္စည်းကို ကြားကပို့ပေးရတာကို သူပေးလိုက်သလိုတွေ ထလုပ်။ ထိုင်ပြောရင် မုဆိုးမလေးဂင်္ဂါတောင် ဒင်းအရှုပ်လောက် မရှည်ဘူး။

ရဲဘော်ရဲဘက်ဟောင်းကို ငွေတစ်သိန်းပေးပြီး မင်းသဂြိုလ်စရိတ်ဆိုပြီး ရင့်ခဲ့တာ ထည့်ပြောပေးရဦးမလား။ ပစ္စတို နှစ်လက် ခါးကြားထိုးပြီး

ကိုယ့်ကိုယ်ကိုယ်ကင်းစောင့်နေတာ၊ အဖွဲ့က လူသုံးလေးဆယ်မှာ ပစ္စည်းတောင် မစုံလို့ ပြန်တပ်ခေါက်လာတဲ့ အဖွဲ့ဝင်တွေအကြောင်းရော ထည့်ပြောပေးရဦးမလား။

စစ်ဦးစီးချုပ်ကြီးအဖွဲ့က တစ်ခါမှ တိုက်ပွဲမတိုက်ဖူးတာရော ထည့်ပြောပေးရဦးမလား။

ကနဦးက သူ့ကိုယ်သူ NUG ကပါဆိုပြီး လျှောက်ဖောတယ်။ စစ်ဦးစီးချုပ်ဆိုတာ NUG မှာတောင် သက်သက်မရှိဘူး။ နိုင်ငံတော်သမ္မတကပဲ

စစ်ဦးစီးချုပ်တာဝန်ကို တွဲယူရမှာ။ ဒင်းက ဘယ်လို စစ်ဦးစီးချုပ် ထဖြစ်လဲတော့ မပြောတတ်။

သိနေပေမယ့် မပြောဖြစ်ဘူးဆိုတာက ယူနီဖောင်းဝတ်ပြီး စတိုင်ထွားပြရင် ပစ်ကြည်ညိုတတ်တဲ့ဟာတွေက သွေးကွဲမယ် သွေးကွဲမယ်ဆိုပြီး

ဇွတ်ဝင်ထိန်းကြမှာ နားကလောလို့ ဝင်မပြောဖြစ်တာ။ Online မှာ တက်မရေးတာနဲ့ သွေးမကွဲတာ မဟုတ်ဘူး။ အပြင်မှာ ငလိမ်ကောင်ကို

ဘောင်ချာစုတ်ချင်နေတာ တစ်ပုံကြီး။

ပန်ဆယ်လို

Be the first to comment on "အလှူငွေတွေအလွဲသုံးစားလုပ်နေတဲ့ ABIA စစ်ဦးစီးချုပ်အကြောင်းကို ပန်ဆယ်လိုဖော်"

Leave a comment

Your email address will not be published.


*