အခြေခံပညာကျောင်းများအား ၃လခွဲ သင်ကြားပြီးနောက် အတန်းတင်စာမေးပွဲစစ်ဆေးမည်ဟု စစ်ကောင်စီ ‌ကြေငြာ

စစ်ကောင်စီက အခြေခံပညာကျောင်းများအား ၃လခွဲ သင်ကြားပြီးနောက် အတန်းတင်စာမေးပွဲစစ်ဆေးမည်ဟု‌ေကြငြာခဲ့ပါသည်။

စစ်‌ေကာင်စီက နိုဝင်ဘာလ ၁ ရက်နေ့ မြန်မာနိုင် ငံတဝှမ်း မြို့နယ် ၄၆ မြို့နယ်မှအပ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအတန်းအားလုံး ၃လ ခွဲကြာ

သင်ကြားပြီးနောက် လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတတိယအပတ်တွင် အတန်းတင်စာမေးပွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီ၏ အခြေခံပညာဦးစီးဌာနက အဆိုပါ ၃လခွဲတာကာလနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများပြန်လည်ရေးဆွဲထားပြီးဖြစ်ကာ ယခင် နွေရာသီအမှီကာလအတွင်း အတန်းတင်စာမေးပွဲများ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

“ယခုနှစ်စာသင်နှစ်က ၁၄ပတ်(၃လခွဲ)တာ ကာ လဘဲရှိမယ်။ အဲ့ဒီကာလနဲ့ကိုက်ညီအောင် သင်ရိုး ညွှန်းတမ်းရေးဆွဲထားပြီး တိုင်းနဲ့ပြည်နယ်အား လုံးကိုပို့ပေးထားပြီးဖြစ်တယ်။ အဲ့ဒီအတိုင်းသင် ကြားပြီးရင် ဖေဖော်ဝါရီလထဲမှာ

အရင်အတိုင်းဘဲ စာမေးပွဲတွေစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု စစ်ကောင်စီလက်အောက်ခံ၊ ပညာရေးဝန်ကြီးဌာ န အခြေခံညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် က စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်သည့် MRTVသို့ ဖြေကြားထားသည်။

ယင်း ၃လခွဲတာ ကာလအတွင်း သင်ရိုးညွှန်းတမ်းများပြတ်အောင်သင်ကြား၍ စာမေးပွဲစစ်ဆေးရမည်ဖြစ်ပြီး ယခင် နှစ်စဥ် ကျောင်းပိတ်နေကျဖြစ်သည့် ရက်တိုကျောင်းပိတ်ရက်္များကိုပါ လျှော့ချကာ သင်ကြားရနိုင်ကြောင်း သိရှိရသည်။

“ဒီ သင်ရိုးကို ၃လ ခွဲနဲ့ပြတ်အောင်သင်ရမယ်လို့တော့ သိရတယ်။ ဒီကြားထဲက ဒီဇင်ဘာပိတ်ရက်တွေ အများပြည်သူရုံးပိတ်ရက်တွေပါ ပိတ်ရက်တွေလျှော့မှာလို့သိရတယ်။

လိုအပ်ရင် စနေ၊ တနဂ်နွေတွေပါသင်ရမယ်လို့တော့သိထားတယ်”ဟု ဧရာဝတီတိုင်းအတွင်းက လုပ်သက် ၇ နှစ်ရှိ Non-CDM အခြေခံပညာသင်ကြားရေးဝန်ထမ်းတစ်ဦးက ပြောပါသည်။

———–

စစ္ေကာင္စီက အေျခခံပညာေက်ာင္းမ်ားအား ၃လခြဲ သင္ၾကားၿပီးေနာက္ အတန္းတင္စာေမးပြဲစစ္ေဆးမည္ဟု‌ေၾကျငာခဲ့ပါသည္။

စစ္‌ေကာင္စီက ႏိုဝင္ဘာလ ၁ ရက္ေန႔ ျမန္မာႏိုင္ ငံတဝွမ္း ၿမိဳ႕နယ္ ၄၆ ၿမိဳ႕နယ္မွအပ အေျခခံပညာေက်ာင္းမ်ားအားလုံး ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး အေျခခံပညာအတန္းအားလုံး ၃လ ခြဲၾကာ

သင္ၾကားၿပီးေနာက္ လာမည့္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတတိယအပတ္တြင္ အတန္းတင္စာေမးပြဲ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ပညာေရးအသိုင္းအဝိုင္းထံမွ သိရသည္။

စစ္ေကာင္စီ၏ အေျခခံပညာဦးစီးဌာနက အဆိုပါ ၃လခြဲတာကာလႏွင့္ ကိုက္ညီသည့္ သင္႐ိုးၫႊန္းတမ္းမ်ားျပန္လည္ေရးဆြဲထားၿပီးျဖစ္ကာ ယခင္ ေႏြရာသီအမွီကာလအတြင္း အတန္းတင္စာေမးပြဲမ်ား စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရွိရပါ သည္။

“ယခုႏွစ္စာသင္ႏွစ္က ၁၄ပတ္(၃လခြဲ)တာ ကာ လဘဲရွိမယ္။ အဲ့ဒီကာလနဲ႔ကိုက္ညီေအာင္ သင္႐ိုး ၫႊန္းတမ္းေရးဆြဲထားၿပီး တိုင္းနဲ႔ျပည္နယ္အား လုံးကိုပို႔ေပးထားၿပီးျဖစ္တယ္။ အဲ့ဒီအတိုင္းသင္ ၾကားၿပီးရင္ ေဖေဖာ္ဝါရီလထဲမွာ

အရင္အတိုင္းဘဲ စာေမးပြဲေတြစစ္ေဆးသြားမွာျဖစ္ပါတယ္”ဟု စစ္ေကာင္စီလက္ေအာက္ခံ၊ ပညာေရးဝန္ႀကီးဌာ န အေျခခံညာဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ က စစ္ေကာင္စီ၏ ဝါဒျဖန္႔မီဒီယာတစ္ခုျဖစ္သည့္ MRTVသို႔ ေျဖၾကားထားသည္။

ယင္း ၃လခြဲတာ ကာလအတြင္း သင္႐ိုးၫႊန္းတမ္းမ်ားျပတ္ေအာင္သင္ၾကား၍ စာေမးပြဲစစ္ေဆးရမည္ျဖစ္ၿပီး ယခင္ ႏွစ္စဥ္ ေက်ာင္းပိတ္ေနက်ျဖစ္သည့္ ရက္တိုေက်ာင္းပိတ္ရက္ၼ်ားကိုပါ ေလွ်ာ့ခ်ကာ သင္ၾကားရႏိုင္ေၾကာင္း သိရွိရသည္။

“ဒီ သင္႐ိုးကို ၃လ ခြဲနဲ႔ျပတ္ေအာင္သင္ရမယ္လို႔ေတာ့ သိရတယ္။ ဒီၾကားထဲက ဒီဇင္ဘာပိတ္ရက္ေတြ အမ်ားျပည္သူ႐ုံးပိတ္ရက္ေတြပါ ပိတ္ရက္ေတြေလွ်ာ့မွာလို႔သိရတယ္။

လိုအပ္ရင္ စေန၊ တနဂ္ေႏြေတြပါသင္ရမယ္လို႔ေတာ့သိထားတယ္”ဟု ဧရာဝတီတိုင္းအတြင္းက လုပ္သက္ ၇ ႏွစ္ရွိ Non-CDM အေျခခံပညာသင္ၾကားေရးဝန္ထမ္းတစ္ဦးက ေျပာပါသည္။

Be the first to comment on "အခြေခံပညာကျောင်းများအား ၃လခွဲ သင်ကြားပြီးနောက် အတန်းတင်စာမေးပွဲစစ်ဆေးမည်ဟု စစ်ကောင်စီ ‌ကြေငြာ"

Leave a comment

Your email address will not be published.


*