ခေတ်စနစ်နဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ခေတ်စနစ်နဲ့အညီလုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

စစ်ကောင်စီ ဥက္ကဋ္ဌက အာဏာသိမ်းတာ ၉ လပြည့်တဲ့နေ့မှာပဲ ထောင်ဒဏ်တွေ တိုးမြှင့်ထားတဲ့ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို လက်မှတ်ရေးထိုး ပြင်ဆင်လိုက်ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဆိုတာကို အရင်က အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အင်တာနက်မှတစ်ဆင့်ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်မှုတွေက အကျုံးမဝင်ပါဘူး။

အခု ဥပဒေပြင်ဆင်ချက်အရ အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းလို့ ပြင်ဆင်လိုက်လို့ အရင်က ရုပ်သံလွှင့်မီဒီယာကြီးတွေနဲ့ပဲဆိုင်တဲ့ ဥပဒေဟာ လူမှုကွန်ရက်ပေါ်က ရုပ်သံလွှင့်မီဒီယာတွေ နဲ့ပါ အကျုံးဝင်လာတာပဲဖြစ်ပါတယ်။

ငွေဒဏ်တွေကိုလည်းဆက်ထားပြီး ထောင်ဒဏ်တွေထပ်တိုးလိုက်တာက လူမှုကွန်ရက်ပေါ်က ရုပ်သံနဲ့ အသံလွှင့်မှုတွေကို ပေါ်ပေါ်တင်တင်ပဲ သတိပေးခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။

လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုကို လုပ်ရင် အနည်းဆုံးသုံးနှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ် ချနိုင်တယ်လို့ ပြင်ဆင်လိုက်တာပါ။ အရင်က ဒီပြစ်မှုဟာ ငွေဒဏ်ပဲ ကျခံရမှာဖြစ်ပြီး အမြင့်ဆုံး ကျပ်သိန်း ၅၀၀ အထိ ကျခံရမှာပဲဖြစ်ပါတယ်။

အလားတူ လိုင်စင်သက်တမ်းကုန်နေတာကို ထပ်မတိုးဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုကို လုပ်ရင် အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်ထိ ထောင်ဒဏ်လို့ ပြင်ဆင်လိုက်တာပါ။ အရင်က ဒီပြစ်မှုဟာ အမြင့်ဆုံး ကျပ်သိန်း ၁၀၀ အထိ ကျခံရမှာပဲဖြစ်ပါတယ်။

ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းနဲ့ ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းတစ်ခုစီထက်ပိုပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မပြု ဆိုတာနဲ့ သက်ဆိုင်တဲ့ ပြဌာန်းချက်အတွက်လည်း အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ် ချနိုင်တယ်လို့ ပြောင်းလဲပါတယ်။

ဒါ့အပြင် လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းထားစဉ် ကာလအတွင်း ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ရင်

အနည်းဆုံးသုံးနှစ် ကနေ အများဆုံးငါးနှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်တယ်လို့ အစားထိုးထားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထောင်ဒဏ်တွေထပ်တိုးထားပေမယ့်လို့ ငွေဒဏ်တွေကိုလည်း ဆက်ထားထားလို့ ကျူးလွန်သူရဲ့ ပြစ်မှု နဲ့ တရားသူကြီးရဲ့ဆင်ခြင်တုံ တရားက အဓိကကျလိမ့်မယ်လို့ပြောပါတယ်။

အခုလို ထောင်ဒဏ်ထပ်တိုးလိုက်တဲ့ ပုဒ်မတွေက ပြန်ကြားရေးက လက်ရှိလိုင်စင်ပိတ်ထားတဲ့ကြားက ဆက်လက်ထုတ်လွှင့်နေတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ရုပ်သံလွှင့်မီဒီယာတွေကို တိုက်ရိုက် ရည်ရွယ်နေပုံရတယ်လို့ သုံးသပ်ကြပါတယ်။

မဇ္စျိမ၊ ခေတ်သစ်မီဒီယာ၊ DVB ၊ Myanmar Now၊ 7 Day ၊တာချီလိတ်သတင်းအေဂျင်စီ၊ မြစ်ကြီးနားဂျာနယ်၊ The 74 Media နဲ့ Delta News Agency တို့ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းထားပါတယ်။

ဒါပေမဲ့ 7 Day နဲ့ မြစ်ကြီးနားဂျာနယ်တို့က လွဲလို့ ကျန်တဲ့ မီဒီယာတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

” သူတို့ ထုတ်တဲ့ဥပဒေတွေ လိုက်နာစရာလည်းမလိုဘူး။ ဂရုလည်း မစိုက်ဘူး” လို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရ ကပြောပါတယ်။

သူတို့ လိုင်စင်လျှောက်ခဲ့တာက ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရဆီမှာ လျှောက်ခဲ့တာလို့ သူကပြောပါတယ်။

———–

ေခတ္စနစ္နဲ႔အညီလုပ္သင့္လုပ္ထိုက္တာကို လုပ္လိုက္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

စစ္ေကာင္စီ ဥကၠ႒က အာဏာသိမ္းတာ ၉ လျပည့္တဲ့ေန႔မွာပဲ ေထာင္ဒဏ္ေတြ တိုးျမႇင့္ထားတဲ့႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒကို လက္မွတ္ေရးထိုး ျပင္ဆင္လိုက္ပါတယ္။

႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္း ဆိုတာကို အရင္က အဓိပၸါယ္ဖြင့္ဆိုခ်က္အရ အင္တာနက္မွတစ္ဆင့္ထုတ္လႊင့္တဲ့ ႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္မႈေတြက အက်ဳံးမဝင္ပါဘူး။

အခု ဥပေဒျပင္ဆင္ခ်က္အရ အျခားနည္းပညာတစ္ရပ္ရပ္ကို အသုံးျပဳ၍ ထုတ္လႊင့္ျခင္းလို႔ ျပင္ဆင္လိုက္လို႔ အရင္က ႐ုပ္သံလႊင့္မီဒီယာႀကီးေတြနဲ႔ပဲဆိုင္တဲ့ ဥပေဒဟာ လူမႈကြန္ရက္ေပၚက ႐ုပ္သံလႊင့္မီဒီယာေတြ နဲ႔ပါ အက်ဳံးဝင္လာတာပဲျဖစ္ပါတယ္။

ေငြဒဏ္ေတြကိုလည္းဆက္ထားၿပီး ေထာင္ဒဏ္ေတြထပ္တိုးလိုက္တာက လူမႈကြန္ရက္ေပၚက ႐ုပ္သံနဲ႔ အသံလႊင့္မႈေတြကို ေပၚေပၚတင္တင္ပဲ သတိေပးၿခိမ္းေျခာက္လိုက္တာလည္း ျဖစ္ပါတယ္။

လိုင္စင္မရွိဘဲ ႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္း ဝန္ေဆာင္မႈကို လုပ္ရင္ အနည္းဆုံးသုံးႏွစ္မွ အမ်ားဆုံး ငါးႏွစ္ထိ ေထာင္ဒဏ္ ခ်ႏိုင္တယ္လို႔ ျပင္ဆင္လိုက္တာပါ။ အရင္က ဒီျပစ္မႈဟာ ေငြဒဏ္ပဲ က်ခံရမွာျဖစ္ၿပီး အျမင့္ဆုံး က်ပ္သိန္း ၅၀၀ အထိ က်ခံရမွာပဲျဖစ္ပါတယ္။

အလားတူ လိုင္စင္သက္တမ္းကုန္ေနတာကို ထပ္မတိုးဘဲ ႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္း ဝန္ေဆာင္မႈကို လုပ္ရင္ အနည္းဆုံးေျခာက္လမွ အမ်ားဆုံး တစ္ႏွစ္ထိ ေထာင္ဒဏ္လို႔ ျပင္ဆင္လိုက္တာပါ။ အရင္က ဒီျပစ္မႈဟာ အျမင့္ဆုံး က်ပ္သိန္း ၁၀၀ အထိ က်ခံရမွာပဲျဖစ္ပါတယ္။

႐ုပ္ျမင္သံၾကား ထုတ္လႊင့္ျခင္းလုပ္ငန္းနဲ႔ ေရဒီယိုအသံထုတ္လႊင့္ျခင္း လုပ္ငန္းတစ္ခုစီထက္ပိုၿပီး တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ပိုင္ဆိုင္ခြင့္မျပဳ ဆိုတာနဲ႔ သက္ဆိုင္တဲ့ ျပဌာန္းခ်က္အတြက္လည္း အနည္းဆုံးတစ္ႏွစ္မွ အမ်ားဆုံး သုံးႏွစ္ထိ ေထာင္ဒဏ္ ခ်ႏိုင္တယ္လို႔ ေျပာင္းလဲပါတယ္။

ဒါ့အျပင္ လိုင္စင္႐ုပ္သိမ္းျခင္း သို႔မဟုတ္ ကာလအကန္႔အသတ္နဲ႔ ရပ္ဆိုင္းထားစဥ္ ကာလအတြင္း ႐ုပ္ျမင္သံၾကားႏွင့္အသံထုတ္လႊင့္ျခင္း ဝန္ေဆာင္မႈလုပ္ငန္းတစ္ရပ္ရပ္ကို လုပ္ရင္

အနည္းဆုံးသုံးႏွစ္ ကေန အမ်ားဆုံးငါးႏွစ္ထိ ေထာင္ဒဏ္ ခ်မွတ္ႏိုင္တယ္လို႔ အစားထိုးထားပါတယ္။

ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ေထာင္ဒဏ္ေတြထပ္တိုးထားေပမယ့္လို႔ ေငြဒဏ္ေတြကိုလည္း ဆက္ထားထားလို႔ က်ဴးလြန္သူရဲ႕ ျပစ္မႈ နဲ႔ တရားသူႀကီးရဲ႕ဆင္ျခင္တုံ တရားက အဓိကက်လိမ့္မယ္လို႔ေျပာပါတယ္။

အခုလို ေထာင္ဒဏ္ထပ္တိုးလိုက္တဲ့ ပုဒ္မေတြက ျပန္ၾကားေရးက လက္ရွိလိုင္စင္ပိတ္ထားတဲ့ၾကားက ဆက္လက္ထုတ္လႊင့္ေနတဲ့ အာဏာရွင္စနစ္ဆန႔္က်င္ေရး ႐ုပ္သံလႊင့္မီဒီယာေတြကို တိုက္႐ိုက္ ရည္႐ြယ္ေနပုံရတယ္လို႔ သုံးသပ္ၾကပါတယ္။

မဇၥ်ိမ၊ ေခတ္သစ္မီဒီယာ၊ DVB ၊ Myanmar Now၊ 7 Day ၊တာခ်ီလိတ္သတင္းေအဂ်င္စီ၊ ျမစ္ႀကီးနားဂ်ာနယ္၊ The 74 Media နဲ႔ Delta News Agency တို႔ကို စစ္ေကာင္စီက လိုင္စင္ပိတ္သိမ္းထားပါတယ္။

ဒါေပမဲ့ 7 Day နဲ႔ ျမစ္ႀကီးနားဂ်ာနယ္တို႔က လြဲလို႔ က်န္တဲ့ မီဒီယာေတြကေတာ့ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

” သူတို႔ ထုတ္တဲ့ဥပေဒေတြ လိုက္နာစရာလည္းမလိုဘူး။ ဂ႐ုလည္း မစိုက္ဘူး” လို႔ Delta News Agency ရဲ႕ အယ္ဒီတာခ်ဳပ္ ကိုစိုးရ ကေျပာပါတယ္။

သူတို႔ လိုင္စင္ေလွ်ာက္ခဲ့တာက ေ႐ြးေကာက္ပြဲကတက္လာတဲ့ အစိုးရဆီမွာ ေလွ်ာက္ခဲ့တာလို႔ သူကေျပာပါတယ္။

ဘီဘီစီဗားမိစ္

Be the first to comment on "ခေတ်စနစ်နဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော"

Leave a comment

Your email address will not be published.


*