ရုရှားဆီက ရေငုပ်သင်္ဘော ၂ စီး စစ်ကောင်စီ ရေတပ်ရရှိထား

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်အ တွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ရုရှားနိုင်ငံ ဒု-ရေတပ်ဦးစီးချုပ် ခရီးစဥ်တွင် ရုရှားနိုင်ငံမှ အာ ဏာသိမ်း စစ်ကောင်စီ၏ ရေတပ်အတွက် ရေငုပ်သင်္ဘော ၂ စီး ပေးအပ်ခဲ့ကြောင်း ရေတပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ရေငုပ်သင်္ဘော ၂စီးသည် တိုက်ခိုက်ရေး အမျိုးအစားယာဥ်များ ဖြစ်ပြီး တစီးမှာ ရု ရှားရေတပ်တွင် တည်ဆောက်ပြီး အသုံးပြုနေသည့်အမျိုးအစားဖြစ်သည်ဟုသိရကာ

ကျန်တစီး ၏ ဇစ်မြစ်အား အတိအကျ မသိကြောင်းနှင့် စစ်ကောင်စီတပ်မှ ”ရာဇာဓိရာဇ်” နှင့် ”ဂါမဏိ”ဟု မြန် မာအမည်များ ပေးထားကြောင်း သိရသည်။

“အခု ရခိုင်ပြည်နယ် ကျောက်ဖြူက ရေတပ်အ ခြေစိုက် စခန်းတခုမှာ အဲ့ဒီ ၂ စီးရှိနေတယ်။ တော်ပီတိုတွေလည်း တပ်ဆင်ထားပြီးသားလို့ သိရတယ်။ ရေထဲကနေ လေကြောင်းရန် ကာကွယ် ရေး စနစ်လည်း တွဲသုံးလို့ရတယ် ကြားတယ်။

ဒီဇယ်သုံး အင်ဂျင်နဲ့ပဲ။ တစီးကို ရာဇဓိရာဇ်၊ တစီးကို ဂါမဏိဆိုပြီးပေးထားတယ် ” ရေတပ် တွင်းသတင်းရင်းမြစ်တဦးက ပြောကြောင်း ဧရာဝတီတိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားရေတပ် ဒု-စစ်ဦးချုပ် ၏ခရီးစဥ်တွင် ၄င်းနှင့်အတူ စစ်ရေယာဥ် ၁၄ စီး မြန်မာနိုင်ငံတွင် ၃ ရက်ကြာချစ်ကြည်ရေးခရီးစဥ်အဖြစ်လည်ပတ်သည်ဟုသာ သတင်းဖော်ပြထားပြီး အဆိုပါ ရေ ငုတ်သဘော်များနှင့်ပတ်သက်၍ သတင်းဖော်ပြ ခဲ့ခြင်းမရှိပေ။

၄င်း ရုရှား ဒု-ရေတပ်စစ်ဦးစီးချုပ်သည် လေ ကြောင်းခရီးစဥ်ဖြင့်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၍ ရုရှာ ရေတပ်နည်းပညာများဖြန့်ဝေပေး နိုင်ရေးဆွေး နွေးခဲ့သည်ဟုလည်း စစ်ကောင်စီထိန်းချုပ်မီဒီယာများက သတင်းဖော်ပြထားသည်။

အဆိုပါသတင်းအားအတည်ပြုနိုင်ရေး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေး မြန်းသော်လည်း ဖုန်းဆက်သွယ်ရရှိခြင်း မရှိခဲ့ပါ။

ယခင်က စစ်ကောင်စီရေတပ်သို့ တပ်တော်ဝင်လာသည့် ရေငုပ်သင်္ဘောသည်အိန္ဒိယမှ ဝယ်ယူထားသည့် လေ့ကျင့်ရေးနှင့်တိုက်ခိုက်ရေး ၂ မျိုး သုံးအမျိုးအစားဖြစ်ကာ ”မင်းရဲသိင်္ခသူ” ဟုအ မည်ပေးထားပြီး ယခု ထပ်မံရောက်ရှိလာသည်ဟု ဆိုသည့် ၂စီး နှင့်ဆိုလျှင် စစ်ကောင်စီရေတပ်တွင် ၃စီးပိုင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။

———-

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ေနာက္ဆုံးပတ္အ တြင္းက ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည့္ ႐ုရွားႏိုင္ငံ ဒု-ေရတပ္ဦးစီးခ်ဳပ္ ခရီးစဥ္တြင္ ႐ုရွားႏိုင္ငံမွ အာ ဏာသိမ္း စစ္ေကာင္စီ၏ ေရတပ္အတြက္ ေရငုပ္သေဘၤာ ၂ စီး ေပးအပ္ခဲ့ေၾကာင္း ေရတပ္တြင္းသတင္းရင္းျမစ္မ်ားထံက သိရသည္။

အဆိုပါ ေရငုပ္သေဘၤာ ၂စီးသည္ တိုက္ခိုက္ေရး အမ်ိဳးအစားယာဥ္မ်ား ျဖစ္ၿပီး တစီးမွာ ႐ု ရွားေရတပ္တြင္ တည္ေဆာက္ၿပီး အသုံးျပဳေနသည့္အမ်ိဳးအစားျဖစ္သည္ဟုသိရကာ

က်န္တစီး ၏ ဇစ္ျမစ္အား အတိအက် မသိေၾကာင္းႏွင့္ စစ္ေကာင္စီတပ္မွ ”ရာဇာဓိရာဇ္” ႏွင့္ ”ဂါမဏိ”ဟု ျမန္ မာအမည္မ်ား ေပးထားေၾကာင္း သိရသည္။

“အခု ရခိုင္ျပည္နယ္ ေက်ာက္ျဖဴက ေရတပ္အ ေျခစိုက္ စခန္းတခုမွာ အဲ့ဒီ ၂ စီးရွိေနတယ္။ ေတာ္ပီတိုေတြလည္း တပ္ဆင္ထားၿပီးသားလို႔ သိရတယ္။ ေရထဲကေန ေလေၾကာင္းရန္ ကာကြယ္ ေရး စနစ္လည္း တြဲသုံးလို႔ရတယ္ ၾကားတယ္။

ဒီဇယ္သုံး အင္ဂ်င္နဲ႔ပဲ။ တစီးကို ရာဇဓိရာဇ္၊ တစီးကို ဂါမဏိဆိုၿပီးေပးထားတယ္ ” ေရတပ္ တြင္းသတင္းရင္းျမစ္တဦးက ေျပာေၾကာင္း ဧရာဝတီတိုင္းမ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

႐ုရွားေရတပ္ ဒု-စစ္ဦးခ်ဳပ္ ၏ခရီးစဥ္တြင္ ၄င္းႏွင့္အတူ စစ္ေရယာဥ္ ၁၄ စီး ျမန္မာႏိုင္ငံတြင္ ၃ ရက္ၾကာခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္လည္ပတ္သည္ဟုသာ သတင္းေဖာ္ျပထားၿပီး အဆိုပါ ေရ ငုတ္သေဘာ္မ်ားႏွင့္ပတ္သက္၍ သတင္းေဖာ္ျပ ခဲ့ျခင္းမရွိေပ။

၄င္း ႐ုရွား ဒု-ေရတပ္စစ္ဦးစီးခ်ဳပ္သည္ ေလ ေၾကာင္းခရီးစဥ္ျဖင့္ေရာက္ရွိလာခဲ့ျခင္းျဖစ္ၿပီး အာဏာသိမ္းစစ္ေခါင္းေဆာင္ႏွင့္ေတြ႕ဆုံ၍ ႐ုရွာ ေရတပ္နည္းပညာမ်ားျဖန္႔ေဝေပး ႏိုင္ေရးေဆြး ေႏြးခဲ့သည္ဟုလည္း စစ္ေကာင္စီထိန္းခ်ဳပ္မီဒီယာမ်ားက သတင္းေဖာ္ျပထားသည္။

အဆိုပါသတင္းအားအတည္ျပဳႏိုင္ေရး စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူထံ ဆက္သြယ္ေမး ျမန္းေသာ္လည္း ဖုန္းဆက္သြယ္ရရွိျခင္း မရွိခဲ့ပါ။

ယခင္က စစ္ေကာင္စီေရတပ္သို႔ တပ္ေတာ္ဝင္လာသည့္ ေရငုပ္သေဘၤာသည္အိႏၵိယမွ ဝယ္ယူထားသည့္ ေလ့က်င့္ေရးႏွင့္တိုက္ခိုက္ေရး ၂ မ်ိဳး သုံးအမ်ိဳးအစားျဖစ္ကာ ”မင္းရဲသိခၤသူ” ဟုအ မည္ေပးထားၿပီး ယခု ထပ္မံေရာက္ရွိလာသည္ဟု ဆိုသည့္ ၂စီး ႏွင့္ဆိုလွ်င္ စစ္ေကာင္စီေရတပ္တြင္ ၃စီးပိုင္ဆိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

Be the first to comment on "ရုရှားဆီက ရေငုပ်သင်္ဘော ၂ စီး စစ်ကောင်စီ ရေတပ်ရရှိထား"

Leave a comment

Your email address will not be published.


*