အပြစ် မကျူးလွန်ခဲ့၍ တရားရုံးတွင် တောင်းပန်လျှောက်ထားစရာမလိုဟု ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

အပြစ် မကျူးလွန်ခဲ့၍ တရားရုံးတွင် တောင်းပန်လျှောက်ထားစရာမလိုဟု ပြည်သူ့‌ေခါင်း‌ေဆာင်‌ေဒါ်အောင်ဆန်းစုကြည် တုံ့ပြန်‌ေကြငြာခဲ့ပါသည်။

မည်သည့် ပြစ်မှုမျှ မကျူးလွန်ခဲ့ခြင်းကြောင့် အမှု့နှင့် ပတ်သက်၍ တရားရုံးတွင် တောင်းပန် လျှောက်ထားစရာ မလိုဟု တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးကို တုံ့ပြန်ချေပ ပြောဆိုခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်‌ တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်အား တရားသူကြီးက အမှုနှင့် ပတ်သက်၍ အပြစ် မရှိကြောင်း ဘာ့ကြောင့် မပန်ကြား၊ မတောင်းဆိုသလဲဟု မေးမြန်းရာတွင် ယင်းကဲ့သို့ တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် အထူး သီးသန့်တရားရုံး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နှင့် နေပြည်တော် ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို ဆူပူအောင် လှုံ့ဆော်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုအတွက် ဒေါက်တာမျိုးအောင်တစ်ဦးတည်းသာ သက်သေထွက်ဆိုရန် ကျန်ရှိနေပြီး ယနေ့ တရားခွင်အတွင်း ၎င်းက ကိုယ်တိုင်ကျမ်းကျိန် ထွက်ဆိုခဲ့သည်။

ဒေါက်တာမျိုးအောင်က ကိုယ်တိုင်ချေပ ထွက်ဆိုရာတွင် ဖေဖော်ဝါရီ ၁ ရက်က ၎င်းအား မည်သို့ ဖမ်းဆီးခံခဲ့ရသည် ဆိုခြင်းကို ထွက်ဆိုနေစဉ် အစိုးရရှေ့နေဘက်က အမှု့နှင့် မသက်ဆိုင်ကြောင်း ကန့်ကွက်ခဲ့သည်။

စွပ်စွဲခံရသူဘက်္မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေအဖွဲ့က ထွက်ဆိုသည့် သက်သေခံချက်များသည် ဆက်စပ်မှု ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ရာ တရားသူကြီးက တရားခံ အနေဖြင့် အမှုအတွက် ပြည့်ပြည့်၀၀ ထွက်ဆိုခွင့်ရှိသည်ဟု ဆိုကာ ခွင့်ပြုပေးခဲ့သည်။

ဒေါက်တာမျိုးအောင် ထွက်ဆိုချက်အပြီး စွပ်စွဲခံရသူများ၏ ရှေ့နေအဖွဲ့က လျှောက်လဲချက် ပေးရမည့် ရက်အား ပုံမှန်ချိန်းဆိုနေသည့် ရက်ထက် တစ်ပတ်နောက်ဆုတ်ကာ စစ်ဆေးပေးရန် တောင်းဆိုခဲ့ရာ တရားသူကြီးက နို၀င်ဘာ ၁၆ ရက်သို့ ချိန်းဆိုလိုက်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု့ ဥပဒေပုဒ်မ (၂၅ )အမှု နှစ်မှု့ ရှိသည့်အနက် တစ်မှုအား ဆက်လက်စစ်ဆေးခဲ့ရာ တရားလို ဦးညီညီ၊ လိုပြသက်သေ ဦးဝေလွင်ဦးနှင့် စစ်ဆေးရေးအရာရှိ ဦးသန်းအေးတို့အား စစ်မေးခဲ့သည်။

ယခင်တင်ပြထားသော လိုပြသက်သေ ဦးမြင့်နိုင်မှာ ရုံးချိန်းတိုင်း လာရောက်ထွက်ဆိုခြင်း မရှိခဲ့သောကြောင့် ယင်းသက်သေအား တရားရုံးက ပလပ်ခဲ့သည်။

ယင်းအမှု့အတွက် တရားလိုပြသက်သေအားလုံး စစ်ဆေးပြီးစီးခဲ့သောကြောင့် စွပ်စွဲခံရသူဘက်္မှ တင်ပြထားသော သက်သေများကို စစ်ဆေးရန် နို၀င်ဘာ ၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

နိုင်ငံ့ခေါင်းဆောင် သုံးဦးလုံး လက်ရှိအချိန်အထိ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း ရှေ့နေ အဖွဲ့နှင့် နီးစပ်သူ အသိုင်းအဝိုင်းက အတည်ပြု ပြောကြားခဲ့သည်။

————

အျပစ္ မက်ဴးလြန္ခဲ့၍ တရား႐ုံးတြင္ ေတာင္းပန္ေလွ်ာက္ထားစရာမလိုဟု ျပည္သူ႔‌ေခါင္း‌ေဆာင္‌ေဒၚေအာင္ဆန္းစုၾကည္ တုံ႔ျပန္‌ေၾကျငာခဲ့ပါသည္။

မည္သည့္ ျပစ္မႈမွ် မက်ဴးလြန္ခဲ့ျခင္းေၾကာင့္ အမႈ႕ႏွင့္ ပတ္သက္၍ တရား႐ုံးတြင္ ေတာင္းပန္ ေလွ်ာက္ထားစရာ မလိုဟု တရားခြင္၌ ေဒၚေအာင္ဆန္းစုၾကည္က တရားသူႀကီးကို တုံ႔ျပန္ေခ်ပ ေျပာဆိုခဲ့သည္။

ယေန႔ ႏိုဝင္ဘာလ ၂ ရက္‌ တရားခြင္၌ ေဒၚေအာင္ဆန္းစုၾကည္အား တရားသူႀကီးက အမႈႏွင့္ ပတ္သက္၍ အျပစ္ မရွိေၾကာင္း ဘာ့ေၾကာင့္ မပန္ၾကား၊ မေတာင္းဆိုသလဲဟု ေမးျမန္းရာတြင္ ယင္းကဲ့သို႔ တုံ႔ျပန္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ယေန႔တြင္ ေနျပည္ေတာ္၊ ဇဗၺဴသီရိၿမိဳ႕နယ္ အထူး သီးသန္႔တရား႐ုံး၌ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္ႏွင့္ ေနျပည္ေတာ္ ေကာင္စီ နယ္ေျမ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ သုံးဦးကို ဆူပူေအာင္ လႈံ႕ေဆာ္ေစမႈ ပုဒ္မ ၅၀၅ (ခ) ျဖင့္ ႐ုံးထုတ္ စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

ယင္းအမႈအတြက္ ေဒါက္တာမ်ိဳးေအာင္တစ္ဦးတည္းသာ သက္ေသထြက္ဆိုရန္ က်န္ရွိေနၿပီး ယေန႔ တရားခြင္အတြင္း ၎က ကိုယ္တိုင္က်မ္းက်ိန္ ထြက္ဆိုခဲ့သည္။

ေဒါက္တာမ်ိဳးေအာင္က ကိုယ္တိုင္ေခ်ပ ထြက္ဆိုရာတြင္ ေဖေဖာ္ဝါရီ ၁ ရက္က ၎အား မည္သို႔ ဖမ္းဆီးခံခဲ့ရသည္ ဆိုျခင္းကို ထြက္ဆိုေနစဥ္ အစိုးရေရွ႕ေနဘက္က အမႈ႕ႏွင့္ မသက္ဆိုင္ေၾကာင္း ကန္႔ကြက္ခဲ့သည္။

စြပ္စြဲခံရသူဘက္ၼွ လိုက္ပါ ေဆာင္႐ြက္ေသာ ေရွ႕ေနအဖြဲ႕က ထြက္ဆိုသည့္ သက္ေသခံခ်က္မ်ားသည္ ဆက္စပ္မႈ ရွိေၾကာင္း ရွင္းလင္းတင္ျပခဲ့ရာ တရားသူႀကီးက တရားခံ အေနျဖင့္ အမႈအတြက္ ျပည့္ျပည့္၀၀ ထြက္ဆိုခြင့္ရွိသည္ဟု ဆိုကာ ခြင့္ျပဳေပးခဲ့သည္။

ေဒါက္တာမ်ိဳးေအာင္ ထြက္ဆိုခ်က္အၿပီး စြပ္စြဲခံရသူမ်ား၏ ေရွ႕ေနအဖြဲ႕က ေလွ်ာက္လဲခ်က္ ေပးရမည့္ ရက္အား ပုံမွန္ခ်ိန္းဆိုေနသည့္ ရက္ထက္ တစ္ပတ္ေနာက္ဆုတ္ကာ စစ္ေဆးေပးရန္ ေတာင္းဆိုခဲ့ရာ တရားသူႀကီးက ႏို၀င္ဘာ ၁၆ ရက္သို႔ ခ်ိန္းဆိုလိုက္သည္။

ထို႔ေနာက္ ေဒၚေအာင္ဆန္းစုၾကည္အား စြဲဆိုထားေသာ သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈ႕ ဥပေဒပုဒ္မ (၂၅ )အမႈ ႏွစ္မႈ႕ ရွိသည့္အနက္ တစ္မႈအား ဆက္လက္စစ္ေဆးခဲ့ရာ တရားလို ဦးညီညီ၊ လိုျပသက္ေသ ဦးေဝလြင္ဦးႏွင့္ စစ္ေဆးေရးအရာရွိ ဦးသန္းေအးတို႔အား စစ္ေမးခဲ့သည္။

ယခင္တင္ျပထားေသာ လိုျပသက္ေသ ဦးျမင့္ႏိုင္မွာ ႐ုံးခ်ိန္းတိုင္း လာေရာက္ထြက္ဆိုျခင္း မရွိခဲ့ေသာေၾကာင့္ ယင္းသက္ေသအား တရား႐ုံးက ပလပ္ခဲ့သည္။

ယင္းအမႈ႕အတြက္ တရားလိုျပသက္ေသအားလုံး စစ္ေဆးၿပီးစီးခဲ့ေသာေၾကာင့္ စြပ္စြဲခံရသူဘက္ၼွ တင္ျပထားေသာ သက္ေသမ်ားကို စစ္ေဆးရန္ ႏို၀င္ဘာ ၉ ရက္ေန႔သို႔ ျပန္လည္ခ်ိန္းဆိုခဲ့သည္။

ႏိုင္ငံ့ေခါင္းေဆာင္ သုံးဦးလုံး လက္ရွိအခ်ိန္အထိ က်န္းမာေရး အထူးေကာင္းမြန္ေၾကာင္း ေရွ႕ေန အဖြဲ႕ႏွင့္ နီးစပ္သူ အသိုင္းအဝိုင္းက အတည္ျပဳ ေျပာၾကားခဲ့သည္။

Be the first to comment on "အပြစ် မကျူးလွန်ခဲ့၍ တရားရုံးတွင် တောင်းပန်လျှောက်ထားစရာမလိုဟု ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်"

Leave a comment

Your email address will not be published.


*