ဗိုလ်ကတော်ဥမ္မာဝင်း နဲ့ တပ်ထောက်ခံသူတို့ ငြိတဲ့ပွဲ

သိန်း၇၀၀ တန် မြေကွက် အကျိုးတူရောင်းဝယ်ကြတယ်၊ မြေအတုကို ဂရမ်အတုနဲ့ရောင်းတယ်၊ ဗိုလ်မှူးကတော်ကဝယ်တယ်။ ဝယ်ပြီးပြန်ရောင်းစားတယ်၊ မြတ်တော့ငြိမ်နေတယ်။ သုံးခါလေးခါလောက် အကျိူးတူစီးပွားတွဲလုပ်တယ်။

အခုတခါကျတော့ မြေကွက်က ဝယ်ထားပြီး ရောင်းမထွက်မှန်းသိတော့ အခု live လွှင့်တဲ့အမျိုးသမီးဆီကနေ ငွေပြန်တောင်းတယ်။ ဟိုက တစ်ဝက်ပြန်ပေးပြီးပြီ၊ ကျန်တဝက်ပေးမယ့်အချိန်မှာ ကိုဗစ်ဖြစ်တာနဲ့မပေးနိုင်ဘူး။ အဲ့ဒါကို ဗိုလ်ကတော် ဥမ္မာဝင်းက စစ်တပ်အာဏာနဲ့ ပစ်–တ်မယ် ခြိမ်းခြောက်လို့ စစ်တပ်ထောက်ခံသူ အမျိုးသမီးက မခံမရပ်နိုင်ဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယက် အကောင့်ကနေ Live လွှင့်ပြီး ပြန်တီးထားတယ်။

Live လွှင့်သူ အမျိုးသမီးရဲ့ အကောင့်နာမည်က Nay Ma Kha။ သူ့အကောင့်ကနေ နိုဝင်ဘာ ၁ရက်နေ့က Live မလွှင့်ခင်လေးမှာ အခုလိုလည်း ရေးတင်ထားသေးတယ်။

“အိမ်ခြံမြေ အရာင်းဝယ်လုပ်ရင်း ရောင်းမှားဝယ်မှားဖြစ်တဲ့ ပိုက်ဆံ သိန်း ၃၈၀, ၁၉၀ စိုက်လျော်ထားပြီး၊ တဖက်က လာပြန်မလျော်သေးလို့ စောင့်ခိုင်းထားတာကို ကျွန်မကိုလိမ်ပါတယ်ဆိုပြီး ပုံတွေလိုင်းပေါ်တင်ပြီး အရှက်ခွဲ။

စရဖ နဲ့ ခြိမ်းခြောက်၊ ကျည်တတောင့်မကုန်ဘူး ပစ်–တ်မယ်လို့ ခြိမ်းခြောက်။ ရဲမှူးချွေးမဆိုပြီး မြို့နယ်မှူးကို ကလိမ်ကကျစ်နဲ့ လာတိုင်သွားဖြေရှင်းတော့ လာမတွေ့။ ငါ့ကို ဗိုလ်ကတော်ဆိုပြီး တပ်နဲ့ ခြိမ်းခြောက်နေတဲ့ အိမ်ခြံမြေပွဲစားမ ဥမ္မာဝင်း၊ နင့်လင်စစ်ဗိုလ်ကိုယ်တိုင် ရှေ့နေနဲ့စာချုပ်ချုပ်ပြီး ငါ့ဆီကငွေကို လက်မှတ်ထိုးပြီး လက်ခံထားတာနော်။

စစ်ဗိုလ်ကတော်ပွဲစားမနဲ့ အိမ်ခြံမြေရောင်းမှားဝယ်မှားဖြစ်တာ စရဖ ဖမ်းလို့ရလား၊ ကျည်တစ်တောင့်မကုန်ဘူး ပစ်–တ်ခိုင်းလိုက်မယ်လို့ ခြိမ်းခြောက်ရအောင် တပ်မတော်ကြီးက စစ်ဗိုလ်မယားတွေရဲ့ လက်အောက်မှာရှိနေတာလား ဗိုလ်ကတော်ဥမ္မာဝင်းရယ်။ ငါ့ကိုလိမ်ပြေးတယ်ဆိုပြီး လိုင်းပေါ်တင်တော့ ငါက ဘုတ်ဘုတ်ဗက်ဗက်ပေါ့” ဟု ရေးတင်ထားခဲ့ပါတယ်။

ဆိုတော့ မြန်မာနိုင်ငံမှာ မြေကွက်တွေကို လုပ်ချင်သလိုလုပ်နေကြတာဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ ၎င်းတို့ကိုထောက်ခံဝန်းခံနေကြသော စစ်တပ်ထောက်ခံသူတွေချည်းပဲဆိုတာ ဒီဖိုင်လေးက ပေါ်လွင်နေပါတယ်။

Live လွှင့်သူ စစ်တပ်ထောက်ခံသူအမျိုးသမီးက အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကြီးကို အခုလိုအာဏာကို အလွဲသုံးစားလုပ်နေတာ စောက်ရှက်မရှိကြဘူးလားလို့ မေးခွန်းထုတ်သွားတဲ့အပြင်၊ နစက စကစ ပြန်ကြားရေးဗိုလ်ချူပ်ကြီး ဇော်မဲလုံး ကန့်သက်ထားတဲ့ “ဘုတ်ဘုတ်ဗက်ဗက်”ဆိုတဲ့ တော်ကီကို တပ်မတော်ထောက်ခံသူဖြစ်ပြီး အာဘော်အာရင်းသန်သန် ထွက်ဆိုသွားပါသေးတယ်။

ထိုပို့စ်တွေကိုလည်း Video File ထဲမှာ သက်သေနဲ့တကွ ထည့်သွင်းဖော်ပြပေးထားပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကတော့ ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ “အေအန်န်အမ်မ်တီ”ပါ…😝

အေအန်န်အမ်မ်တီ

သိန္း၇၀၀ တန္ ေျမကြက္ အက်ိဳးတူေရာင္းဝယ္ၾကတယ္၊ ေျမအတုကို ဂရမ္အတုနဲ႔ေရာင္းတယ္၊ ဗိုလ္မႉးကေတာ္ကဝယ္တယ္။ ဝယ္ၿပီးျပန္ေရာင္းစားတယ္၊ ျမတ္ေတာ့ၿငိမ္ေနတယ္။ သုံးခါေလးခါေလာက္ အက်ိဴးတူစီးပြားတြဲလုပ္တယ္။

အခုတခါက်ေတာ့ ေျမကြက္က ဝယ္ထားၿပီး ေရာင္းမထြက္မွန္းသိေတာ့ အခု live လႊင့္တဲ့အမ်ိဳးသမီးဆီကေန ေငြျပန္ေတာင္းတယ္။ ဟိုက တစ္ဝက္ျပန္ေပးၿပီးၿပီ၊ က်န္တဝက္ေပးမယ့္အခ်ိန္မွာ ကိုဗစ္ျဖစ္တာနဲ႔မေပးႏိုင္ဘူး။ အဲ့ဒါကို ဗိုလ္ကေတာ္ ဥမၼာဝင္းက စစ္တပ္အာဏာနဲ႔ ပစ္–တ္မယ္ ၿခိမ္းေျခာက္လို႔ စစ္တပ္ေထာက္ခံသူ အမ်ိဳးသမီးက မခံမရပ္ႏိုင္ျဖစ္ၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္လူမႈကြန္ယက္ အေကာင့္ကေန Live လႊင့္ၿပီး ျပန္တီးထားတယ္။

Live လႊင့္သူ အမ်ိဳးသမီးရဲ႕ အေကာင့္နာမည္က Nay Ma Kha။ သူ႔အေကာင့္ကေန ႏိုဝင္ဘာ ၁ရက္ေန႔က Live မလႊင့္ခင္ေလးမွာ အခုလိုလည္း ေရးတင္ထားေသးတယ္။

“အိမ္ၿခံေျမ အရာင္းဝယ္လုပ္ရင္း ေရာင္းမွားဝယ္မွားျဖစ္တဲ့ ပိုက္ဆံ သိန္း ၃၈၀, ၁၉၀ စိုက္ေလ်ာ္ထားၿပီး၊ တဖက္က လာျပန္မေလ်ာ္ေသးလို႔ ေစာင့္ခိုင္းထားတာကို ကြၽန္မကိုလိမ္ပါတယ္ဆိုၿပီး ပုံေတြလိုင္းေပၚတင္ၿပီး အရွက္ခြဲ။

စရဖ နဲ႔ ၿခိမ္းေျခာက္၊ က်ည္တေတာင့္မကုန္ဘူး ပစ္–တ္မယ္လို႔ ၿခိမ္းေျခာက္။ ရဲမႉးေခြၽးမဆိုၿပီး ၿမိဳ႕နယ္မႉးကို ကလိမ္ကက်စ္နဲ႔ လာတိုင္သြားေျဖရွင္းေတာ့ လာမေတြ႕။ ငါ့ကို ဗိုလ္ကေတာ္ဆိုၿပီး တပ္နဲ႔ ၿခိမ္းေျခာက္ေနတဲ့ အိမ္ၿခံေျမပြဲစားမ ဥမၼာဝင္း၊ နင့္လင္စစ္ဗိုလ္ကိုယ္တိုင္ ေရွ႕ေနနဲ႔စာခ်ဳပ္ခ်ဳပ္ၿပီး ငါ့ဆီကေငြကို လက္မွတ္ထိုးၿပီး လက္ခံထားတာေနာ္။

စစ္ဗိုလ္ကေတာ္ပြဲစားမနဲ႔ အိမ္ၿခံေျမေရာင္းမွားဝယ္မွားျဖစ္တာ စရဖ ဖမ္းလို႔ရလား၊ က်ည္တစ္ေတာင့္မကုန္ဘူး ပစ္–တ္ခိုင္းလိုက္မယ္လို႔ ၿခိမ္းေျခာက္ရေအာင္ တပ္မေတာ္ႀကီးက စစ္ဗိုလ္မယားေတြရဲ႕ လက္ေအာက္မွာရွိေနတာလား ဗိုလ္ကေတာ္ဥမၼာဝင္းရယ္။ ငါ့ကိုလိမ္ေျပးတယ္ဆိုၿပီး လိုင္းေပၚတင္ေတာ့ ငါက ဘုတ္ဘုတ္ဗက္ဗက္ေပါ့” ဟု ေရးတင္ထားခဲ့ပါတယ္။

ဆိုေတာ့ ျမန္မာႏိုင္ငံမွာ ေျမကြက္ေတြကို လုပ္ခ်င္သလိုလုပ္ေနၾကတာဟာ စစ္တပ္အသိုင္းအဝိုင္းနဲ႔ ၎တို႔ကိုေထာက္ခံဝန္းခံေနၾကေသာ စစ္တပ္ေထာက္ခံသူေတြခ်ည္းပဲဆိုတာ ဒီဖိုင္ေလးက ေပၚလြင္ေနပါတယ္။

Live လႊင့္သူ စစ္တပ္ေထာက္ခံသူအမ်ိဳးသမီးက အၾကမ္းဖက္ အာဏာသိမ္းစစ္တပ္ႀကီးကို အခုလိုအာဏာကို အလြဲသုံးစားလုပ္ေနတာ ေစာက္ရွက္မရွိၾကဘူးလားလို႔ ေမးခြန္းထုတ္သြားတဲ့အျပင္၊ နစက စကစ ျပန္ၾကားေရးဗိုလ္ခ်ဴပ္ႀကီး ေဇာ္မဲလုံး ကန္႔သက္ထားတဲ့ “ဘုတ္ဘုတ္ဗက္ဗက္”ဆိုတဲ့ ေတာ္ကီကို တပ္မေတာ္ေထာက္ခံသူျဖစ္ၿပီး အာေဘာ္အာရင္းသန္သန္ ထြက္ဆိုသြားပါေသးတယ္။

ထိုပို႔စ္ေတြကိုလည္း Video File ထဲမွာ သက္ေသနဲ႔တကြ ထည့္သြင္းေဖာ္ျပေပးထားပါတယ္။ ဟုတ္ကဲ့ ကြၽန္ေတာ္ကေတာ့ ပြဲျဖစ္ေျမာက္ေရးေကာ္မတီဥကၠဌ “ေအအန္န္အမ္မ္တီ”ပါ…😝

ေအအန္န္အမ္မ္တီ

Be the first to comment on "ဗိုလ်ကတော်ဥမ္မာဝင်း နဲ့ တပ်ထောက်ခံသူတို့ ငြိတဲ့ပွဲ"

Leave a comment

Your email address will not be published.


*