နိုင်ငံအတွက် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ မင်းအောင်လှိုင်ပြောကြား

တပ်မတော်အတွက်သာမက နိုင်ငံအတွက် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ သောင်းကျန်းသူစစ်ခေါင်းဆောင်ပြောကြားခဲ့ပါသည်။

ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ် နဲ့ မီးသတ်ယာဉ် တွေဟာ တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံမှာ လိုအပ်နေတာဖြစ်တဲ့အတွက် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ

လုပ်ငန်းတွေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် အရည်အသွေးပြည့်တဲ့ ယာဉ်တွေ ထုတ်လုပ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ကပြောဆိုလိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို မနေ့ကအောက်တိုဘာ(၃၁) ရက်နေ့မှာ သွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်တာဖြစ်ပါသည်။

လျှပ်စစ်ရထားတွေ၊ မိုးပျံလမ်းတွေနဲ့ မြေအောက်လမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေက ပျက်ရည်ပြုနေတဲ့ အချိန်မှာ စစ်ခေါင်းဆောင်က အခုလိုမော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ ထပ်မံပြောဆိုလိုက်တာပါ။

ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နဲ့ မီးသတ်ယာဉ်တွေကို အရည်အသွေးပြည့်မီစွာနဲ့ အရေအတွက်များများ ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့အဲ့ဒီမော်တော်ယာဉ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ပို့ဆောင်ဖြန့်ဖြူး ပေးသွားဖို့

မော်တော်ယာဉ်တွေ ထုတ်လုပ်ရာမှာလည်း အခုထက်ပိုမို ကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ နည်းပညာမြင့်ကားတွေ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးသည်။

စစ်ခေါင်းဆောင် သွားရောက်စစ်ဆေးတဲ့ တပ်မတော်အကြီးစားစက်ရုံမှ ဂါလံ ၂၀၀၀ နဲ့ ၂၂၀၀ ဆန့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နဲ့ ဆီသယ်ယာဉ်တွေ၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နဲ့ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Jeep Frame နဲ့ Bolts & Nuts တွေကို ထုတ်လုပ်နေတာဖြစ်ပါသည်။

————–

တပ္မေတာ္အတြက္သာမက ႏိုင္ငံအတြက္ ၿမိဳ႕ျပစည္ပင္သာယာေရးဆိုင္ရာ လုပ္ငန္းေတြနဲ႔ မီးေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္တဲ့ ေမာ္ေတာ္ယာဥ္ေတြ ထုတ္လုပ္ဖို႔ ေသာင္းက်န္းသူစစ္ေခါင္းေဆာင္ေျပာၾကားခဲ့ပါသည္။

ဆီသယ္ယာဥ္၊ ေရသယ္ယာဥ္၊ အမႈိက္သိမ္းယာဥ္၊ ေဆးဖ်န္းယာဥ္ နဲ႔ မီးသတ္ယာဥ္ ေတြဟာ တပ္မေတာ္အတြက္သာမက မိမိတို႔ႏိုင္ငံမွာ လိုအပ္ေနတာျဖစ္တဲ့အတြက္ ၿမိဳ႕ျပစည္ပင္သာယာေရးဆိုင္ရာ

လုပ္ငန္းေတြနဲ႔ မီးေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္ဖို႔အတြက္ အရည္အေသြးျပည့္တဲ့ ယာဥ္ေတြ ထုတ္လုပ္ဖို႔လိုတယ္လို႔ စစ္ေခါင္းေဆာင္ ကေျပာဆိုလိုက္ပါသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ တပ္မေတာ္အႀကီးစားစက္႐ုံ လုပ္ငန္းေဆာင္႐ြက္ေနမႈ အေျခအေနေတြကို မေန႔ကေအာက္တိုဘာ(၃၁) ရက္ေန႔မွာ သြားေရာက္ၾကည့္ရႈစစ္ေဆးခ်ိန္မွာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေျပာဆိုလိုက္တာျဖစ္ပါသည္။

လွ်ပ္စစ္ရထားေတြ၊ မိုးပ်ံလမ္းေတြနဲ႔ ေျမေအာက္လမ္းကိစၥေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြက ပ်က္ရည္ျပဳေနတဲ့ အခ်ိန္မွာ စစ္ေခါင္းေဆာင္က အခုလိုေမာ္ေတာ္ယာဥ္ေတြ ထုတ္လုပ္ဖို႔ ထပ္မံေျပာဆိုလိုက္တာပါ။

ဆီသယ္ယာဥ္၊ ေရသယ္ယာဥ္၊ အမႈိက္သိမ္းယာဥ္၊ ေဆးဖ်န္းယာဥ္နဲ႔ မီးသတ္ယာဥ္ေတြကို အရည္အေသြးျပည့္မီစြာနဲ႔ အေရအတြက္မ်ားမ်ား ထုတ္လုပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားဖို႔အဲ့ဒီေမာ္ေတာ္ယာဥ္ေတြကို တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးကို ပို႔ေဆာင္ျဖန႔္ျဖဴး ေပးသြားဖို႔

ေမာ္ေတာ္ယာဥ္ေတြ ထုတ္လုပ္ရာမွာလည္း အခုထက္ပိုမို ေကာင္းမြန္ၿပီး ႏိုင္ငံတကာစံႏႈန္းေတြနဲ႔ ကိုက္ညီတဲ့ နည္းပညာျမင့္ကားေတြ ထုတ္လုပ္ႏိုင္ေရးအတြက္လည္း ဆက္လက္သုေတသနျပဳ ေဆာင္႐ြက္သြားဖို႔ လိုအပ္တယ္လို႔ စစ္ေခါင္းေဆာင္က ေျပာဆိုခဲ့ပါေသးသည္။

စစ္ေခါင္းေဆာင္ သြားေရာက္စစ္ေဆးတဲ့ တပ္မေတာ္အႀကီးစားစက္႐ုံမွ ဂါလံ ၂၀၀၀ နဲ႔ ၂၂၀၀ ဆန႔္ မီးသတ္ယာဥ္၊ ေရသယ္ယာဥ္နဲ႔ ဆီသယ္ယာဥ္ေတြ၊ အမႈိက္သိမ္းယာဥ္၊ ေဆးဖ်န္းယာဥ္နဲ႔ ေမာ္ေတာ္ယာဥ္ ဆက္စပ္ပစၥည္းေတြျဖစ္တဲ့ Jeep Frame နဲ႔ Bolts & Nuts ေတြကို ထုတ္လုပ္ေနတာျဖစ္ပါသည္။

Be the first to comment on "နိုင်ငံအတွက် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ မင်းအောင်လှိုင်ပြောကြား"

Leave a comment

Your email address will not be published.


*