ထန်တလန်အပါအဝင် စစ်တပ်ရဲ့ တိုက်ခိုက်မှုများနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောပြီ

ထန်တလန်မြို့မီးရှို့မှု အပါအဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင်ရိုင်းစိုင်း စက်ဆုပ်ရွံရှာဖွယ်် တိုက်ခိုက်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့မှုအပါဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင် ရိုင်းစိုင်းသည့် ကျူးလွန်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။

ခရစ်ယာန်ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များကျူးလွန်သော

ကမ်းကုန်အောင်ရိုင်းစိုင်းသည့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုသည်။

ပြည်သူလူထု၊ ပြည်သူလူထု၏အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာနေရာများကို ရက်ရက်စက်စက်လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာပြည်သူလူထု၏

အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏လုပ်ရပ်ကို အမေရိကန်က ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာစစ်တပ်၏

စက်ဆုပ်ရွံရှာဖွယ်တိုက်ခိုက်မှုများက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် စစ်တပ်ကိုလက်နက်များလွှဲပြောင်းပေးနေမှုပိတ်ပင်တားဆီခြင်းအပါအဝင်

ကမ်းကုန်အောင်ရိုင်းစိုင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အမြန်ဆုံးအရေးယူရန်လိုအပ်နေသည့်ကို မီးမောင်းထိုးပြနေသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် နိုင်ငံအတွင်းနေရာအများအပြား၌ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးအရှိန်မြှင့်တင်နေခြင်းနှင့်ပတ်သက်၍လည်း

မိမိတို့များစွာစိုးရိမ်မိကြောင်း၊ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကိုအားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ပြန်လည်ဖော်ဆောင်ရန်အတွက်

စစ်အာဏာရှင်ကိုတောင်းဆိုသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ပြောဆိုသည်။

စစ်အာဏာရှင်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေသည့် ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုများအတွက် တာဝန်ယူမှု၊

တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်က ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပြန်လည်ဖော်ဆောင်ရေးနှင့်

အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် ကြိုး ပမ်းဆောင်ရွက်နေကြသူအားလုံးကို မိမိတို့ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ပြောဆိုသည်။

Khit Thit Media

————-

ထန္တလန္ၿမိဳ႕မီးရႈိ႕မႈ အပါအဝင္ ျမန္မာစစ္တပ္၏ ကမ္းကုန္ေအာင္႐ိုင္းစိုင္း စက္ဆုပ္႐ြံရွာဖြယ္္ တိုက္ခိုက္မႈမ်ားကို ႏိုင္ငံတကာက အျမန္ဆုံးအေရးယူရန္ လိုအပ္ဟု အေမရိကန္ေျပာ

ရန္ကုန္၊ ႏိုဝင္ဘာ ၁

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ မီးရႈိ႕မႈအပါဝင္ ျမန္မာစစ္တပ္၏ ကမ္းကုန္ေအာင္ ႐ိုင္းစိုင္းသည့္ က်ဴးလြန္မႈမ်ားကို ႏိုင္ငံတကာက အျမန္ဆုံးအေရးယူရန္ လိုအပ္ေၾကာင္း အေမရိကန္ျပည္ေထာင္စု ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္နက္ပ႐ိုက္စ္က ထုတ္ျပန္ေျပာဆိုသည္။

ခရစ္ယာန္ဘုရားေက်ာင္းမ်ားႏွင့္ အိမ္ေပါင္း ၁၀၀ ေက်ာ္ မီးရႈိ႕ဖ်က္ဆီးျခင္းအပါအဝင္ ခ်င္းျပည္နယ္အတြင္း ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕မ်ားက်ဴးလြန္ေသာ

ကမ္းကုန္ေအာင္႐ိုင္းစိုင္းသည့္လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ သတင္းမ်ားေၾကာင့္ အေမရိကန္ျပည္ေထာင္စုက အလြန္အမင္းစိုးရိမ္မိေၾကာင္း ေျပာဆိုသည္။

ျပည္သူလူထု၊ ျပည္သူလူထု၏အိုးအိမ္မ်ား၊ ဝတ္ျပဳဆုေတာင္းရာေနရာမ်ားကို ရက္ရက္စက္စက္လုပ္ျပသည့္လုပ္ရပ္ျဖင့္ ျမန္မာျပည္သူလူထု၏

အသက္မ်ားႏွင့္ လူမႈဘဝဖူလုံေရးကို လုံးဝဂ႐ုမစိုက္ေၾကာင္း ထုတ္ေဖာ္ျပသလိုက္သည့္ စစ္အာဏာရွင္၏လုပ္ရပ္ကို ေအမရိကႏၠ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း၊ ျမန္မာစစ္တပ္၏

စက္ဆုပ္႐ြံရွာဖြယ္တိုက္ခိုက္မႈမ်ားက ႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္ ျမန္မာစစ္တပ္ကို တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေစေရးအတြက္ စစ္တပ္ကိုလက္နက္မ်ားလႊဲေျပာင္းေပးေနမႈပိတ္ပင္တားဆီျခင္းအပါအဝင္

ကမ္းကုန္ေအာင္႐ိုင္းစိုင္းသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈအတြက္ အျမန္ဆုံးအေရးယူရန္လိုအပ္ေနသည့္ကို မီးေမာင္းထိုးျပေနသည္ဟု အေမရိကန္ျပည္ေထာင္စု ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္နက္ပ႐ိုက္စ္က ထုတ္ျပန္ေျပာဆိုသည္။

ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအပါအဝင္ ႏိုင္ငံအတြင္းေနရာအမ်ားအျပား၌ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ စစ္ဆင္ေရးအရွိန္ျမႇင့္တင္ေနျခင္းႏွင့္ပတ္သက္၍လည္း

မိမိတို႔မ်ားစြာစိုးရိမ္မိေၾကာင္း၊ အၾကမ္းဖက္မႈမ်ားခ်က္ခ်င္းရပ္တန႔္ရန္၊ မတရားဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးရန္ႏွင့္ ျမန္မာႏိုင္ငံကိုအားလုံးပါဝင္ႏိုင္ေသာ ဒီမိုကေရစီလမ္းေၾကာင္းေပၚေရာက္ရွိေရး ျပန္လည္ေဖာ္ေဆာင္ရန္အတြက္

စစ္အာဏာရွင္ကိုေတာင္းဆိုသည္ဟု အေမရိကန္ျပည္ေထာင္စု ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္နက္ပ႐ိုက္စ္က ေျပာဆိုသည္။

စစ္အာဏာရွင္က ျမန္မာျပည္သူလူထုအေပၚ က်ဴးလြန္ခဲ့သည့္၊ ဆက္လက္က်ဴးလြန္ေနသည့္ ေၾကာက္မက္ဖြယ္ရာအၾကမ္းဖက္မႈမ်ားအတြက္ တာဝန္ယူမႈ၊

တာဝန္ခံမႈရွိေစေရးအတြက္ ေအမရိကႏၠ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ ျမန္မာျပည္သူလူထုႏွင့္ ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းျပန္လည္ေဖာ္ေဆာင္ေရးႏွင့္

အက်ပ္အတည္းကို ၿငိမ္းခ်မ္းေသာနည္းျဖင့္ေျဖရွင္းရန္ ႀကိဳး ပမ္းေဆာင္႐ြက္ေနၾကသူအားလုံးကို မိမိတို႔ဆက္လက္ေထာက္ခံအားေပးသြားမည္ျဖစ္ေၾကာင္း အေမရိကန္ျပည္ေထာင္စု ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္နက္ပ႐ိုက္စ္က ေျပာဆိုသည္။

Khit Thit Media

Be the first to comment on "ထန်တလန်အပါအဝင် စစ်တပ်ရဲ့ တိုက်ခိုက်မှုများနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောပြီ"

Leave a comment

Your email address will not be published.


*