မဘသဘုန်းကြီးများဦးဆောင်ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲ ငွေကျပ် ၁၅,၀၀၀ ဖြင့် စည်းရုံးခေါ်ဆောင်
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်တွင် မဘသဘုန်းကြီးအချို့ဦးဆောင်ပြီး စစ်တပ်ထောက်ခံပွဲကို ပြုလုပ်ကြရာ ယင်းထောက်ခံပွဲကို လိုက်ပါလာသူတိုင်း ငွေကျပ်တစ်သောင်းခွဲ ရရှိသည်ဟု လိုက်ပါလာသူများထံမှသိရသည်။
ယနေ့ အောက်တိုဘာ၃၁ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် လောကနန္ဒာဘုရားရှေ့မှ စတင်ကာ သာယာဝတီခရိုင်ဘောလုံးကွင်းသို့ စစ်တပ်ထောက်ခံသူ အင်အား၂၀၀ကျော်ဖြင့် လမ်းလျောက်ချီတက်ခဲ့ပြီး ဟောပြောပွဲပြုလုပ်ခဲ့ကြသည်။
“ရွာကို ကားနဲ့လိုက်ခေါ်တာလေ တစ်သောင်းခွဲရမယ်ဆိုတော့ လိုက်လာတာ အိမ်က လေးယောက်ပါတယ်> လောလောဆယ်အလုပ်မရှိတဲ့ အချိန်ဆိုတော့ အဆင်ပြေတယ်”ဟု ထောက်ခံပွဲကို လိုက်ပါလာသူ အမျိုးသားတစ်ဦးကပြောသည်။
ယနေ့စစ်တပ်ထောက်ခံပွဲကို သာယာဝတီ၊ လက်ပံတန်းနှင့် မင်းလှမြို့နယ်တို့မှ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ပါဝင်သူအချို့မှာ နယ်မြေခံစစ်တပ်မှ မိသားစုဝင်များပါဖြစ်ကြောင်းသိရသည်။
“ညွှန်ကြားချက်နဲ့လာတာဗျ။ စစ်တပ်ထောက်ခံပွဲကို လူများများနဲ့ လုပ်ရမယ်ဆိုပြီး၊ သာယာဝတီမြို့မှာက ငွေနဲ့စည်းရုံးတာတောင် မလိုက်ကြလို့ တခြားမြို့က ခေါ်ရတယ် ခလရ(၁)နဲ့ (၃၅)ထဲက သူတွေအင်အားဖြည့်လိုက်ရတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ စစ်တပ်နှင့်နီးစပ်သူတဦးမှပြောသည်။
အဆိုပါတပ်ထောက်ခံပွဲပြုလုပ်နေချိန်တွင် အထက(၂)ရှေ့၊ဗိုလ်မြဒင်လမ်းတို့တွင် ကား၊ဆိုင်ကယ်တို့ကို တင်းကျပ်စွာစစ်ဆေးလျှက်ရှိပြီး လက်နက်ကိုင်များမှ အရပ်ဝတ်ဖြင့် လုံခြုံရေးယူနေကြောင်းသိရသည်။
———-
မဘသဘုန္းႀကီးမ်ားဦးေဆာင္ျပဳလုပ္သည့္ စစ္တပ္ေထာက္ခံပြဲ ေငြက်ပ္ ၁၅,၀၀၀ ျဖင့္ စည္း႐ုံးေခၚေဆာင္
ပဲခူးတိုင္းေဒသႀကီး(အေနာက္ျခမ္း)၊ သာယာဝတီၿမိဳ႕နယ္တြင္ မဘသဘုန္းႀကီးအခ်ိဳ႕ဦးေဆာင္ၿပီး စစ္တပ္ေထာက္ခံပြဲကို ျပဳလုပ္ၾကရာ ယင္းေထာက္ခံပြဲကို လိုက္ပါလာသူတိုင္း ေငြက်ပ္တစ္ေသာင္းခြဲ ရရွိသည္ဟု လိုက္ပါလာသူမ်ားထံမွသိရသည္။
ယေန႔ ေအာက္တိုဘာ၃၁ရက္ေန႔ နံနက္ ၇ နာရီဝန္းက်င္တြင္ ေလာကနႏၵာဘုရားေရွ႕မွ စတင္ကာ သာယာဝတီခ႐ိုင္ေဘာလုံးကြင္းသို႔ စစ္တပ္ေထာက္ခံသူ အင္အား၂၀၀ေက်ာ္ျဖင့္ လမ္းေလ်ာက္ခ်ီတက္ခဲ့ၿပီး ေဟာေျပာပြဲျပဳလုပ္ခဲ့ၾကသည္။
“႐ြာကို ကားနဲ႔လိုက္ေခၚတာေလ တစ္ေသာင္းခြဲရမယ္ဆိုေတာ့ လိုက္လာတာ အိမ္က ေလးေယာက္ပါတယ္> ေလာေလာဆယ္အလုပ္မရွိတဲ့ အခ်ိန္ဆိုေတာ့ အဆင္ေျပတယ္”ဟု ေထာက္ခံပြဲကို လိုက္ပါလာသူ အမ်ိဳးသားတစ္ဦးကေျပာသည္။
ယေန႔စစ္တပ္ေထာက္ခံပြဲကို သာယာဝတီ၊ လက္ပံတန္းႏွင့္ မင္းလွၿမိဳ႕နယ္တို႔မွ စုေပါင္းျပဳလုပ္ျခင္းျဖစ္ၿပီး ပါဝင္သူအခ်ိဳ႕မွာ နယ္ေျမခံစစ္တပ္မွ မိသားစုဝင္မ်ားပါျဖစ္ေၾကာင္းသိရသည္။
“ၫႊန္ၾကားခ်က္နဲ႔လာတာဗ်။ စစ္တပ္ေထာက္ခံပြဲကို လူမ်ားမ်ားနဲ႔ လုပ္ရမယ္ဆိုၿပီး၊ သာယာဝတီၿမိဳ႕မွာက ေငြနဲ႔စည္း႐ုံးတာေတာင္ မလိုက္ၾကလို႔ တျခားၿမိဳ႕က ေခၚရတယ္ ခလရ(၁)နဲ႔ (၃၅)ထဲက သူေတြအင္အားျဖည့္လိုက္ရတယ္”ဟု လုံၿခဳံေရးအရအမည္မေဖာ္လိုသူ စစ္တပ္ႏွင့္နီးစပ္သူတဦးမွေျပာသည္။
အဆိုပါတပ္ေထာက္ခံပြဲျပဳလုပ္ေနခ်ိန္တြင္ အထက(၂)ေရွ႕၊ဗိုလ္ျမဒင္လမ္းတို႔တြင္ ကား၊ဆိုင္ကယ္တို႔ကို တင္းက်ပ္စြာစစ္ေဆးလွ်က္ရွိၿပီး လက္နက္ကိုင္မ်ားမွ အရပ္ဝတ္ျဖင့္ လုံၿခဳံေရးယူေနေၾကာင္းသိရသည္။
Be the first to comment on "စစ်တပ်ထောက်ခံပွဲ လိုက်ကြမလား ငွေကျပ် ၁၅,၀၀၀ပေးမယ်တဲ့"