(MRTV-4) ဇာတ်လမ်းတွဲတွေမှာ မြင်ရတော့မယ့် ငြိမ်းမြတ်သူ . . အားပေးကြမယ်မလား











———

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့ပြောပြမယ့် အကြောင်းအရာလေးကတော့ ကြော်ငြာ မော်ဒယ် ငြိမ်းမြတ်သူရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

သူမက သူလုပ်ကိုင်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးပြီး ရိုးသား ကြိုးစားနေတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

သူမက ခုလို ကိုဗစ် ကာလမှာတော့ သူလုပ် ကိုင်လျက်ရှိတဲ့ အလုပ်တွေကို မရပ်နားပဲ ဆက်လက် လုပ်ကိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ကြော်ငြာတွေရိုက် (photo model) လုပ်ရင်း သူမကို ချစ်ခင်အားပေးတဲ့ သူတွေကို သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလေ့ရှိပါတယ်။

သို့ပေမယ့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူမက အမျိုးမျိုး ဝေဖန်ခံနေရပါတယ်။ သူမကို အားပေးကြတဲ့ သူတွေလည်းရှိကြပါတယ်။

တစ်ခါတစ်လေ မကောင်းတဲ့ မှတ်ချက်တွေလည်း အားပေးခံရပါတယ်။ တချို့ကျတော့လည်း ဟာသအနေနဲ့ စနောက်ကျီစယ် ကြတာလည်း မြင်တွေ့ရပါတယ်။

ထို့အပြင် ခုအခါမှာလည်း ငြိမ်းမြတ်သူက MRTV-4 ရဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင် တော့မည်ဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသားဖော်ပြလာခဲ့ပါတယ်။

သူမကတော့ (MRTV 4) ဇာတ်လမ်းတွဲတွေမှာ မကြာခင်တွေ့ရတော့မယ့် တက်သစ်စ အ နုပညာရှင်လေးက ဆိုပြီး မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ အမြဲလိုလို သူ့ရဲ့ မန့် အောက်မှာ ဝေဖန်နေကြပြီး share များဖြင့်လည်း မှတ်ချက်တွေ အာပေးခံနေရပါတယ်။ အားပေးသူတွေကလည်း ဆက်လက်ပြီး အားပေးကြသလို တိုက်ခိုက်တဲ့ သူတွေဟာလည်း ဆက်လက်တိုက်ခိုက် လျက်ရှိပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သူမအတွက် မှတ် ချက်တစ်ခုခု ရေးသားခဲ့ကြပါဦးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် ခင်ဗျာ။

Be the first to comment on "(MRTV-4) ဇာတ်လမ်းတွဲတွေမှာ မြင်ရတော့မယ့် ငြိမ်းမြတ်သူ . . အားပေးကြမယ်မလား"

Leave a comment

Your email address will not be published.


*