မြန်မာ့အရေးကိုကမ္ဘာကပိုမိုအာရုံစိုက်လာအောင် လုပ်ပေးလိုက်တဲ့ ဂျပန်သတင်းထောက်ကြီး

ဂျပန်လူမျိုး သတင်းထောက်နဲ့ရုပ်ရှင် အနုပညာရှင် ယုကီကီတာဇုမိ ရဲ့ “ကျည်ဆန်ပေါက်တွေနဲ့တိုင်းပြည်” လို့ အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲတခုကို အောက်တိုဘာလ ၂၈ ကနေ ၃၁ အထိ ယိုကိုဟားမားမြို့က ဓာတ်ပုံပြပွဲနေရာတခုမှာ လုပ်နေပတယ်။

မြန်မာနွေဦးလှုပ်ရှားမှု အတွင်းမှာ ပါဝင် သတင်းယူခဲ့ပြီး နှစ်ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရပြီး ဒုတိယအကြိမ်မှာ ပြည်နှင်ဒဏ်ပေးခံရတဲ့

ယုကီ ဟာ မြန်မာ့အရေးကို ဂျပန်ပြည်သူတွေ ဆက်လက် စိတ်ပါဝင်စားနေစေဖို့ အခုလို လှုပ်ရှားမှုတွေကို လုပ်နေတာပါ။ ဓာတ်ပုံပြပွဲကို လူတွေ စိတ်ဝင်တစား လာကြည့်ကြတယ်လို့ ယုကီ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။

ယုကီရဲ့ မိတ်ဆွေ မြန်မာပြည်ဖွား ဂျပန်မှာ ကြီးပြင်းသူ ရုပ်ရှင် ဒါရိုက်တာ ကိုသိန်းတန်ကတော့ အခုထိ အင်းစိန်ထောင်ထိမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။

———





Be the first to comment on "မြန်မာ့အရေးကိုကမ္ဘာကပိုမိုအာရုံစိုက်လာအောင် လုပ်ပေးလိုက်တဲ့ ဂျပန်သတင်းထောက်ကြီး"

Leave a comment

Your email address will not be published.


*