စကစ တွေ အထိတ်တလန့် ဖုံးဖိထားကြတဲ့ မန္တလေးနန်းမြို့ရိုး ပြိုကျမှု

မန္တလေးနန်းမြို့ရိုး ပြိုမှု ရှေး/သုက ရာသီဥတုကြောင့် ဟုဆို၊ ဒေသခံများကမူ စက်ယန္တရားကြီးများကြောင့် ဟုပြော

မန္တလေး​မြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းမြို့ ရိုး ပြိုကျမှု ဖြစ်ပေါ်ခဲ့ခြင်းမှာ ရာသီဥတုကြောင့် ဖြစ် ကြောင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (မန္တလေး) မှ လက်ထောက် ညွှန်ကြားရေးမှူးတဦး က ပြောသည်။

“မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာတာ နည်းနည်းများတော့ အောက်ခြေကနေ အုတ်ရိုး ပြိုကျတဲ့သဘောမျိုးပဲ ဖြစ်မှာပါ။

အဓိကတော့ ရာသီဥတုကြောင့် ဖြစ်တာပေါ့။ အခြား ပယောဂကြောင့်တော့ မဟုတ်ပါဘူး။

ကျနော်တို့လည်း သွားပြီး စစ်ဆေးဖို့ လုပ်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

နန်းမြို့ရိုး ပြိုကျမှုဖြစ်စဉ်သည် နန်းမြို့ရိုး မြောက်ဘက်ခြမ်း၊ ၁၂ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ အုတ်ရိုးတခန်း၏ အောက်ခြေမှ ပြိုကျခြင်း ဖြစ်သည်။

မန္တလေး ဒေသခံများကမူ စစ်ကောင်စီ လုပ်ဆောင်လျက်ရှိသည့် နန်းမြို့ရိုးနံဘေး

အပန်းဖြေဥယျာဥ် စီမံကိန်းတွင် အသုံးပြုလျက် ရှိသည့် စက်ယန္တရားကြီးများကြောင့် ဟု ပြောဆိုဝေဖန်မှုများ ရှိနေသည်။

“ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က စပြီးတော့ နန်းမြိုးရိုးဘေးမှာ စက်ကြီးတွေနဲ့ မြေညှိနေတာတွေတော့ ရှိတယ်။ ကျနော့်အထင်ပြောရရင်

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးတအား များထားတော့ အုတ်ရိုးထဲ မိုးရေတွေက စိမ့်ဝင်ထားတာရယ်၊

စက်ကြီးတွေရဲ့အရှိန်ကြောင့်ရယ် နှစ်ခု ဆုံသွားလို့ အခုလို ဖြစ်တယ်လို့ ထင်တယ်” ဟု နန်းမြို့ရိုးအနီးနေ ထိုင်သူ ဦးလေးမောင်က ပြောသည်။

အဆိုပါ အုတ်ရိုးတခန်း ပြိုကျမှုအား ယနေ့နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာထက် ပျံ့နှံ့လာပြီးနောက်

ပြိုကျခဲ့သည့် အုတ်ရိုးအခန်းအား အများပြည်သူ မမြင်တွေ့စေရန်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကာအရံများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီခန့် လက်ရှိ ဝန်ကြီးချုပ် ဦးမောင်ကို ဦးဆောင်သည့် မန္တလေးတိုင်းအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့်

နန်းမြို့ရိုး အရှေ့ဘက်နှင့် တောင်ဘက်တို့တွင် ရတနာပုံဥယျာဉ်စီမံကိန်းအတွက် တည်ဆောက်ရေးလုပ် ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ – CJ

———–

မႏၲေလးနန္းၿမိဳ႕႐ိုး ၿပိဳမႈ ေရွး/သုက ရာသီဥတုေၾကာင့္ ဟုဆို၊ ေဒသခံမ်ားကမူ စက္ယႏၲရားႀကီးမ်ားေၾကာင့္ ဟုေျပာ

မႏၲေလး​ၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္အတြင္းရွိ နန္းၿမိဳ႕ ႐ိုး ၿပိဳက်မႈ ျဖစ္ေပၚခဲ့ျခင္းမွာ ရာသီဥတုေၾကာင့္ ျဖစ္ ေၾကာင္း

ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ (မႏၲေလး) မွ လက္ေထာက္ ၫႊန္ၾကားေရးမႉးတဦး က ေျပာသည္။

“မႏၲေလးမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက မိုး႐ြာတာ နည္းနည္းမ်ားေတာ့ ေအာက္ေျခကေန အုတ္႐ိုး ၿပိဳက်တဲ့သေဘာမ်ိဳးပဲ ျဖစ္မွာပါ။

အဓိကေတာ့ ရာသီဥတုေၾကာင့္ ျဖစ္တာေပါ့။ အျခား ပေယာဂေၾကာင့္ေတာ့ မဟုတ္ပါဘူး။

က်ေနာ္တို႔လည္း သြားၿပီး စစ္ေဆးဖို႔ လုပ္ေနၾကပါတယ္” ဟု ၎က ဆိုသည္။

နန္းၿမိဳ႕႐ိုး ၿပိဳက်မႈျဖစ္စဥ္သည္ နန္းၿမိဳ႕႐ိုး ေျမာက္ဘက္ျခမ္း၊ ၁၂ လမ္း၊ ၆၆ လမ္းႏွင့္ ၆၇ လမ္းၾကားရွိ အုတ္႐ိုးတခန္း၏ ေအာက္ေျခမွ ၿပိဳက်ျခင္း ျဖစ္သည္။

မႏၲေလး ေဒသခံမ်ားကမူ စစ္ေကာင္စီ လုပ္ေဆာင္လ်က္ရွိသည့္ နန္းၿမိဳ႕႐ိုးနံေဘး

အပန္းေျဖဥယ်ာဥ္ စီမံကိန္းတြင္ အသုံးျပဳလ်က္ ရွိသည့္ စက္ယႏၲရားႀကီးမ်ားေၾကာင့္ ဟု ေျပာဆိုေဝဖန္မႈမ်ား ရွိေနသည္။

“ၿပီးခဲ့တဲ့ လကုန္ပိုင္းေလာက္က စၿပီးေတာ့ နန္းၿမိဳး႐ိုးေဘးမွာ စက္ႀကီးေတြနဲ႔ ေျမညႇိေနတာေတြေတာ့ ရွိတယ္။ က်ေနာ့္အထင္ေျပာရရင္

ၿပီးခဲ့တဲ့ရက္ပိုင္းက မိုးတအား မ်ားထားေတာ့ အုတ္႐ိုးထဲ မိုးေရေတြက စိမ့္ဝင္ထားတာရယ္၊

စက္ႀကီးေတြရဲ႕အရွိန္ေၾကာင့္ရယ္ ႏွစ္ခု ဆုံသြားလို႔ အခုလို ျဖစ္တယ္လို႔ ထင္တယ္” ဟု နန္းၿမိဳ႕႐ိုးအနီးေန ထိုင္သူ ဦးေလးေမာင္က ေျပာသည္။

အဆိုပါ အုတ္႐ိုးတခန္း ၿပိဳက်မႈအား ယေန႔နံနက္ပိုင္းတြင္ လူမႈကြန္ရက္စာမ်က္ႏွာထက္ ပ်ံ႕ႏွံ႔လာၿပီးေနာက္

ၿပိဳက်ခဲ့သည့္ အုတ္႐ိုးအခန္းအား အမ်ားျပည္သူ မျမင္ေတြ႕ေစရန္အတြက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အကာအရံမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ စစ္ေကာင္စီခန္႔ လက္ရွိ ဝန္ႀကီးခ်ဳပ္ ဦးေမာင္ကို ဦးေဆာင္သည့္ မႏၲေလးတိုင္းအစိုးရ အဖြဲ႕၏ အစီအစဥ္ျဖင့္

နန္းၿမိဳ႕႐ိုး အေရွ႕ဘက္ႏွင့္ ေတာင္ဘက္တို႔တြင္ ရတနာပုံဥယ်ာဥ္စီမံကိန္းအတြက္ တည္ေဆာက္ေရးလုပ္ ငန္းမ်ားကိုလည္း ဆက္လက္ ေဆာင္႐ြက္လ်က္ရွိသည္။

ဓာတ္ပုံ – CJ

Be the first to comment on "စကစ တွေ အထိတ်တလန့် ဖုံးဖိထားကြတဲ့ မန္တလေးနန်းမြို့ရိုး ပြိုကျမှု"

Leave a comment

Your email address will not be published.


*