ထန်တလန်မှာမီးရှို့တာ PDF အဖွဲ့ လက်ချက်လို့ လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့ SAC ဘက်က စွပ်စွဲ

ထန်တလန်မှာမီးရှို့တာ PDFအဖွဲ့ လက်ချက်လို့ လက်နက်ကြီးနဲ့ပစ်ခဲ့တဲ့ SAC ဘက်က စွပ်စွဲ

နေပြည်တော်၊ အောက်တိုဘာ ၃၀

ထန်တလန်မြို့က အိမ်တွေ ရာနဲ့ချီ မီးလောင်ခဲ့တဲ့ ကိစ္စဟာ သူတို့ SAC တပ်ကလူတွေ လုပ်တာ မဟုတ်ဘဲ ဒေသခံ PDF တပ်တွေက လုပ်တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ နိုင်ငံပိုင် သတင်းဌာနကနေ စွပ်စွဲပြောကြားလိုက်ပါတယ်။

ထန်တလန်မြို့ထဲမှာ တပ်က ကင်းလှည့်နေတုန်းအခိုက် PDF အဖွဲ့တွေက ပစ်ခတ်ထွက်ပြေးခဲ့ရာမှာ တပ်ကနေပြီ နောက်ကလိုက်လို့မလွယ်အောင် အိမ် ၄ လုံးကို PDF အဖွဲ့က မီးစရှို့ ခဲ့တာလို့ သူက ပြောပါတယ်။

အဲ့လို အပြန်အလှန်ပစ်ခတ်ချိန်မှာ တပ်ဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့ပါသေးတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း PDF တွေက နေအိမ်တွေအတွင်းကနေပြီး ပစ်ခတ်မှုတွေ ရှိနေခဲ့တာကြောင့် လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းကိုသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ထပ်လောင်း အသိပေးသွားခဲ့ပါတယ်။

ဒါ့အပြင် ထန်တလန်မြို့ မီးရှို့ခဲ့ရတဲ့သတင်းနဲ့ ပတ်သက်ပြီး တပ်ကမီးရှို့တယ်လို့ ဖော်ပြတဲ့မီဒီယာတွေကိုလည်း ပြည်ဖျက်မီဒီယာတွေလို့ သတ်မှတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါသေးတယ်။

လက်ရှိအချိန်ထိ ထန်တလန်မြို့မှာ ဘုရားကျောင်း ၂ ကျောင်းနဲ့ အိမ်ပေါင်း ၁၆၀ ကျော် မီးထဲ ပါသွားပြီလို့ သိရပါတယ်။

Mercury_Media

———–

ထန္တလန္မွာမီးရႈိ႕တာ PDFအဖြဲ႕ လက္ခ်က္လို႔ လက္နက္ႀကီးနဲ႔ပစ္ခဲ့တဲ့ SAC ဘက္က စြပ္စြဲ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၃၀

ထန္တလန္ၿမိဳ႕က အိမ္ေတြ ရာနဲ႔ခ်ီ မီးေလာင္ခဲ့တဲ့ ကိစၥဟာ သူတို႔ SAC တပ္ကလူေတြ လုပ္တာ မဟုတ္ဘဲ ေဒသခံ PDF တပ္ေတြက လုပ္တာလို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဒီေန႔ ႏိုင္ငံပိုင္ သတင္းဌာနကေန စြပ္စြဲေျပာၾကားလိုက္ပါတယ္။

ထန္တလန္ၿမိဳ႕ထဲမွာ တပ္က ကင္းလွည့္ေနတုန္းအခိုက္ PDF အဖြဲ႕ေတြက ပစ္ခတ္ထြက္ေျပးခဲ့ရာမွာ တပ္ကေနၿပီ ေနာက္ကလိုက္လို႔မလြယ္ေအာင္ အိမ္ ၄ လုံးကို PDF အဖြဲ႕က မီးစရႈိ႕ ခဲ့တာလို႔ သူက ေျပာပါတယ္။

အဲ့လို အျပန္အလွန္ပစ္ခတ္ခ်ိန္မွာ တပ္ဘက္က တစ္ဦးက်ဆုံးခဲ့တယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားခဲ့ပါေသးတယ္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက မီးၿငိမ္းသတ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း PDF ေတြက ေနအိမ္ေတြအတြင္းကေနၿပီး ပစ္ခတ္မႈေတြ ရွိေနခဲ့တာေၾကာင့္ လိုအပ္တဲ့ လုံၿခဳံေရးလုပ္ငန္းကိုသာ ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔လည္း ထပ္ေလာင္း အသိေပးသြားခဲ့ပါတယ္။

ဒါ့အျပင္ ထန္တလန္ၿမိဳ႕ မီးရႈိ႕ခဲ့ရတဲ့သတင္းနဲ႔ ပတ္သက္ၿပီး တပ္ကမီးရႈိ႕တယ္လို႔ ေဖာ္ျပတဲ့မီဒီယာေတြကိုလည္း ျပည္ဖ်က္မီဒီယာေတြလို႔ သတ္မွတ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္ထိ ထန္တလန္ၿမိဳ႕မွာ ဘုရားေက်ာင္း ၂ ေက်ာင္းနဲ႔ အိမ္ေပါင္း ၁၆၀ ေက်ာ္ မီးထဲ ပါသြားၿပီလို႔ သိရပါတယ္။

Mercury_Media

Be the first to comment on "ထန်တလန်မှာမီးရှို့တာ PDF အဖွဲ့ လက်ချက်လို့ လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့ SAC ဘက်က စွပ်စွဲ"

Leave a comment

Your email address will not be published.


*