ရန်ကုန် မြို့နယ် (၉) ခုတွင် ရေအားလျော့နည်းပြတ်တောက်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ရန်
နိုဝင်ဘာ ၂ ရက်နေ့နှင့် ၃ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၉ ခုမှာ ရေအားလျော့နည်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ကကြေညာချက်အရသိရှိရပါတယ်။
ကြေညာချက်အရ” ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)မှ ဒုတိယအဆင့်ရေတွန်းစက်ရုံဝင်းအတွင်းရှိ 64″ ø MS Pipe နှင့် 1600 mm ø HDPE Pipe အဆက်နေရာ ရေစိမ့်ထွက်မှုအား ယင်းနေ့များ၌ပြုပြင်ဆောင် ရွက်သွားမည်ဖြစ်သည်။
ရေအားလျော့နည်းပြတ်တောက်မည့် မြို့နယ်များမှာ
မြောက်ဥက္ကလာပ
ရွှေပေါက္ကံ
တောင်ဥက္ကလာပ
သင်္ဃန်းကျွန်း
ဒဂုံမြို့သစ်(မြောက်ပိုင်း)
ဒဂုံမြို့သစ် (အရှေ့ပိုင်း)
ဒေါပုံ
တာမွေ(မေတ္တာညွန့်ရပ်ကွက်)နှင့်
မင်္ဂလာဒုံ
အစရှိတဲ့ မြိုနယ်များမှာ ရေအားလျော့နည်းခြင်း ရေပြတ်တောက်ခြင်းများဖြစ်ပေါ်မှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ကြစေဖို့ အသိပေးနှိုးဆော်အပ်ပါသည်။
———–
ရန္ကုန္ ၿမိဳ႕နယ္ (၉) ခုတြင္ ေရအားေလ်ာ့နည္းျပတ္ေတာက္မည္ျဖစ္သျဖင့္ ႀကိဳတင္ျပင္ဆင္ထားႏိုင္ရန္
ႏိုဝင္ဘာ ၂ ရက္ေန႔ႏွင့္ ၃ ရက္ေန႔မွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၉ ခုမွာ ေရအားေလ်ာ့နည္းျပတ္ေတာက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္၊အင္ဂ်င္နီယာဌာန(ေရႏွင့္သန႔္ရွင္းမႈ)ကေၾကညာခ်က္အရသိရွိရပါတယ္။
ေၾကညာခ်က္အရ” ငမိုးရိပ္ေရသန႔္စင္စက္႐ုံ(ေညာင္ႏွစ္ပင္)မွ ဒုတိယအဆင့္ေရတြန္းစက္႐ုံဝင္းအတြင္းရွိ 64″ ø MS Pipe ႏွင့္ 1600 mm ø HDPE Pipe အဆက္ေနရာ ေရစိမ့္ထြက္မႈအား ယင္းေန႔မ်ား၌ျပဳျပင္ေဆာင္ ႐ြက္သြားမည္ျဖစ္သည္။
ေရအားေလ်ာ့နည္းျပတ္ေတာက္မည့္ ၿမိဳ႕နယ္မ်ားမွာ
ေျမာက္ဥကၠလာပ
ေ႐ႊေပါကၠံ
ေတာင္ဥကၠလာပ
သဃၤန္းကြၽန္း
ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)
ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)
ေဒါပုံ
တာေမြ(ေမတၱာၫြန႔္ရပ္ကြက္)ႏွင့္
မဂၤလာဒုံ
အစရွိတဲ့ ၿမိဳနယ္မ်ားမွာ ေရအားေလ်ာ့နည္းျခင္း ေရျပတ္ေတာက္ျခင္းမ်ားျဖစ္ေပၚမွာျဖစ္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္ထားႏိုင္ၾကေစဖို႔ အသိေပးႏႈိးေဆာ္အပ္ပါသည္။
Be the first to comment on "ရန်ကုန် မြို့နယ် (၉) ခုတွင် ရေအားလျော့နည်းပြတ်တောက်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ရန်"