စစ်ကိုင်းမြို့မှာ လူတွေ ဆွမ်းကျန်ဟင်းကျန်တောင်းစားနေရပါပြီဆိုတဲ့ သတင်းရဲ့နောက်ကွယ်ကဖြစ်ရပ်မှန်

စစ္ကိုင္းၿမိဳ႕မွာ လူေတြ ဆြမ္းက်န္ဟင္းက်န္ ေတာင္းစားေနရပါၿပီဆိုတဲ့ သတင္းရဲ႕ ေနာက္ကြယ္က ျဖစ္ရပ္မွန္

မေျပာမျဖစ္မို႔ ေျပာရပါဦးမည္။

သတင္းစာ တေစာင္ရဲ႕ မ်က္ႏွာဖုံးမွာ က်ေနာ္တို႔ခ်စ္တဲ့ စစ္ကိုင္းၿမိဳ႕အတြက္ အလြန္စိတ္ပ်က္စရာ သတင္းပါလာခဲ့တယ္။ သတင္းေရးလိုက္တဲ့သူက ဘယ္လိုရည္႐ြယ္ၿပီး ေရးလိုက္သည္မသိ။

အေဝးေရာက္ စစ္ကိုင္းခ်စ္တဲ့သူေတြေတာင္ စိတ္ေသာကေရာက္ပီး တေမးထဲ ေမးလိုက္ၾကတာ ဒါေၾကာင့္သိသေလာက္ေလး ျပန္လည္မွ်ေဝလိုက္ပါတယ္။

စစ္ကိုင္းေတာင္႐ိုးမွာရွိတဲ့ ျမစၾကာေက်ာင္းတိုက္ဆိုတာ ႏွစ္စဥ္ႏွစ္တိုင္း သာသနာ့အာဇာနည္ေတြ ေပၚထြန္းတဲ့ ေက်ာင္းတိုက္ႀကီးပါ လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ေလာက္က အဲဒီေက်ာင္းတိုက္ႀကီးမွာ ဦးဇင္းအခ်ိဳ႕ကို ကြန္ပ်ဴတာ ပညာရပ္ေတြသင္ၾကားေပးခဲ့ဘူးပါတယ္။

စာလည္းေတာ္ စည္းကမ္းလည္းေကာင္းေတာ့ တႏွစ္ပတ္လုံး ဆြမ္းကြမ္း လႉ တဲ့သူမ်ားလြန္းလို႔ အနည္းဆုံး ၆လ တစ္ႏွစ္ေလာက္ ႀကိဳၿပီး ရက္ယူရပါတယ္။ ဒီလို ဆြမ္း ဆြမ္းဟင္း ပိုလွ်ံတဲ့ဟာေတြကို အရင္ကတည္းက ျပန္ၿပီးစြန္႔လာတာပါ အခု ကိုဗစ္ကာလမွ မဟုတ္ပါဘူး။

ျမရတနာရပ္ကြက္ဆိုတာ ဟိုးတုန္းက ဘယ္လို ဘာေတြလုပ္ကိုင္စားေသာက္တယ္လို႔ ေျပာမထြက္ဘူး လူကို လူလိုဆက္ဆံတဲ့ ျပည္သူ႔အစိုးရေခတ္မွာ သူတို႔ေတြကို ခြဲျခားဆက္ဆံခဲ့တာ မရွိခဲ့ပါဘူး။ သူတို႔ေတြအတြက္ လမ္းေတြ ေက်ာင္းေတြ ေရသန္႔စက္ေတြ ဒါေတြတင္လုပ္ေပးတာမဟုတ္ဘဲ သူတို႔ဘဝေတြ ေနာင္ေရးအတြက္ပါ အဆင္ေျပေစဖို႔ သူတို႔ေနေနတဲ့ ေျမေနရာေတြကို ပိုင္ဆိုင္မႈ ခိုင္မာတဲ့ ဂရံေတြ လုပ္ေပးလာတာ မၾကာခင္ ရၾကေတာ့မယ္တဲ့

သူတို႔ေတြဟာ သိန္းရာဂဏန္းတန္တဲ့ ေျမပိုင္ေတြပါ စားရမဲ့ ေသာက္ရမဲ့ေတြ မဟုတ္ပါဘူး ဒါေတြကို ေသခ်ာေလ့လာပီးမွ ေရးသင့္တာေပါ့။

ဒီလို စစ္ကိုင္းၿမိဳ႕ႀကီးကို အဆိပ္ခတ္တဲ့ သတင္းေတြ မေရးသင့္ပါဘူးဗ်ာ။ အစိုးရဘာလုပ္လုပ္ အျပစ္ေျပာ ေဝဖန္ တိုက္ခိုက္ေနလို႔ေရာ ဘာအက်ိဳးရွိလာမလဲ အႀကံျပဳ တာနဲ႔ ေဝဖန္တိုက္ခိုက္တာနဲ႔က ခြဲျခားသိဖို႔လိုတယ္ဗ် ။ ဒါေလးေျပာခ်င္လို႔ ။

Mg Mg Moe Htet

———-

စစ်ကိုင်းမြို့မှာ လူတွေ ဆွမ်းကျန်ဟင်းကျန် တောင်းစားနေရပါပြီဆိုတဲ့ သတင်းရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်

မပြောမဖြစ်မို့ ပြောရပါဦးမည်။

သတင်းစာ တစောင်ရဲ့ မျက်နှာဖုံးမှာ ကျနော်တို့ချစ်တဲ့ စစ်ကိုင်းမြို့အတွက် အလွန်စိတ်ပျက်စရာ သတင်းပါလာခဲ့တယ်။ သတင်းရေးလိုက်တဲ့သူက ဘယ်လိုရည်ရွယ်ပြီး ရေးလိုက်သည်မသိ။

အဝေးရောက် စစ်ကိုင်းချစ်တဲ့သူတွေတောင် စိတ်သောကရောက်ပီး တမေးထဲ မေးလိုက်ကြတာ ဒါကြောင့်သိသလောက်လေး ပြန်လည်မျှဝေလိုက်ပါတယ်။

စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မြစကြာကျောင်းတိုက်ဆိုတာ နှစ်စဉ်နှစ်တိုင်း သာသနာ့အာဇာနည်တွေ ပေါ်ထွန်းတဲ့ ကျောင်းတိုက်ကြီးပါ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က အဲဒီကျောင်းတိုက်ကြီးမှာ ဦးဇင်းအချို့ကို ကွန်ပျူတာ ပညာရပ်တွေသင်ကြားပေးခဲ့ဘူးပါတယ်။

စာလည်းတော် စည်းကမ်းလည်းကောင်းတော့ တနှစ်ပတ်လုံး ဆွမ်းကွမ်း လှူ တဲ့သူများလွန်းလို့ အနည်းဆုံး ၆လ တစ်နှစ်လောက် ကြိုပြီး ရက်ယူရပါတယ်။ ဒီလို ဆွမ်း ဆွမ်းဟင်း ပိုလျှံတဲ့ဟာတွေကို အရင်ကတည်းက ပြန်ပြီးစွန့်လာတာပါ အခု ကိုဗစ်ကာလမှ မဟုတ်ပါဘူး။

မြရတနာရပ်ကွက်ဆိုတာ ဟိုးတုန်းက ဘယ်လို ဘာတွေလုပ်ကိုင်စားသောက်တယ်လို့ ပြောမထွက်ဘူး လူကို လူလိုဆက်ဆံတဲ့ ပြည်သူ့အစိုးရခေတ်မှာ သူတို့တွေကို ခွဲခြားဆက်ဆံခဲ့တာ မရှိခဲ့ပါဘူး။ သူတို့တွေအတွက် လမ်းတွေ ကျောင်းတွေ ရေသန့်စက်တွေ ဒါတွေတင်လုပ်ပေးတာမဟုတ်ဘဲ သူတို့ဘဝတွေ နောင်ရေးအတွက်ပါ အဆင်ပြေစေဖို့ သူတို့နေနေတဲ့ မြေနေရာတွေကို ပိုင်ဆိုင်မှု ခိုင်မာတဲ့ ဂရံတွေ လုပ်ပေးလာတာ မကြာခင် ရကြတော့မယ်တဲ့

သူတို့တွေဟာ သိန်းရာဂဏန်းတန်တဲ့ မြေပိုင်တွေပါ စားရမဲ့ သောက်ရမဲ့တွေ မဟုတ်ပါဘူး ဒါတွေကို သေချာလေ့လာပီးမှ ရေးသင့်တာပေါ့။

ဒီလို စစ်ကိုင်းမြို့ကြီးကို အဆိပ်ခတ်တဲ့ သတင်းတွေ မရေးသင့်ပါဘူးဗျာ။ အစိုးရဘာလုပ်လုပ် အပြစ်ပြော ဝေဖန် တိုက်ခိုက်နေလို့ရော ဘာအကျိုးရှိလာမလဲ အကြံပြု တာနဲ့ ဝေဖန်တိုက်ခိုက်တာနဲ့က ခွဲခြားသိဖို့လိုတယ်ဗျ ။ ဒါလေးပြောချင်လို့ ။

Mg Mg Moe Htet

Be the first to comment on "စစ်ကိုင်းမြို့မှာ လူတွေ ဆွမ်းကျန်ဟင်းကျန်တောင်းစားနေရပါပြီဆိုတဲ့ သတင်းရဲ့နောက်ကွယ်ကဖြစ်ရပ်မှန်"

Leave a comment

Your email address will not be published.


*