ဖေဖော်ဝါရီ ၁ မှာ အာဏာသိမ်း ခဲ့တဲ့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်စေဖို့ NUG ကို အသိအမှတ်ပြုရမယ်လို့ အာဆီယံအစည်းအဝေးက တိုက်တွန်းလိုက်ပါတယ် ။ မလေးရှားပါလီမန်အဖွဲ့ဝင်နဲ့ အာဆီယံလူ့အခွင့်အရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Charles Santiago က ဆွေးနွေးလိုက်တာပါ ။ အဖွဲ့ဝင်အားလုံးက ဆွေးနွေးပွဲကို သဘောတူလက်ခံခဲ့ကြပါတယ် ။
ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မဲဆန္ဒရှင်တွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ NUG နဲ့သာ ဆက်ဆံသင့်တယ် လို့ ပြောခဲ့တာပါ ။” NUG ဟာ မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ အရိပ်အစိုးရပါ ။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲက အနိုင်ရကိုယ်စားလှယ်တွေ ၊ တိုင်းရင်းသားတွေနဲ့ တိုင်းရင်သားလက်နက်ကိုင်တွေ ပါဝင်ပါတယ် ။ ဖေဖော်ဝါရီ အာဏာသိမ်းပြီးစမှာ ဖွဲ့စည်းခဲ့တာပါ ။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ထုတ်ပယ်လိုက်တာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ။ ဒါဟာ အာဆီယံရဲ့ မကြုံစဖူး ထူးခြားထင်ရှား ၊ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပါ ။ မြန်မာ့အကျပ်ပတည်းကို ဖြေရှင်းဖို့ ဒီထက်မက လုပ်ဆောင်ရမှာပါ ” လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ( APHR ) ရဲ့ ဥက္ကဋ္ဌဖြစ်သူ မလေးရှားပါလီမန်အမတ် Charles Santiago က ပြောကြားခဲ့ပါတယ် ။
” ကိုယ့်လူမျိူးအပေါ် မညှာမတာ အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်ကို ဖိအားမပေးနိုင်ဘူးဆိုရင် နိုင်ငံတကာရဲ့ အာဆီယံအပေါ် ယုံကြည်ကိုးစားမှု့က ကျဆင်းသွားပါလိမ့်မယ် ။ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ကို မြန်မာစစ်တပ်က မထီမဲ့မြင် လုပ်နေတာပါ ။ မြန်မာရဲ့ ဒီမိုကရေစီခြေလှမ်းတွေ ပြန်လည်လျှောက်လှမ်းနိုင်ဖို့ အာဆီယံက ပြတ်သားတဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုပါတယ် ။ ”
” မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ အရေးကြီးတဲ့ ခြေလှမ်းကတော့ ၂၀၂၀ နိုဝင်ဘာလက တရားဝင်ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားပြုအဖွဲ့ဖြစ်တဲ့ NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ် ။ ”
လို့ အာဆီယံလူ့အခွင့်အရေးနဲ့ ပါလီမန်အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ ။
———–
ေဖေဖာ္ဝါရီ ၁ မွာ အာဏာသိမ္းခဲ့တဲ့ ျမန္မာစစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္ေစဖို႔ NUG ကို အသိအမွတ္ျပဳရမယ္လို႔ အာဆီယံအစည္းအေဝးက တိုက္တြန္းလိုက္ပါတယ္ ။ မေလးရွားပါလီမန္အဖြဲ႕ဝင္နဲ႔ အာဆီယံလူ႔အခြင့္အေရးအဖြဲ႕ရဲ႕ ဥကၠ႒ျဖစ္သူ Charles Santiago က ေဆြးေႏြးလိုက္တာပါ ။ အဖြဲ႕ဝင္အားလုံးက ေဆြးေႏြးပြဲကို သေဘာတူလက္ခံခဲ့ၾကပါတယ္ ။
ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာ မဲဆႏၵရွင္ေတြရဲ႕ တရားဝင္ကိုယ္စားလွယ္ျဖစ္တဲ့ NUG နဲ႔သာ ဆက္ဆံသင့္တယ္ လို႔ ေျပာခဲ့တာပါ ။” NUG ဟာ ျမန္မာႏိုင္ငံသားေတြကို ကိုယ္စားျပဳတဲ့ အရိပ္အစိုးရပါ ။ ၂၀၂၀ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲက အႏိုင္ရကိုယ္စားလွယ္ေတြ ၊ တိုင္းရင္းသားေတြနဲ႔ တိုင္းရင္သားလက္နက္ကိုင္ေတြ ပါဝင္ပါတယ္ ။ ေဖေဖာ္ဝါရီ အာဏာသိမ္းၿပီးစမွာ ဖြဲ႕စည္းခဲ့တာပါ ။
ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကို ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ အာဆီယံထိပ္သီးအစည္းအေဝးကေန ထုတ္ပယ္လိုက္တာကို ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုပါတယ္ ။ ဒါဟာ အာဆီယံရဲ႕ မႀကဳံစဖူး ထူးျခားထင္ရွား ၊ ရဲရင့္တဲ့ ဆုံးျဖတ္ခ်က္ပါ ။ ျမန္မာ့အက်ပ္ပတည္းကို ေျဖရွင္းဖို႔ ဒီထက္မက လုပ္ေဆာင္ရမွာပါ ” လို႔ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံပါလီမန္အမတ္မ်ားအဖြဲ႕ ( APHR ) ရဲ႕ ဥကၠ႒ျဖစ္သူ မေလးရွားပါလီမန္အမတ္ Charles Santiago က ေျပာၾကားခဲ့ပါတယ္ ။
” ကိုယ့္လူမ်ိဴးအေပၚ မညႇာမတာ အၾကမ္းဖက္ေနတဲ့ ျမန္မာစစ္တပ္ကို ဖိအားမေပးႏိုင္ဘူးဆိုရင္ ႏိုင္ငံတကာရဲ႕ အာဆီယံအေပၚ ယုံၾကည္ကိုးစားမႈ႕က က်ဆင္းသြားပါလိမ့္မယ္ ။ အာဆီယံေခါင္းေဆာင္ေတြရဲ႕ သေဘာတူညီခ်က္ကို ျမန္မာစစ္တပ္က မထီမဲ့ျမင္ လုပ္ေနတာပါ ။ ျမန္မာရဲ႕ ဒီမိုကေရစီေျခလွမ္းေတြ ျပန္လည္ေလွ်ာက္လွမ္းႏိုင္ဖို႔ အာဆီယံက ျပတ္သားတဲ့ ေျခလွမ္းေတြ လွမ္းဖို႔လိုပါတယ္ ။ ”
” ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေစဖို႔ အေရးႀကီးတဲ့ ေျခလွမ္းကေတာ့ ၂၀၂၀ ႏိုဝင္ဘာလက တရားဝင္ေ႐ြးေကာက္ခံထားရတဲ့ ကိုယ္စားလွယ္ေတြကို ကိုယ္စားျပဳအဖြဲ႕ျဖစ္တဲ့ NUG အစိုးရ ကိုယ္စားလွယ္ေတြနဲ႔ လူသိရွင္ၾကား ေတြ႕ဆုံေဆြးေႏြးဖို႔ လိုပါတယ္ ။ ”
လို႔ အာဆီယံလူ႔အခြင့္အေရးနဲ႔ ပါလီမန္အမတ္မ်ားအဖြဲ႕ရဲ႕ ဥကၠ႒က ေျပာၾကားခဲ့တာပါ ။
Be the first to comment on "ပြတ်ပြတ်သားသား ခြေလှမ်းဖြင့် NUG ကို အသိအမှတ်ပြုဖို့ အာဆီယံက တိုက်တွန်းလိုက်ပါပြီ"