စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာခ႐ိုင္ ေခ်ာင္းဦးၿမိဳ႕တြင္ ႏိုဝင္ဘာလ(၁၈)ရက္နံနက္ပိုင္းကအေျခခံလူတန္း စားေထာက္ပံ့ေငြ တန္းတူမရရွိသူမ်ားကဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။
အေျခခံလူတန္းစားေတြရဲ႕ အေျခအေနကို ႏိုင္ငံေတာ္အႀကီးအကဲေတြ သိေစခ်င္တယ္၊ ရပ္၊ေက်း အုပ္ခ်ဳပ္ေရးမႉးေတြကို လုပ္ပိုင္ခြင့္အျပည့္အဝေပးထားတာဟာ အဂတိတရားကို ျဖစ္ေစတယ္။ တကယ္လိုအပ္တဲ့ အေျခခံလူတန္းစားေတြကို အျမန္ဆုံးေထာက္ပံ့ေစခ်င္ပါတယ္ဟုဆႏၵျပပြဲဦး ေဆာင္သူကိုမာန္ဇာေျမမြန္ကေျပာသည္။
အေျခခံလူတန္းစားေထာက္ပံ့ေငြ တန္းတူရရွိေရး၊ စီမံခန႔္ခြဲမႈအာဏာ အလြဲသုံးေသာ ရပ္၊ေက်း ဥကၠဌ မ်ားအား အေရးယူေပးေရး ၊အဂတိတရား မကင္းေသာ အုပ္ခ်ဳပ္ေရးမႉးမ်ားအား အေရးယူေပးေရး စသည့္ ေႂကြးေၾကာ္သံမ်ားျဖင့္အေျခခံလူတန္းစား (၂၉) ဦးကဆႏၵထုတ္ေဖာ္ၾကျခင္းျဖစ္သည္။
————-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့တွင် နိုဝင်ဘာလ(၁၈)ရက်နံနက်ပိုင်းကအခြေခံလူတန်း စားထောက်ပံ့ငွေ တန်းတူမရရှိသူများကဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အခြေခံလူတန်းစားတွေရဲ့ အခြေအနေကို နိုင်ငံတော်အကြီးအကဲတွေ သိစေချင်တယ်၊ ရပ်၊ကျေး အုပ်ချုပ်ရေးမှူးတွေကို လုပ်ပိုင်ခွင့်အပြည့်အဝပေးထားတာဟာ အဂတိတရားကို ဖြစ်စေတယ်။ တကယ်လိုအပ်တဲ့ အခြေခံလူတန်းစားတွေကို အမြန်ဆုံးထောက်ပံ့စေချင်ပါတယ်ဟုဆန္ဒပြပွဲဦး ဆောင်သူကိုမာန်ဇာမြေမွန်ကပြောသည်။
အခြေခံလူတန်းစားထောက်ပံ့ငွေ တန်းတူရရှိရေး၊ စီမံခန့်ခွဲမှုအာဏာ အလွဲသုံးသော ရပ်၊ကျေး ဥက္ကဌ များအား အရေးယူပေးရေး ၊အဂတိတရား မကင်းသော အုပ်ချုပ်ရေးမှူးများအား အရေးယူပေးရေး စသည့် ကြွေးကြော်သံများဖြင့်အခြေခံလူတန်းစား (၂၉) ဦးကဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။
Be the first to comment on "အခြေခံလူတန်းစား ထောက်ပံ့ငွေ တန်းတူမရရှိသူများက ဆန္ဒပြ"