အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအကြောင်း ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ တို့၏ပြောကြားချက်များ

ဒီကနေ့ (အောက်တိုဘာလ ၂၆ ) ရက်တွင် အွန်လိုင်းမှ တဆင့်ပြုလုပ်သည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၌ အစည်းအဝေးတက်သည့် နိုင်ငံ့ခေါင်းဆောင်အချို့သည် မြန်မာ့အရေးနှင့် ပတ်သက်သော ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သူ့အနေနှင့် အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ် မကြာခင်တွင် ပေါ်ပေါက်သည်ကို ဖြစ်စေလိုကြောင်း အစည်းအဝေးတွင် ပြောပါသည်။

အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအကြား ဆွေးနွေး ပြောဆိုမှုကို အားပေးရန် ရည်ရွယ်သည့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းအတွက် အရေးကြီးသော ပထမခြေလှမ်းဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းသည်ကို ထိုင်းဘက်နိုင်ငံအနေနှင့် မြင်တွေ့လိုပြီး မြန်မာသူများသာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အကျိုးရှိစေမည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေး ထိုင်းဘက်က လိုလားကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါသည်။

ဆက်လက်၍ ၎င်းက အာဆီယံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍ သည် အရေးကြီးဆုံးဖြစ်ပြီး ဤကိစ္စနှင့် ပတ်သက်သော လုပ်ဆောင်ချက်များသည် ကမ္ဘာ့အသိုက်အဝန်းတွင် အာဆီယံ၏ ယုံကြည်ကိုးစားမှုအပေါ် သက်ရောက်စေလိမ့်မည်ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်က မြန်မာအနေနှင့် အာဆီယံကို ယုံကြည်ပြီး ငြိမ်းချမ်းရေးရရန် ကူညီမည်ဟု သူ့အနေနှင့် မျှော်လင့်ကြောင်းဆိုပါသည်။

မလေးရှားဝန်ကြီးချုပ် Ismail Sabri ကလည်း အစည်းအဝေးတွင် အာဆီယံ ဥက္ကဌ၏ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံက အပြည့်အဝ ထောက်ခံသည်ဟု ဆွေးနွေးခဲ့ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသည့် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကတိကဝတ်များ စတင်ရန်အပါအဝင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ထိထိရောက်ရောက်လုပ်ဆောင်ရန် နှင့် ပြန်လာသူများ၏ လူ့အခွင့်အရေးကို ကာကွယ်ရန် မြန်မာနိုင်ငံကို တိုက်တွန်းကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri က ပြောကြားခဲ့သည်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကမူ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးထွက်သံယို အကျပ်အတည်းများ လျော့ပါးစေရန် အထူးကိုယ်စားလှယ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရေး မြန်မာစစ်တပ်အာဏာပိုင်များကိုတိုက်တွန်းကြောင်း အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပြောသည်ဟု စင်္ကာပူအခြေစိုက် The Strait Times သတင်းက ဖော်ပြထားပါသည်။

ထို့အပြင် ၎င်းက အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသော ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဧရာဝန်ယူဆွဖ် နှင့် သက်ဆိုင်သူအားလုံးအကြား ကြားဝင်ဖျန်ဖြေခွင့်ရရေး အပါအဝင် ငြိမ်းချမ်းရေးအတွက် အစောပိုင်း သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှု နှေးကွေးနေသည်ကို မှတ်သားရကြောင်း ဝေဖန်ခဲ့သည်။

ထိုသို့နှေးကွေးနေခြင်းသည် မြန်မာပြည်သူများနှင့် စည်းမျည်းကိုအခြေခံသော အဖွဲ့အစည်းအဖြစ် အာဆီယံအပေါ် ယုံကြည်ကိုးစားမှုအပေါ်တွင် သက်ရောက်မှုများရှိနိုင်ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောသည်။

စင်္ကာပူအနေနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို စိုးရိမ်ပြီး မြန်မာနိုင်ငံအပေါ်ငြိမ်းချမ်း၍ အပြုသဘောဆောင်သည့် အာဆီယံ၏ ကြိုးပမ်းမှုများအား အခိုင်အမာထောက်ခံကြောင်း ၎င်းက ဆိုပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က အာဆီယံ၏ ယုံကြည်စိတ်ချရမှုကို စိန်ခေါ်ချက်များရှိသည့် ကာလအတွင်း ခက်ခဲသော်လည်း လိုအပ်သည့် ဆုံးဖြတ်ချက်ချခဲ့ရခြင်းနှင့်ပတ်သက်၍ ထောက်ခံကြောင်း ပြောသည်။

လတ်တလောတွင် အာဆီယံနိုင်ငံများအနေနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းကူညီရေးဗဟိုဌာနမှတစ်ဆင့် ဆက်လက်ပေးအပ်သင့်သည်ဟု ၎င်းက ဆိုပါသည်။

———- 

ဒီကေန႔ (ေအာက္တိုဘာလ ၂၆ ) ရက္တြင္ အြန္လိုင္းမွ တဆင့္ျပဳလုပ္သည့္ အာဆီယံ ေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝး၌ အစည္းအေဝးတက္သည့္ ႏိုင္ငံ့ေခါင္းေဆာင္အခ်ိဳ႕သည္ ျမန္မာ့အေရးႏွင့္ ပတ္သက္ေသာ ၎တို႔၏ သေဘာထားမ်ားကို ထုတ္ေဖာ္ေဆြးေႏြးခဲ့ၾကသည္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက သူ႔အေနႏွင့္ အာဆီယံ အထူးကိုယ္စားလွယ္၏ ျမန္မာႏိုင္ငံ ခရီးစဥ္ မၾကာခင္တြင္ ေပၚေပါက္သည္ကို ျဖစ္ေစလိုေၾကာင္း အစည္းအေဝးတြင္ ေျပာပါသည္။

အထူးကိုယ္စားလွယ္၏ ခရီးစဥ္သည္ ျမန္မာႏိုင္ငံအတြင္းရွိ သက္ဆိုင္ရာ ပါဝင္ပတ္သက္သူမ်ားအၾကား ေဆြးေႏြး ေျပာဆိုမႈကို အားေပးရန္ ရည္႐ြယ္သည့္ ယုံၾကည္မႈ တည္ေဆာက္ေရး လုပ္ငန္းအတြက္ အေရးႀကီးေသာ ပထမေျခလွမ္းျဖစ္ေၾကာင္း ၎က ဆိုပါသည္။

ျမန္မာႏိုင္ငံအတြင္း တည္ၿငိမ္ေအးခ်မ္းသည္ကို ထိုင္းဘက္ႏိုင္ငံအေနႏွင့္ ျမင္ေတြ႕လိုၿပီး ျမန္မာသူမ်ားသာမက ေဒသတြင္းႏိုင္ငံမ်ားအတြက္ပါ အက်ိဳးရွိေစမည့္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ေရး ထိုင္းဘက္က လိုလားေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ေျပာပါသည္။

ဆက္လက္၍ ၎က အာဆီယံ၏ အျပဳသေဘာေဆာင္ေသာ အခန္းက႑ သည္ အေရးႀကီးဆုံးျဖစ္ၿပီး ဤကိစၥႏွင့္ ပတ္သက္ေသာ လုပ္ေဆာင္ခ်က္မ်ားသည္ ကမာၻ႔အသိုက္အဝန္းတြင္ အာဆီယံ၏ ယုံၾကည္ကိုးစားမႈအေပၚ သက္ေရာက္ေစလိမ့္မည္ျဖစ္ေၾကာင္း အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။

ထိုင္းဝန္ႀကီးခ်ဳပ္က ျမန္မာအေနႏွင့္ အာဆီယံကို ယုံၾကည္ၿပီး ၿငိမ္းခ်မ္းေရးရရန္ ကူညီမည္ဟု သူ႔အေနႏွင့္ ေမွ်ာ္လင့္ေၾကာင္းဆိုပါသည္။

မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri ကလည္း အစည္းအေဝးတြင္ အာဆီယံ ဥကၠဌ၏ ျမန္မာႏိုင္ငံ ကိုယ္စားျပဳမႈႏွင့္ ပတ္သက္ေသာ ဆုံးျဖတ္ခ်က္ကို မေလးရွားႏိုင္ငံက အျပည့္အဝ ေထာက္ခံသည္ဟု ေဆြးေႏြးခဲ့ေၾကာင္း ၎၏ တြစ္တာစာမ်က္ႏွာတြင္ ေရးသားထားသည္။

ျမန္မာႏိုင္ငံမွ ေနရပ္စြန္႔ခြာသြားသည့္ ဒုကၡသည္မ်ား ေနရပ္ျပန္ပို႔ေရးကတိကဝတ္မ်ား စတင္ရန္အပါအဝင္ ဒုကၡသည္မ်ား ေနရပ္ျပန္ႏိုင္ေရး ထိထိေရာက္ေရာက္လုပ္ေဆာင္ရန္ ႏွင့္ ျပန္လာသူမ်ား၏ လူ႔အခြင့္အေရးကို ကာကြယ္ရန္ ျမန္မာႏိုင္ငံကို တိုက္တြန္းေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri က ေျပာၾကားခဲ့သည္။

စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းကမူ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ေသြးထြက္သံယို အက်ပ္အတည္းမ်ား ေလ်ာ့ပါးေစရန္ အထူးကိုယ္စားလွယ္ႏွင့္ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္ေရး ျမန္မာစစ္တပ္အာဏာပိုင္မ်ားကိုတိုက္တြန္းေၾကာင္း အာဆီယံ ထိပ္သီးအစည္းအေဝးတြင္ ေျပာသည္ဟု စကၤာပူအေျခစိုက္ The Strait Times သတင္းက ေဖာ္ျပထားပါသည္။

ထို႔အျပင္ ၎က အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူထားေသာ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ဧရာဝန္ယူဆြဖ္ ႏွင့္ သက္ဆိုင္သူအားလုံးအၾကား ၾကားဝင္ဖ်န္ေျဖခြင့္ရေရး အပါအဝင္ ၿငိမ္းခ်မ္းေရးအတြက္ အေစာပိုင္း သေဘာတူညီခ်က္မ်ား အေကာင္အထည္ေဖာ္ရာတြင္ တိုးတက္မႈ ေႏွးေကြးေနသည္ကို မွတ္သားရေၾကာင္း ေဝဖန္ခဲ့သည္။

ထိုသို႔ေႏွးေကြးေနျခင္းသည္ ျမန္မာျပည္သူမ်ားႏွင့္ စည္းမ်ည္းကိုအေျခခံေသာ အဖြဲ႕အစည္းအျဖစ္ အာဆီယံအေပၚ ယုံၾကည္ကိုးစားမႈအေပၚတြင္ သက္ေရာက္မႈမ်ားရွိႏိုင္ေၾကာင္း စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက ေျပာသည္။

စကၤာပူအေနႏွင့္ ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနကို စိုးရိမ္ၿပီး ျမန္မာႏိုင္ငံအေပၚၿငိမ္းခ်မ္း၍ အျပဳသေဘာေဆာင္သည့္ အာဆီယံ၏ ႀကိဳးပမ္းမႈမ်ားအား အခိုင္အမာေထာက္ခံေၾကာင္း ၎က ဆိုပါသည္။

ဆက္လက္၍ ဝန္ႀကီးခ်ဳပ္က အာဆီယံ၏ ယုံၾကည္စိတ္ခ်ရမႈကို စိန္ေခၚခ်က္မ်ားရွိသည့္ ကာလအတြင္း ခက္ခဲေသာ္လည္း လိုအပ္သည့္ ဆုံးျဖတ္ခ်က္ခ်ခဲ့ရျခင္းႏွင့္ပတ္သက္၍ ေထာက္ခံေၾကာင္း ေျပာသည္။

လတ္တေလာတြင္ အာဆီယံႏိုင္ငံမ်ားအေနႏွင့္ ျမန္မာႏိုင္ငံအတြက္ လိုအပ္ေသာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားအား ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဆိုင္ရာ အာဆီယံ လူသားခ်င္းစာနာေထာက္ထားမႈ ပူးေပါင္းကူညီေရးဗဟိုဌာနမွတစ္ဆင့္ ဆက္လက္ေပးအပ္သင့္သည္ဟု ၎က ဆိုပါသည္။

Be the first to comment on "အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအကြောင်း ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ တို့၏ပြောကြားချက်များ"

Leave a comment

Your email address will not be published.


*