မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ခွင့်မရခြင်း၏ နောက်ဆက်တွဲ အာဆီယံအစည်းအဝေးသို့ ကိုယ်စားလှယ် မလွှတ်ခြင်းက အာဆီယံကို မကျေနပ်၍ သပိတ်မှောက်ခြင်း မဟုတ်၊ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု စစ်ကောင်စီ ထုတ်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၂၆
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံအစည်းအဝေး တက်ခွင့်မရခြင်းနှင့် အာဆီယံအစည်း အဝေးသို့ ဖိတ်ကြားထားသော အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ကိုယ်စားလှယ်အဖြစ် မစေလွှတ်ခြင်းမှာ အာဆီယံကို မကျေနပ်၍ သပိတ်မှောက်ခြင်းမဟုတ်ဟု စစ်ကောင်စီက ထုတ်ပြန်ပြန်သည်။
စစ်ကောင်စီသည် အာဆီယံ အစည်းအဝေး မကျင်းပမီနှင့် စတင်ကျင်းပသည့် အချိန်များတွင် တောက်လျှောက်ဆိုသလို ကြေညာချက်များစွာ ထုတ်ပြန်လျက်ရှိနေရာမှ ယနေ့တွင်လည်း ကြေညာချက် ထပ်မံ ထုတ်ပြန်ခြင်းဖြစ်သည်။
အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြာခဲ့ကြောင်း၊ ယင်းဖိတ်ကြားချက်သည် အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင်
အကန့်အသတ်ထားခြင်း တို့သည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲ နေပြီး၊ အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူ ရည်တူရှိမှု၊
နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ်-၅ တွင်ပါရှိသည့် “အဖွဲ့ဝင် နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့်တာဝန်များရှိရမည်” ဆိုသည့် ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ကောင်စီက ဆိုသည်။
အာဆီယံသည် မြန်မာနိုင်ငံ၏ သဘောထားကို လျစ်လျူရှုလျက် အာဆီယံထိပ်သီး အစည်း အဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးချမ်းအေး တက်ရောက်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက
အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖိတ်ကြားကြောင်း၊ မင်းအောင်လှိုင် သို့မဟုတ် မင်းအောင်လှိုင်ကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက်နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသော
သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်လိုသည့် သဘောထားကို ပြသခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အာဆီယံက တရားဝင် ထုတ်ပြန်ထားသော အစည်းအဝေး ပိုစတာဒီဇိုင်း။
————-
မင္းေအာင္လႈိင္ အာဆီယံ အစည္းအေဝး တက္ခြင့္မရျခင္း၏ ေနာက္ဆက္တြဲ အာဆီယံအစည္းအေဝးသို႔ ကိုယ္စားလွယ္ မလႊတ္ျခင္းက အာဆီယံကို မေက်နပ္၍ သပိတ္ေမွာက္ျခင္း မဟုတ္၊ အာဆီယံႏွင့္ပူးေပါင္းေဆာင္႐ြက္မည္ဟု စစ္ေကာင္စီ ထုတ္ျပန္
ရန္ကုန္၊ ေအာက္တိုဘာ ၂၆
အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ အာဆီယံအစည္းအေဝး တက္ခြင့္မရျခင္းႏွင့္ အာဆီယံအစည္း အေဝးသို႔ ဖိတ္ၾကားထားေသာ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအးကို ကိုယ္စားလွယ္အျဖစ္ မေစလႊတ္ျခင္းမွာ အာဆီယံကို မေက်နပ္၍ သပိတ္ေမွာက္ျခင္းမဟုတ္ဟု စစ္ေကာင္စီက ထုတ္ျပန္ျပန္သည္။
စစ္ေကာင္စီသည္ အာဆီယံ အစည္းအေဝး မက်င္းပမီႏွင့္ စတင္က်င္းပသည့္ အခ်ိန္မ်ားတြင္ ေတာက္ေလွ်ာက္ဆိုသလို ေၾကညာခ်က္မ်ားစြာ ထုတ္ျပန္လ်က္ရွိေနရာမွ ယေန႔တြင္လည္း ေၾကညာခ်က္ ထပ္မံ ထုတ္ျပန္ျခင္းျဖစ္သည္။
အာဆီယံထိပ္သီးအစည္းအေဝးတက္ရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအးကို ဖိတ္ၾကာခဲ့ေၾကာင္း၊ ယင္းဖိတ္ၾကားခ်က္သည္ အဆင့္ကိုႏွိမ့္၍ ဖိတ္ၾကားျခင္းႏွင့္ မိန႔္ခြန္းေျပာျခင္းႏွင့္ ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ရာတြင္
အကန႔္အသတ္ထားျခင္း တို႔သည္ အာဆီယံ ပဋိညာဥ္စာတမ္းပါ မူ၊ လုပ္ထုံးလုပ္နည္းႏွင့္ အာဆီယံ၏ ထုံးတမ္းအစဥ္အလာတို႔ႏွင့္ ကြဲလြဲ ေနၿပီး၊ အထူးသျဖင့္ အာဆီယံပဋိညာဥ္စာတမ္း အပိုဒ္-၂ ပါ “အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံအားလုံး၏ လြတ္လပ္မႈ၊ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈ၊ တန္းတူ ရည္တူရွိမႈ၊
နယ္ေျမ တည္တံ့ခိုင္ၿမဲမႈႏွင့္ အမ်ိဳးသားေရးလကၡဏာမ်ားကို ေလးစားလိုက္နာရန္” ႏွင့္ အပိုဒ္-၅ တြင္ပါရွိသည့္ “အဖြဲ႕ဝင္ ႏိုင္ငံမ်ားသည္ တူညီသည့္အခြင့္အေရးႏွင့္တာဝန္မ်ားရွိရမည္” ဆိုသည့္ ျပဌာန္းခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိေၾကာင္း စစ္ေကာင္စီက ဆိုသည္။
အာဆီယံသည္ ျမန္မာႏိုင္ငံ၏ သေဘာထားကို လ်စ္လ်ဴရႈလ်က္ အာဆီယံထိပ္သီး အစည္း အေဝးမ်ားသို႔ ျမန္မာႏိုင္ငံမွ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္၊ ဦးခ်မ္းေအး တက္ေရာက္ရန္ အာဆီယံအလွည့္က်ဥကၠ႒ ဘ႐ူႏိုင္းႏိုင္ငံက
ေအာက္တိုဘာလ ၂၅ ရက္ေန႔တြင္ ဖိတ္ၾကားေၾကာင္း၊ မင္းေအာင္လႈိင္ သို႔မဟုတ္ မင္းေအာင္လႈိင္ကို ကိုယ္စားျပဳမည့္ ျပည္ေထာင္စုဝန္ႀကီးအဆင့္ပုဂၢိဳလ္က ပါဝင္တက္ေရာက္ႏိုင္ေရးကိုသာ လက္ခံမည္ျဖစ္ေၾကာင္း အေၾကာင္းျပန္ၾကားခဲ့ေၾကာင္း စစ္ေကာင္စီက ေျပာဆိုထားသည္။
ျမန္မာႏိုင္ငံမွ အာဆီယံထိပ္သီးအစည္းအေဝးမ်ားသို႔ ႏိုင္ငံ့အႀကီးအကဲအဆင့္ သို႔မဟုတ္ ၎၏ကိုယ္စား ျပည္ေထာင္စုဝန္ႀကီးအဆင့္ တက္ေရာက္ခြင့္ မရရွိေသာေၾကာင့္ မတက္ေရာက္ ႏိုင္ခဲ့ျခင္းမွာ အာဆီယံအား မေက်နပ္မႈကို ျပသလိုေသာ
သေဘာဆႏၵျဖင့္ ျပဳလုပ္ခဲ့ျခင္း မဟုတ္သည့္အျပင္၊ အာဆီယံကို သပိတ္ေမွာက္ေနျခင္းလည္း မဟုတ္ေၾကာင္း၊ အာဆီယံ ပဋိညာဥ္စာတမ္းပါ မူမ်ား၊ အစဥ္အလာမ်ားႏွင့္အညီ အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံ၏ ရရွိသင့္သည့္ အခြင့္အေရးကိုေတာင္းဆိုျခင္းသာျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ညႇိႏႈိင္းေဆာင္႐ြက္လိုသည့္ သေဘာထားကို ျပသျခင္းျဖစ္သည္ဟု စစ္ေကာင္စီက ထုတ္ျပန္ထားသည္။
ဓာတ္ပုံ- အာဆီယံက တရားဝင္ ထုတ္ျပန္ထားေသာ အစည္းအေဝး ပိုစတာဒီဇိုင္း။
Be the first to comment on "မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ခွင့်မရခြင်း၏ နောက်ဆက်တွဲ"