အာဆီယံ သတင်းစာရှင်းလင်းပွဲတွင် NUG ကိုယ်စားလှယ်တစ်ဦး တက်ရောက်မည်

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့( APHR) ၏ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီ (ဘန်ကောက်အချိန်)

မြန်မာအချိန် ၁၀နာရီ မိနစ် ၃၀ တွင် ကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လတ်တလော ခန့်အပ်လိုက်သည့် အာဆီယံသံတမန် ဦးဘိုလှတင့် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

APHR ၏ သတင်းစာရှင်းလင်းပွဲတွင် NUG ၏ အာဆီယံသံတမန် ဦးဘိုလှတင့်၊ APHR ဥက္ကဌ မလေးရှား ပါလီ မန်အမတ် ချားစ် ဆန်တီရေဂို၊ Advisory Board of Progressive Voice အဖွဲ့၏ ဥက္ကဌ ဒေါ်ခင်ဥမ္မာတို့က ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

ထိုသတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများအပေါ် ကိုင်တွယ်ဖြေရှင်းသင့်သည့် အခြေအနေများ နှင့် အာဆီယ နှင့် မြန်မာအတွက် ရှေ့ဆက်ရန်ခြေလှန်းများကို ဆွေးနွေးကာ အာဆီယံခေါင်းဆောင်များအား အကြံပြုသွားမည်ဖြစ်သည်။

(၃၈)ကြိမ်မြောက် နှင့် (၃၉)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးများကို ယနေ့ အောက်တိုဘာ ၂၆ရက် မှ ၂၈ရက်ထိ ကျင်းပနေပြီဖြစ်ပြီး မြန်မာကိုယ်စားလှယ်မပါဝင်ဘဲ ကျင်းပနေခြင်းဖြစ်သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) က အာဆီယံကို အကြံပြုတိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် စစ်အုပ်စုက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း လက်နက်အပြည့်အစုံဖြင့် စစ်အင်အားတိုးချဲ့ခြင်းများပြုလုပ်နေပြီး ထိုလုပ်ရပ်အပေါ် ကုလသမဂ္ဂကလည်း သတိပေးထားသည်။

NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း “ဒီရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ခိုင်မာပြီး မလျှော့သောထုံးနှလုံးမူတဲ့ နိုင်ငံတကာရဲ့တုန့်ပြန်မှုတွေအမြန်ဆုံးလိုအပ်နေပါတယ်။

ဘာလို့လဲဆိုတော့ အထွေထွေညီလာခံက မြန်မာနိုင်ငံအတွက်ဘာလုပ်ရမလဲလို့ စဉ်းစားဆွေးနွေးနေတဲ့အချိန်မှာ မြန်မာနိုင်ငံတွင်းက ရွာတွေကို မီးရှို့ဖျက်ဆီးခံနေရလို့ပါပဲ” ဟု စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် မှတ်ချက်ပြုထားသည်။

APHR ၏ အစည်းအဝေးသည် ယခု သီတင်းပတ်အတွင်း ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် အကြိုအစည်းအဝေးဖြစ်ပြီး ထိုအစည်းအဝေးတွင် အပြုသဘောဆောင်သည့် အခြေအနေများ တည်ဆောက်ရေးနှင့် ဒေသတွင်း အကြပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။

————

လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံ ပါလီမန္ အမတ္မ်ားအဖြဲ႕( APHR) ၏ အြန္လိုင္း သတင္းစာရွင္းလင္းပြဲတစ္ခုကို ေအာက္တိုဘာ ၂၇ ရက္ နံနက္ ၁၀ နာရီ (ဘန္ေကာက္အခ်ိန္)

ျမန္မာအခ်ိန္ ၁၀နာရီ မိနစ္ ၃၀ တြင္ က်င္းပမည္ျဖစ္ၿပီး ထိုအစည္းအေဝးတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က လတ္တေလာ ခန႔္အပ္လိုက္သည့္ အာဆီယံသံတမန္ ဦးဘိုလွတင့္ ပါဝင္ေဆြးေႏြးမည္ျဖစ္သည္။

APHR ၏ သတင္းစာရွင္းလင္းပြဲတြင္ NUG ၏ အာဆီယံသံတမန္ ဦးဘိုလွတင့္၊ APHR ဥကၠဌ မေလးရွား ပါလီ မန္အမတ္ ခ်ားစ္ ဆန္တီေရဂို၊ Advisory Board of Progressive Voice အဖြဲ႕၏ ဥကၠဌ ေဒၚခင္ဥမၼာတို႔က ဦးေဆာင္ေဆြးေႏြးမည္ျဖစ္သည္။

ထိုသတင္းစာရွင္းလင္းပြဲ၌ ျမန္မာႏိုင္ငံ၌ ျဖစ္ေပၚေနသည့္ လူ႔အခြင့္အေရးအေျခအေနမ်ားအေပၚ ကိုင္တြယ္ေျဖရွင္းသင့္သည့္ အေျခအေနမ်ား ႏွင့္ အာဆီယ ႏွင့္ ျမန္မာအတြက္ ေရွ႕ဆက္ရန္ေျခလွန္းမ်ားကို ေဆြးေႏြးကာ အာဆီယံေခါင္းေဆာင္မ်ားအား အႀကံျပဳသြားမည္ျဖစ္သည္။

(၃၈)ႀကိမ္ေျမာက္ ႏွင့္ (၃၉)ႀကိမ္ေျမာက္ အာဆီယံေခါင္းေဆာင္မ်ားထိပ္သီးအစည္းအေဝးမ်ားကို ယေန႔ ေအာက္တိုဘာ ၂၆ရက္ မွ ၂၈ရက္ထိ က်င္းပေနၿပီျဖစ္ၿပီး ျမန္မာကိုယ္စားလွယ္မပါဝင္ဘဲ က်င္းပေနျခင္းျဖစ္သည္။

အာဆီယံ ထိပ္သီးအစည္းအေဝးမ်ားတြင္ ျမန္မာအာဏာသိမ္း စစ္ေခါင္းေဆာင္ကို တက္ေရာက္ခြင့္မေပးရန္ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံ ပါလီမန္ အမတ္မ်ားအဖြဲ႕ (APHR) က အာဆီယံကို အႀကံျပဳတိုက္တြန္းခဲ့ျခင္းလည္းျဖစ္သည္။

လက္ရွိအခ်ိန္တြင္ စစ္အုပ္စုက ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းအတြင္း လက္နက္အျပည့္အစုံျဖင့္ စစ္အင္အားတိုးခ်ဲ႕ျခင္းမ်ားျပဳလုပ္ေနၿပီး ထိုလုပ္ရပ္အေပၚ ကုလသမဂၢကလည္း သတိေပးထားသည္။

NUG ၏ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကလည္း “ဒီရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကာကြယ္ႏိုင္ဖို႔အတြက္ ခိုင္မာၿပီး မေလွ်ာ့ေသာထုံးႏွလုံးမူတဲ့ ႏိုင္ငံတကာရဲ႕တုန႔္ျပန္မႈေတြအျမန္ဆုံးလိုအပ္ေနပါတယ္။

ဘာလို႔လဲဆိုေတာ့ အေထြေထြညီလာခံက ျမန္မာႏိုင္ငံအတြက္ဘာလုပ္ရမလဲလို႔ စဥ္းစားေဆြးေႏြးေနတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံတြင္းက ႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးခံေနရလို႔ပါပဲ” ဟု စစ္ေကာင္စီ၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား အေပၚ မွတ္ခ်က္ျပဳထားသည္။

APHR ၏ အစည္းအေဝးသည္ ယခု သီတင္းပတ္အတြင္း က်င္းပေနသည့္ အာဆီယံထိပ္သီးအစည္းအေဝးအတြက္ အႀကိဳအစည္းအေဝးျဖစ္ၿပီး ထိုအစည္းအေဝးတြင္ အျပဳသေဘာေဆာင္သည့္ အေျခအေနမ်ား တည္ေဆာက္ေရးႏွင့္ ေဒသတြင္း အၾကပ္အတည္းမ်ားကို ေျဖရွင္းႏိုင္ေရးအတြက္ ေဆြးေႏြးၾကမည္ျဖစ္သည္။

Be the first to comment on "အာဆီယံ သတင်းစာရှင်းလင်းပွဲတွင် NUG ကိုယ်စားလှယ်တစ်ဦး တက်ရောက်မည်"

Leave a comment

Your email address will not be published.


*