အဆီယံကို ကျောခိုင်းတော့မယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက CNN ကို တနင်္လာနေ့က အသိပေးလိုက်ပါတယ် ။ အောက်တိုဘာ ၁၅ ရက်နေ့က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ကြေငြာချက်မှာ အာဏာသိမ်းခေါင်းဆောင်ကို ညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ် ။
သို့ပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ရှိနေဆဲမို့ နိုင်ငံရေးနဲ့ မပတ်သက်သူတစ်ဦးကို တက်ရောက်ခွင့် ပြုခဲ့ပါတယ် ။ အာဆီယံဝန်ကြီးတစ်ဦးက ” စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်တစ်ဦးဖြစ်တဲ့ ( ချမ်းအေး ) ကို အာဆီယံညီလာခံတက်ဖို့ နာမည်စာရင်း တင်သွင်းခဲ့တယ် ” လို့ ပြောပါတယ် ။
တနင်္ဂနွေနေ့ကတော့ အာဆီယံကို အာဏာသိမ်းခေါင်းဆောင် တက်ခွင့်ရနိုင်ဖို့ မျှော်လင့်ချက်အနေနဲ့ ဧပြီလက သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို အာဆီယံနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ်လို့ ဘရူနိုင်းကိုယ်စားလှယ် ယူစွတ်ရဲ့ရုံးကို အကြောင်းကြားခဲ့ပါတယ် ။ ယူစွတ်ကတော့ ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး ။
တနင်္လာနေ့ မနက်စောစောပိုင်းမှာ မလေးရှားရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” ရာဇဝတ်မှု့တွေ ကျူးလွန်နေဆဲ မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံညီလာခံတက်ဖို့ လုံးဝ တားမြစ်လိုက်ပါတယ် ” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ် ။
နေ့လည်ပိုင်းမှာတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ပြန်ကြားရေးတာဝန်ရှိသူက သတင်းထုတ်ပြန်ပါတယ် ။ ဒီသတင်းမှာ” နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်ကို တက်ရောင်းခိုင်းမလားဆိုတာ ၊ မသေချာပါဘူး ။
တက်ရောက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပုံရိပ်ကို ထိခိုက်စေပါတယ် ။ ဒါဟာ အာဆီယံရဲ့ အခြေခံမူကို ချိူးဖောက်တာပါ ။ ဒီတော့ အာဆီယံညီလာခံကို ကျောခိုင်းရပါလိမ့်မယ် ” လို့ သတင်းထုတ်ပြန်ပါတယ် ။
နိုင်ငံတကာသတင်းတွေမှာတော့ ” အာဆီယံညီလာခံ တက်ခွင့်မရလို့ အာဆီယံကို ကျောခိုင်းမယ်ဆိုပြီး မြန်မာစစ်ကောင်စီက ခြိမ်းခြောက်နေတယ် ” လို့ ရေးသားဖော်ပြနေပါတယ် ။
မြန်မာစစ်ကောင်စီအပေါ်မှာ သံတမန်နည်းလမ်းနဲ့ တဖြေးဖြေး ပိတ်ဆို့လာတဲ့ ကုလသမဂ္ဂဟာ မြန်မာ့အရေးအတွက် စင်္ကာပူကို သံတမန်အဖြစ်နဲ့ ခန့်အပ်လိုက်ပါတယ် ။ အထူးသံတမန်ကတော့ Noeleen Heyzer ဆိုသူပါ ။ ဒီသံတမန်အသစ်ကို ကုလအတွင်းရေးမှုးချုပ် အန်တိုနီရိုဂူတာရတ် ကိုယ်တိုင် ခန့်အပ်လိုက်တာပါ ။
ဒီသီတင်းပတ်မှာ တာဝန်ပြီးဆုံးတော့မယ့် ကုလအထူးကိုယ်စားလှယ် ဘာဂနာက မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပေမယ့် မှု့ပုံမပေါ်ပါဘူး ။ ရာဇဝတ်မှု့တွေကို ဆက်လက်ကျူးလွန်နေသလို ၊ ကြီးမားတဲ့ လူသတ်ပွဲကြီးတွေ ဆင်နွဲဖို့ ပြင်ဆင်နေပါပြီ လို့ တာဝန်ပြီးဆုံးချိန်မှာ အသိပေးခဲ့ပါတယ် ။
စစ်ကောင်စီတက်ရောက်ခွင့်မရှိတဲ့ အာဆီယံညီလာခံကို အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန် တက်ရောက်မှာပါ ။ တရုပ်အရေး ၊ ကိုဗစ်အရေးနဲ့ မြန်မာ့ပြဿနာကို အဓိကဆွေးနွေးဖို့ တက်ရောက်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Kagan က ပြောခဲ့ပါတယ် ။ ”
” အာဆီယံညီလာခံကနေ မြန်မာစစ်ကောင်စီကို ဖယ်ထုတ်ထားပါတယ် ။ ဒါဟာ အာဆီယံနိုင်ငံတွေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ဖို့ အခွင့်အရေးဖြစ်တဲ့အတွက် မစ္စတာဘိုင်ဒန်က တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ ” လို့ အိမ်ဖြူတော်အရာရှိက နိုင်ငံတကာသတင်းဌာနတွေကို သတင်းပေးခဲ့ပါတယ် ။သုံးသပ်ရရင် …….၊
အာဆီယံညီလာခံကို တရုတ်နဲ့ ရုရှားကိုယ်စားလှယ်တွေလည်း တက်ရောက်မှာဖြစ်ပေမယ့် ၊ အာဏာသိမ်းခေါင်းဆောင်ကို ပါဝါသုံးပြီး မဖြစ်မနေ တက်ရောက်ခိုင်းတာမျိူး မလုပ်တဲ့အတွက် တရုတ်နဲ့ရုရှားရဲ့ စစ်ကောင်စီအပေါ် ကာကွယ်ပေးနိုင်ရေးက အလွန် အားပျော့သွားပြီလို့ သုံးသပ်ချင်ပါတယ် ။
အာဆီယံအသိအမှတ်ပြုမှု့နဲ့ထင်တိုင်းကျဲလာတဲ့ စစ်ကောင်စီဟာ ၊ အစည်းအဝေးကနေ ဖယ်ထုတ်ခံရတဲ့အထိ ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရပါတယ် ။ အောက်ခြေလက်နက်ကိုင်တွေရဲ့ အားကိုးယုံကြည်မှု့ကလည်း သိသိသာသာ စိတ်ဓာတ်ကျစရာတွေပါ ။
ဒီအချိန်မှာ အာဆီယံအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဧပြီလက သဘောတူခဲ့တဲ့ အချက် ၅ ချက် လိုက်လျောပြီး မျှော်လင့်ပြန်ပါတယ် ။ သို့ပေမယ့် အာဆီယံကတော့ မလာပါနဲ့လို့ တနင်္လာနေ့မနက်ပိုင်းက ထပ်မံအသိပေးလိုက်တာပါ ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ချမ်းအေးကိုလည်း မလွှတ်နိုင်ဘူး ” အာဆီယံညီလာခံကို ကျောခိုင်းမယ် ” လို့ တနင်္လာနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီဘက်က ထပ်မံကြေငြာခဲ့ပြန်ပါတယ် ။
ဘိုင်ဒန်ပါနေတဲ့ အာဆီယံညီလာခံဟာ မြန်မာပြည်သူတွေအတွက် ဘယ်လိုအောင်မြင်မှု့တွေ ယူဆောင်လာပေးမလဲဆိုတာတော့ ………….။
ဘကြီးအောင် LA /25 October, 2021
Be the first to comment on "အာဆီယံ ညီလာခံကို ကျောခိုင်းလိုက်တဲ့ စစ်ကောင်စီနှင့် ဘိုင်ဒန်တက်မယ့် အာဆီယံညီလာခံ"